
Sign up to save your podcasts
Or


Season 1
အိပ်ပျော်ရဲ့လား မိတ်ဆွေ၊ စိတ်ပျော်ရဲ့လား မိတ်ဆွေ။ ကျွန်တော်တို့ ဉာဏ်သူပုန် မိတ်ဆွေတွေလည်း တွေးရင်း ရုန်းကန်ရင်း ဒီခေတ်ပျက်ကြီးကို လှော်ခတ်လျှက်ရှိပါတယ်။ မောင်ရင်နဲ့သိန်းဖေက ဒီအပိုင်းမှာ ဆရာကြီး ရွှေဥဒေါင်း စကားဖြစ်တဲ့ ဆူးလေးတွေ စိတ်မှာ တစ်ချောင်းပြီး တစ်ချောင်း စိုက်ခဲ့တဲ့အကြောင်းကို ချဲ့ကား ဉာဏ်သူပုန်ထကြတာလေး နားဆင်ကြပါဦး။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Season 1
ဒီနှစ်ကတော့ ၂၀၂၄ ဖြစ်နေပါပြီ။ ၂၀၂၁ ရဲ့ အကျည်းတန် နေ့ရက်တွေထဲက ချစ်စရာလူထုလှုပ်ရှားမှုတွေ မှိုလိုပေါက်ခဲ့ပါတယ်။ Gen Z ဆိုတဲ့မျိုးဆက်ဟာ နှစ် ၇၀ Standard Army ဆိုတဲ့ ဖက်ဆစ် စစ်တပ်ကြီးကို တော်လှန်သရော်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်က လူရမ်းကားတွေကို "မင်းတို့ ကောင်တွေ လက်နက်ချ မဟုတ်ရင် မူစကူးဒူးတွေ ဖြစ်ကုန်မယ်" လို့ အော်ခဲ့ကြတဲ့ သရော်တတ်သော တိုင်းပြည်အတွက် ဘဝပေးနေကြတဲ့ လူငယ်တွေအကြောင်း နားဆင်ကြည့်ကြရအောင်။
Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုထဲသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Season 1
ပါဝါရိန်းဂျားတောင် လူဆိုးကိုနိုင်ဖို့ ပေါင်းစပ် စက်ရုပ်လုပ်ပြီး ချကြရပါတယ် ဆိုတော့ အစုအဖွဲ့စိတ်က ဘယ်လောက်အရေးကြီးလဲ မိတ်ဆွေစဥ်းစားပေါ့။ ဒီအပိုင်းကတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပနေချိန်ကာလမှာ မောင်ရင်တစ်ယောက် ကမ္ဘာကြည့်ကြည့်ဖို့ ခေါင်းပြူကြည့်ရင်း မြန်မာနိုင်ငံကြီးမှာ အစုအဖွဲ့လိုက် ခေတ်အဆက်ဆက် ရန်ဖြစ်နေကြတာတွေ၊ စုစည်းညီညွတ်ဖို့ မဖြစ်နိုင်အောင် စစ်တပ်က သင်းခွဲသတ်ထားတာတွေ၊ မတူယဥ်တွဲနေထိုင်နိုင်ဖို့ နည်းအမျိုးမျိူးနဲ့ ပိတ်ပင်ပြီး လူမျိုးရေးဂျင်းထည့်ခံရတာတွေကို ဉာဏ်သူပုန်ထကြည့်လိုက်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Season 1
ဒီအပိုင်းကတော့ ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ ခေတ်စားတဲ့ မြန်မာပြည်မှာ လူငယ်တွေအတွက် ဝါသနာနဲ့ အလုပ်အကိုင် ထပ်တူကျဖို့၊ ရူပဗေဒ ပညာရှင်တစ်ယောက်၊ သင်္ချာပညာရှင်တစ်ယောက်၊ ဂီတပါရဂူတစ်ယောက်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာ မိတ်ဆွေတို့နဲ့အတူ ဉာဏ်သူပုန်ထကြည့်ချင်ပါတယ်။ နားဆင်ကြပါဦးဗျာ။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
ဒီအပိုင်းမှာတော့ မောက်ခမ်းဝါဆိုတဲ့ လူငယ်ရုပ်ရှင်ရူး တစ်ယောက် မြန်မာပြည်ရဲ့ အကယ်ဒမီပေးပွဲထဲ ရောက်သွားတဲ့အခါ ဘယ်လို စိတ်ပျက်ဖွယ်ရာ မြင်ကွင်းတွေ ၊ အကျင့်စရိုက်တွေကို ကြုံတွေ့ခံစားရခဲ့လဲဆိုတာ လူငယ်ပီသ တဲ့ မိတ်ဆွေတိုင်း ကိုယ်ချင်းစာမိပါလိမ့်မယ်။ အများကြီးမညွှန်းချင်တော့ပါဘူး နားသာ ဆင်ကြပါတော့။
လျှပ်စစ်မီး၊ အင်တာနက်၊ တီဗီ၊ အကယ်ဒမီ နဲ့ စစ်တပ်ဆောင်ပုဒ်များဟာ မောင်ရင်နဲ့မောက်ခမ်းဝါတို့ ငယ်ဘဝမှာ ရုပ်ရှင်တစ်ကားကြည်ံ့ရဖို့အတွက် အရေးပါတဲ့ ကိစ္စရပ်တွေဖြစ်ခဲ့ပါတယ်။ ငယ်ဘဝမှာ မိဘများက အခွေငှားဆိုင်ဖွင့်ခဲ့တာမို့ မှတ်မိနေတဲ့ ပုံရိပ်တွေကို ပြန်ပြောပြမဲ့ မောက်ခမ်းဝါက အခုအချိန်မှာ နိုင်ငံတကာက အသိအမှတ်ပြု ဓာတ်ပုံသမားတစ်ယောက်၊ ရုပ်ရှင်ဖန်တီးသူတစ်ယောက်အဖြစ် ကြိုးစားရပ်တည်နေသူဖြစ်သလို နွေဦးတော်လှန်ရေးရဲ့ ရှေ့တန်းမှာ တာဝန်အကြီးအသေးအစုံ ပုခုံးထမ်းဆောင်ရွက်နေသူမို့ နားသောတဆင်သူများ နှစ်ခြိုက်မိမှာ မလွဲမသွေပါပဲ။ မောင်ရင်ရဲ့ ဉာဏ်သူပုန်ထမှုတွေကိုတော့ ရှေ့ အပိုင်းတွေမှာလဲ မိတ်ဆွေတို့ နားထောင်ဖူးပြီးသားမို့ အထူးတလည် မညွှန်းတော့ပါဘူး။ နားသောတဆင်ကြည့်ကြပါဦး။ Spotify, Apple Podcasts နဲ့ BPN ရဲ့ YouTube channel တွေမှာ Podcast အစအဆုံးကို နားသောတဆင်နိုင်ပါပြီ။ နားထောင်ပြီး သဘောကျတယ်ဆိုရင် BPN ရဲ့ Facebook နဲ့ YouTube channel တွေကို Like, Subscribe & Share လုပ်ပေးခြင်းအားဖြင့် support နိုင်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Season 1
ဒီနေ့ကတော့ သိန်းဖေ သူပုန်ထမယ့် အလှည့်ဖြစ်ပါတယ်။
သိန်းဖေတို့လို ဝူခုန်းကားကို သူများအိမ်လှေကားခွင်မှာ တိုးဝှေ့ကြည့်ခဲ့ရတဲ့ မျိုးဆက်တွေဟာ အခုဆို ၂၉-၃၀ အရွယ်တွေ ဖြစ်လောက်ရောပေါ့။ ငါကြီးလာရင် တီဗီအပိုင်နဲ့ အဝကြည့်မယ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်ဆိုတာကြီးက မီးဖြတ်ချလိုက်တယ်။ လူတစ်ယောက် ဖုန်းတစ်လုံးကိုင်နိုင်ချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ပစ်လိုက်တယ်။
လူငယ်တွေ တကယ် နှုတ်ဆိတ်သွားပြီလား? ရှေးရိုးစွဲနေကျ အမေတွေ၊ အဖွားတွေ၊ နဂါးတွေ၊ ကနားတွေ၊ ဘုရားတွေက နေရာယူလာကြပြီ မိတ်ဆွေ။ အစုအဖွဲ့လိုက် လူညွန့်တုံးသွားအောင် ဆယ်လီဘရစ်တီနဲ့ စစ်ဗိုလ်ချုပ် ကတိပြုခဲ့ကြတယ်။ အနာဂတ်ကို မြင်နေရဲ့သားနဲ့ ဆီဝင်တန်းစီနေရလို့ အရာရာ နောက်ကျကျန်ခဲ့ရတဲ့ မြန်မာနိုင်ငံလူငယ်များ ခင်ဗျာ..သိန်းဖေနှင့်အတူ ဉာဏ်သူပုန်ထရင်း အိမ်မက်များဆီ ဆက်လျှောက်လှမ်းနိုင်ကြပါစေ...။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Season 1
ဉာဏ်သူပုန်မိတ်ဆွေတို့ရေ..ခင်ဗျားတို့ ကျုပ်တို့ စာတတ်၊ ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းမှာဘာတွေသင်ခဲ့ကြရလဲ? မောင်ရင်ပြောတဲ့ ငယ်ဘဝပညာရပ်ဝန်းအကြောင်း နားသောတဆင်ကြည့်ကြရအောင်ဗျို့!
Spotify, Apple Podcasts နဲ့ BPN ရဲ့ YouTube Channel တွေမှာ Podcast အစအဆုံးကို နားသောတ ဆင်နိုင်ပါပြီ။ နားထောင်ပြီး သဘောကျတယ်ဆိုရင် BPN ရဲ့ Facebook နဲ့ YouTube Channel တွေကို Like, Subscribe & Share လုပ်ပေးခြင်းအားဖြင့် Support နိုင်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Season 1
ဒီပေါ့ဒ်ကတ်စ်လေးကို ရင်ဘက်တူတဲ့ မိတ်ဆွေတွေစုစည်းပြီး ကိုယ့်လူတို့ အချင်းချင်းကြားထဲမှာ ဆွေးနွေးစရာလေးတွေ ဆွေးနွေးကြဖို့ တိုင်ပင်ရင်း လုပ်ဖြစ်တာပါ။ လက်ရှိအသက်အထိ ဖြတ်သန်းလာကြတဲ့အခါမှာ မောင်ရင်တို့ မျိုးဆက် အဆက်ဆက် ကြုံခဲ့ရတဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဖိနှိပ်ခံရမှုတွေကို သူငယ်ချင်းအချင်းချင်း နှီးနှောဖလှယ်ပြီး အမြင်တွေ တိုက်ကြည့်ကြဖို့ ရည်ရွယ်ချက်ထားပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
From the publisher's feed

30 Listeners

123 Listeners

17 Listeners

143 Listeners

37 Listeners

32 Listeners

6 Listeners

59 Listeners

5 Listeners

0 Listeners

0 Listeners