မြန်မာစစ်အာဏာရှင်ဟာ လူထုကို အင်အားသုံးပြီး ဖိနှိပ်ရုံသာမက နည်းပညာစောင်ကြည့်မှုနဲ့ ထိန်းချုပ်မှုတွေကို ပိုမိုလုပ်ဆောင် လာနေပါတယ်။ SIM ကဒ်ကို အသုံးပြုပြီးစောင်ကြည့်တာ၊ CCTVတွေမှာ မျက်နှာကိုမှတ်မိတဲ့စနစ်တွေကို အသုံးပြုတာ ၊ အင်တာနက်ပိတ်ဆို့တာ အစရှိတဲ့ နည်းပညာတွေအသုံးပြုပြီး ပြည်သူတွေကို အသံတိတ်အောင်လုပ်နေပါတယ်။ အဲဒီလို ပြုလုပ်နေတဲ့ ကြားကပဲ တက်ကြွလှုပ်ရှားသူတွေနဲ့ပြည်သူတွေဟာ နည်းလမ်းပေါင်းစုံ ရှာဖွေပြီး တွန်းလှန်နေကြဆဲပါ။
ဒီတစ်ပတ်ဆောင်းပါးမှာတော့ စစ်ကော်မရှင်က ဘယ်လိုနည်းပညာတွေကိုအသုံးပြုပြီး ပြည်သူတွေကို ဖိနှိပ်နေသလဲ၊ အဲဒီအခြေအနေတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။