Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about Podcast by Leon:How many episodes does Podcast by Leon have?The podcast currently has 97 episodes available.
December 30, 2021ဆူးနွယ် - Anti Gravity မှ ငှက်လူတို့၏ လွှမ်းမိုးမှုများကဗျာဆရာမ ဆူးနွယ်၏ "Anti Gravity မှ ငှက်လူတို့၏ လွှမ်းမိုးမှုများ"...more4minPlay
December 30, 2021နေမျိုးဆက်လူ - ငါပြန်လာမယ်လို့ ပြောရင် ငါ တကယ် ပြန်လာတယ်ကဗျာဆရာ နေမျိုးဆက်လူ၏ *ငါပြန်လာမယ်လို့ ပြောရင် ငါ တကယ် ပြန်လာတယ်"...more3minPlay
December 20, 2021ကိုအောင် - ငါ့အတွင်းက သူရဲကောင်းမိန်းမအတွက် ဆင်ခြေငါ့အတွင်းမှာ မိန်းမတစ်ယောက်ရှိတယ်။ အဲ့ဒီမိန်းမ ခိုင်းစေတာမှန်သမျှ ငါအကုန်လုပ်တယ်။ စစ်အတွင်းကခရီးသည်စာအုပ်ကို ငါမရေးခဲ့ပေမဲ့ ထိုင်းကျောင်းသားတွေဘက်က နေခဲ့တယ်။ စစ်ပွဲကို ငါတစ်ယောက်တည်းနဲ့ နိုင်အောင်မတိုက်နိုင်ပေမဲ့ မြဝတီသတင်းကိုတော့ ရီမုတ်လိုက်ရှာပြီး ပိတ်ပစ်လိုက်နိုင်တယ်။ ဘယ်သူလက်ဆော့ထားမှန်းမသိတဲ့ ရီမုတ်ဓါတ်ခဲတွေကို ငါပြန်ထည့်ရချိန်တိုင်း စိတ်ပျက်ပေမဲ့လည်းပေါ့။ သစ်ပင်ထိပ်ဖျားကို ငါတက်ကြည့်တဲ့အခါ စစ်သားခေါင်းတွေ အနာဂတ်မြင်ကွင်းရှေ့ ပိတ်ကွယ်နေခဲ့။ ဒါပေမဲ့ လူအုပ်ကြီးနောက်လိုက်တဲ့အခါ ကျင်ငယ်စွန့်ချင်တဲ့ ငါ့ဝေဒနာကို အဓိကထားမိတာ။ မင်းအတွက်တော့ ဘာအရေးလဲ၊ ဆန္ဒပြပွဲတွေနောက်ခံထားပြီး မင်းငါ့ကိုချွတ်နေခဲ့တာ။ အဲ့ဒီလို စိမ်းစိမ်းကြီး မကြည့်နဲ့ကွာလို့ ငါတားပေမဲ့ မင်းမရတော့ဘူး။ အိမ်တံခါးကို အင်တာနက်ဖြတ်ထားတဲ့ ညအချိန်မတော် လာလာဆောင့်ကန်နေတဲ့ စစ်ခြေထောက်တွေလို ကုတင်ပေါ် မင်းအားကုန်ကြုံး၊ ငါ့မှာ ကြောက်စိတ်နဲ့ အိမ်ထဲမှာလူမရှိသလို ပုန်းနေခဲ့။ နောက်မှ သတိရပြီး ငါရှက်ရ။ မင်းနှုတ်ခမ်းက စူးစူးဝါးဝါးအော်ဟစ်ပုံ။ တိုက်အောက်ကစစ်သားတွေ ကြားသွားမလား ငါအလန့်တကြား ပါးစပ်ပြေးပိတ်ထား၊ အော်ဂစ်ဆန်ရပြီးတာနဲ့ မင်းထွက်သွားတယ်။ ငါထပြေးပေမဲ့ စစ်ကားတွေ ငါတို့နှစ်ယောက်ကြား ရာစုနှစ်များစွာခြားနား။ ငါရုတ်တရက် လမ်းပေါ်က လူအုပ်ကြီးနောက်ပဲ ထလိုက်သွားရမလား၊ ငါတို့ချစ်တင်းနှောတာကအစ ချောင်းကြည့်နေမဲ့ ခေတ်တစ်ခေတ်စီ ပြန်လိုက်သွားရမလား။ မင်းဟာ ငါ့အမေဆိုတာ တကယ်ပဲလား။ စစ်အာဏာသိမ်းမှုတွေ ကိုယ့်ဘဝတစ်ခုထဲ မလွဲမသွေ အကြိမ်ကြိမ်ဖြစ်ခဲ့တာ။ ငါတို့မပြောဘဲ သိနေခဲ့ကြတာက ငါ့အဖေက ဟေရာကလိုက်တပ်စ်ရဲ့ မြစ်မဟုတ်ခဲ့တာ။ မင်းပြောသလို နယူတန်ရဲ့ပန်းသီး မဟုတ်ခဲ့တာ။ ငါ့အမေ့ရဲ့ဆင်ဝင်အောက်က ဧည့်လာဂမုန်းက သူမဟုတ်ခဲ့တာ။ အမေဟာ ဝါးဆစ်ဘူးကို အပေါက်ဖောက်ပြီး ကြေးနန်းဆက်သွယ်ချက်တွေ ပေးပေမဲ့ သူမကြားခဲ့တာ၊ အခုမင်းနဲ့ငါ့လို၊ ဆာဘီနာ့ဦးထုပ်ရဲ့အဓိပ္ပါယ်လို။ အမေချက်တဲ့ ငါးဟင်းကို သူမကြိုက်ခဲ့တာ။ အဲ့ဒီအစား သူက ဒါဝင်ရဲ့မျောက်တစ်ကောင်ဖြစ်ခဲ့တာ။ ပြီးတော့ သူက မဆလခေတ်ကြီးမှာ ရေဆင်းငုပ်ရင်း ကြယ်နှစ်ပွင့်အဆင့် ငါးမန်းကြီးနဲ့ တိုးခဲ့တာ။ အယူအဆအရ အကြေးခွံချင်း လဲလှယ်ခံခဲ့ရတာ။ ဒီလိုပုံပြင်တွေကနေ ငါတို့အားလုံးကို ဖယောင်းရုပ်လုံးသွင်းပစ်ခဲ့တာ။ အဲ့ဒီတော့ အမေဟာ လူကြားသူကြား ဖိနပ်ကို အခါခါမှား၊ ငါအခါခါ ဘယ်တော့မှမပြောခဲ့တာ။ ငါတို့ပြောခဲ့တာက ငါတို့တိုင်းပြည် နောက်ထပ်တစ်ကြိမ် စစ်အာဏာသိမ်းခံလိုက်ရတယ်၊ လူတိုင်းအတူတူပဲဆိုတဲ့ အဲ့ဒါတွေ။ အမေဟာ စစ်ကားတွေကို အကြာကြီးငေးမောခဲ့တာတွေ။ ငါတို့ရင်ထဲမှာ အဖေ့ရဲ့စစ်အုပ်ချုပ်ရေးအကြောင်း ကိုယ်စီတွေးမိကြတာတွေ။ ငါတို့ဆက်ဆံရေးမှာ အီးဒီးပတ်စ်ကို ငါသတိရလာတာတွေ။ ဒါပေမဲ့ ငါအတွင်းက မိန်းမက အသက်ကြီးလာခဲ့ပါပြီ။ သူမဟာ မင်းလည်းဖြစ်နိုင်သလို အခြားမိန်းမတစ်ယောက်လည်း ဖြစ်နိုင်သေး။ ငါက ကားမောင်းရင်း ဘီယာလား၊ ဝီစကီလား။ အယ်ကိုဟော၅%လောက်ပဲပါတဲ့ ဘီယာရွေးလိုက်မယ်လေလို့ ပြောတဲ့အခါ ကော်ဖီပဲလုပ်ပါလို့ ဗုဒ္ဓရဲ့အလယ်အလတ်လမ်းစဥ်ကို သူမရွေးခဲ့တာ။ အခုလူအုပ်ကြီးနောက် ငါလျှောက်လိုက်တော့ ကျင်ငယ်စွန့်ချင်တဲ့အခါ ဘယ်လိုလုပ်ရပါ့လို့ ငါတွေးမိနေခဲ့။ ဒီတော့ စစ်သားတွေရှေ့မှာ နို့လှန်ပြနေတာ ဘယ်သူလဲပေါ့။ ငါဟာ ကြောင်စုန်းလို အဓိပ္ပါယ်မဲ့စိတ်ကူးအတွက် တိုင်းပြည်ကို အမှောင်ထဲဆွဲခေါ်ပစ်ချင်ခဲ့တာလားပေါ့။ တကယ်လည်း ဘုရားအသစ်ပွင့်သလို မီးကိုစားပြီး နတ်ဆိုးတွေနိုးခဲ့။ တစ်ကြိမ်တစ်ခါတော့ လူအုပ်ထဲ သေနတ်ကျည်တွေ ပစ်သွင်းနေတဲ့ စစ်သားတွေရှေ့တည့်တည့် ငါရင်ကော့ပြေးဝင်လိုက်ချင်ရဲ့။ ငါ့အတွင်းကမိန်းမသာ သိခဲ့မယ်ဆိုရင်ပေါ့။Koaung12.2.2021...more5minPlay
December 12, 2021စစ်မင်းခ - ကမ္ဘာပျက်အခြေအနေအရ စာမတတ်ပေမတတ် အဇာတသတ်မြေကြွက်ကဗျာဆရာ စစ်မင်းခ၏ "ကမ္ဘာပျက်အခြေအနေအရ စာမတတ်ပေမတတ် အဇာတသတ်မြေကြွက်" ကဗျာ...more3minPlay
November 29, 2021ဆူးနွယ် - ထွက်ခွာခြင်း / ရေခဲမုန့်စားခြင်း / ဖေဖေ့ကို အိပ်မက်မက်တယ် (special episode)ကဗျာဆရာမ ဆူးနွယ်ရဲ့ ကဗျာသုံးပုဒ်ကို ရွတ်ထားပါတယ် နားဆင်ကြည့်ကြပါဦး ......more7minPlay
November 25, 2021သက်ငြိမ်သစ် - ရိုးရိုးက အေးအေးကိုကဗျာဆရာ သက်ငြိမ်သစ်၏ "ရိုးရိုးက အေးအေးကို" ကဗျာ...more2minPlay
November 19, 2021ဟံလင်း - ခေါင်းမပါဘူးလား ခေါင်းသုံးကဗျာဆရာ ဟံလင်း၏ "ခေါင်းမပါဘူးလား ခေါင်းသုံး" ကဗျာ...more3minPlay
October 18, 2021မိုးရဲ - ရက်စက်မှုအပေါင်းတွေ ကိုယ်သတိရနေကဗျာဆရာ မိုးရဲ၏ ရက်စက်မှုအပေါင်းတွေ ကိုယ်မေ့နေ...more4minPlay
FAQs about Podcast by Leon:How many episodes does Podcast by Leon have?The podcast currently has 97 episodes available.