Podcast by Leon

Podcast by Leon

Download on the App Store

Podcast by Leon episodes

  • မောင်ချောနွယ် - ဂျုံးနီ
    ဂျုံးနီ
    ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း
    ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊
    လူတွေဟာ
    သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊
    လူတွေဟာ
    သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး
    မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊
    အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။
    ဂျုံးနီ
    ငါ စိတ်အခန့်မသင့်ရင်လေ
    မင်းကိုယ်ပေါ်
    ငါ့ခြေထောက်တွေ ရောက်နေကျ၊
    ငါ့ဒေါသက
    ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ်
    ငါ့ခြေထောက်တွေ ရောက်နေကျ၊
    နာလွန်းလို့ မင်းအော်လိုက်ရင်တောင်
    မင်း
    ငါ့ခြေထောက်တွေကို အားနာနေကျ။
    ဂျုံးနီ
    မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေး၀င်လာ
    အမြဲတမ်း ငါ့ကိုကြိုတာ
    တာ၀န်အရလို့ မင်းစိတ်မှာ မထားရှိတာ
    ငါမြင်ရ
    ငါရခဲ့တယ်။
    ဂျုံးနီ
    ငါ မင်းကို အသားကောင်းကောင်း မကျွေးခဲ့ဘူး
    တစ်ခါတစ်ရံတော့
    ငါ့စိတ်ကောင်း၀င်နေမှုဟာ
    ချောကလက်ကလေးတွေအဖြစ် မင်းစားရပါတယ်။
    ဂျုံးနီ
    ငါမှတ်မိတယ်
    မင်းမြေကြီးကို တူးတူးပြီး ဆော့တတ်တာလေ
    ငါသိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့
    ငါက မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ။
    ဂျုံးနီ
    လေတဟူးဟူး ထန်နေတုန်းက
    မင့်နှုတ်သီးကို ရှေ့ပစ်ပြီး
    တအူးအူး တအုအုနဲ့ မင်းအူးမြူးနေတာ
    ငါတုတ်နဲ့ လိုက်ရိုက်တော့
    မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ
    ဂျုံးနီ
    မင်းကိုယ် ၀၀ဖီးဖီးကြီးကြီးနဲ့
    ငါ့ကို ဆောင့်ဆောင့် တိုးဝှေ့နေကျလေ
    ငါလက်ဖျောက်တစ်ဖျစ်တီးလိုက်ရင်
    မင်းလိုက်လိုက် ဟီဟီနေကျ၊
    ငါက မာန်မဲလိုက်တဲ့အခါ
    မင်းလျှာကြီးနဲ့ ငါ့ကို မြန်မြန်လျက်တယ်
    ငါက လိုလားတဲ့အခါ
    မင်းကျောတွေကို ပွတ်ပွတ်ပေးနေကျ။
    ဂျုံးနီ
    ငါ အခုခါ
    အဲလိုမျိုး မာန်မဲအရသာခံချင်တယ်။
    ဂျုံးနီ
    မင်းမျက်လုံးမှာ
    ငါ့မေတ္တာကို မွတ်သိပ်ကြောင်း ပြနေကျအရောင်
    ငါအခု ဒါကို မင်းလိုမွတ်သိပ်ရပြီ။
    ဂျုံးနီ
    မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။
    ဂျုံံးနီ
    ငါ ဘယ်လောက်ရက်စက်သလဲကွာ
    မုန့်ပဲသရေစာလေး မင်းကို ကျွေးတာတောင်
    မုန့်ကလေး မင်းကို မြှောက်ပြ
    ပြီး …
    ဖုန်ထဲပစ်ချလိုက်တာ
    ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို
    မင်း စိတ်မာနမထားဘဲ
    မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ
    (တကယ်တော့
    မေတ္တာဆိုတာ ဖုန်ထဲက မုန့်ကလေးပါလားလို့
    ငါ မသိလိုက်ခဲ့ဘူးကွယ်)။
    ဂျုံးနီ
    မင်း နေကောင်းရဲ့လားကွယ်။
    ဂျုံးနီ
    အိပ်ရာပေါ်မှာ
    ဘာမှမလှုပ်နိုင်တဲ့ မင်းသခင်
    နောက်ဆုံးထွက်သက်နဲ့ပေါ့
    မင်းကို နှုတ်ဆက်ချင်ရဲ့
    ငါ့နောက်ဆုံးထွက်သက်နဲ့ပါ
    ဂျုံးနီရယ် ။ ။
    - မောင်ချောနွယ်
    4 min
  • ရင်ခွင်ရှိန်း - တစ်ယောက်ကို တစ်ယောက်က
    တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ဝေးသွားတယ်ဆိုတာ
    တစ်ယောက်ကိုတစ်ယောက် စိတ်ထဲကနေ အပြန်အလှန်သတ်ပစ်လိုက်ကြခြင်းပဲ
    တစ်ယောက်ပေးဖူးတဲ့ လက်ဆောင်ပစ္စည်းတွေကို တစ်ယောက်က ပြန်ပေးရုံနဲ့
    ပေးခဲ့ပြီးသောဘ၀ရဲ့ အစိတ်အပိုင်းများကို ပြန်ရရှိကြမှာမဟုတ်တော့ဘူး
    တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်သတိရတယ်ဆိုတဲ့အခိုက်အတန့်မှာ
    တစ်ယောက် မရှိတဲ့ ခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်နေတုန်း
    မိုးသားတွေက လှလိုက်တာနော်လို့ တူနှစ်ကိုယ်ပြောခဲ့ဖူးတဲ့ မြင်ကွင်းထဲ
    တစ်ကောင်ထဲ လွင့်ပျံလာတဲ့ ငှက်ကလေးကအစ
    အရာရာဟာ တိုက်ဆိုင်စွာ ကျကွဲရတာပေါ့
    တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ
    ဘယ်သူက ပန်းပွင့်ဖြစ်ပြီး ဘယ်သူက လိပ်ပြာဖြစ်တယ် ဆိုတာမျိုးမဟုတ်ဘူးကွဲ့
    ဒဏ်ရာက အရမ်းနာနေလား လို့ သူကမေးတဲ့အချိန်မှာ
    ကိုယ့်ဘက်က အဲ့ဒါ ပန်းချီကား ပါလို့ ပြောရတာမျိုးပေါ့
    တစ်ယောက်ကို တစ်ယောက် အနစ်နာခံတယ်ဆိုတာ
    တစ်ယောက်မသိအောင် တစ်ယောက်က
    အနာတရတွေအကုန်လုံးကို တစ်ယောက်တည်း သိုဝှက်ထားခြင်းဖြစ်ပြီး
    ထိုသို့ သိုဝှက်မှုကိုလည်း ကိုယ့်ကိုကိုယ် အသိမပေးခြင်းဖြစ်တယ်
    တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စေချင်တယ်ဆိုရင်
    တစ်ယောက်ရဲ့ ပျော်ရွှင်ရယ်မောမှုကြောင့်သာ
    ကိုယ့်ဖြစ်တည်မှုတစ်ခုလုံးဟာ အဓိပ္ပာယ်ရှိလာတယ်လို့ ခံစားကြည့်ရမှာဖြစ်တယ်
    တစ်ယောက်ကို တစ်ယောက်က လိုအပ်တယ်ဆိုတာကို
    နှစ်ယောက်လုံးက သိရှိထားကြရမှာလည်းဖြစ်တယ်
    တစ်ယောက်ကို တစ်ယောက်က သစ္စာရှိတယ်ဆိုတာ
    အချိန်ကာလ နေရာဒေသအပိုင်းအခြားတွေမရှိသလို
    ကိုယ့်ကိုကိုယ် ထပ်ဆင့်ပြီးတည်ဆောက်ယူရတဲ့ တန်ဖိုးတစ်ခုလည်းဖြစ်သေးတယ်
    တစ်ယောက်ကို တစ်ယောက်က ထွေးဖက်ထားတဲ့အခါ
    နှစ်ယောက်လုံးက နွေးထွေးတာမျိုးဖြစ်ပြီး
    တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြရတဲ့အခါမှာတော့
    နှစ်ယောက်လုံးက ချမ်းအေးနေတယ်လို့ ခံစားရမှာဖြစ်တယ်
    တစ်ယောက်ကို တစ်ယောက်က မျှော်လင့်စောင့်စားရတယ်ဆိုတာ
    ကမ္ဘာ့အခက်ခဲဆုံး ဆန်းသပ်မှု တစ်ခုကို ဖြေဆိုရသလိုမျိုးဖြစ်ပြီး
    အများဆုံး ပြင်ဆင်ထားရတဲ့ အရာတစ်ခုလည်းဖြစ်တယ်
    တစ်ယောက်ကို တစ်ယောက်က ချစ်ပြီး
    တစ်ယောက်ကို တစ်ယောက်က မချစ်တဲ့အခါ
    ချစ်တဲ့သူဘက်က ကိုယ့်ကိုမချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်ပြီး
    မချစ်တဲ့သူဘက်က ကိုယ့်ကို ချစ်တဲ့သူကို ဆုံးရှုံးရခြင်းဖြစ်တယ်
    တစ်ယောက်ကို တစ်ယောက်က ယုံကြည်ခြင်းဆိုတာ
    နှစ်ယောက်လုံးအတွက် စွမ်းအင်တစ်မျိုးဖြစ်ပြီး
    တစ်ယောက်ရဲ့ ယုံကြည်မှုကို တစ်ယောက်က ဖောက်ဖျက်တယ်ဆိုတာ
    ထိုစွမ်းအင်ကို အလွဲသုံးစား ပြုလုပ်ခြင်းပဲဖြစ်တယ်
    တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်လျက်နဲ့ ဝေးသွားရတဲ့အခါ
    အလင်းဟာ နာကျင်စရာအဖြစ် ကမ္ဘာဆီလာလိမ့်မယ်
    စိတ်အတွင်းသားတွေ အကြိမ်ကြိမ်သေဆုံးကြလိမ့်မယ်
    ပြီးတော့ ...
    ပန်းပွင့်တွေ လေပြေလေညှင်းတွေ ကမ္ဘာပေါ်က အချစ်သီချင်းလေးတွေ က အစ
    ကြေကွဲစွာ ငိုနေလိမ့်မယ် ။ - ရင်ခွင်ရှိန်း
    3 min
  • စိုင်းဝင်းမြင့် - ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်"
    အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ်
    4 min
  • စိုင်းဝင်းမြင့် - အရိုးစုဟာ သူ့အကြောင်းကိုပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ
    အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ်
    5 min
  • မောင်ဒေး - ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ်
    ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ်
    သူဟာ အဖြူရောင် မြင်းပါ၊ ဂြိုဟ်ငယ် တစ်ခုပါ၊ အဝတ်ဗီရိုကြီးကို ငုံထားတဲ့
    နွယ်ပင်ပါ မှိတ်ထားတဲ့ သူ့မျက်လုံးတွေဟာ ငါရဲ့ မျက်လုံးတွေပေါ့ ထတော့ နွယ် တို့တစ်တွေ တောင်တွေကို ရွှေ့ရမယ် ယုန်သေတွေ လိုက်ကောက်
    ရမယ် ပြတင်းပေါက်တွေဟာ ဖြာကျနေတဲ့ နေခြည်ဆီ ပိတ်နေပါတယ်
    ဒီနေ့တော့ အလုပ်များမယ် အင်းလျားကန်ထဲ ရေဖြည့်ရမယ် ငန်းတွေကိုလည်း
    ကန်ပေါင်ပေါ်မှာ ချက်ချင်းမွေးပြီး ကန်ထဲထည့်ပေးရမယ် လုံခြုံရေးတွေရဲ့
    အလစ်မှာ ထိုင်ခုံရဲ့ အင်္ဂတေကို လွှတ်ခနဲနေအောင် တစ်ချက် နမ်းရမယ်
    နွယ်ဟာ သူ့ကိုယ်သူ စိုးပိုင်တဲ့ မိန်းကလေးပဲ ဒီအမှားကို သူ မလုပ်ခင်မှာ
    ဒီအမှားကို သူ ကြိုတင်လုပ်ခဲ့ပြီးသားပဲ ဘယ်သူ့ဆီကိုမှ သူ သတင်းပို့စရာ
    မလိုဘူး ပန်းတွေဟာ လှပခြင်းအတွက် အခွန်ပေးဆောင်ရတယ် မျှတခြင်းမရှိတဲ့ သီးနှံတွေဟာ လက်လက်ထနေတဲ့ မြေမှာ သီးပွင့်နေကြတယ်
    နွယ်ဟာ ကလေးဘဝမှာကတည်းက နောင် ကြုံလာရမယ့် လူ့အဖွဲ့အစည်းကို
    တစ်ရှူးစတွေနဲ့ မံနေခဲ့တာဖြစ်တယ် အဲဒီလူ့အဖွဲ့ အစည်းဟာ တိုက်နေတဲ့ လေကို
    ဟိုက်ဒရိုဂျင် အပြည့်အဝနဲ့ [ ဆန်တက်နေခဲ့တာပေါ့ ]
    နွယ် အိပ်ပျော်နေတုန်း သူ့ရဲ့ ခရမ်းရောင်ပါးပြင်ကို ငါ နမ်းတယ် ဝါစိမ်းနီပြာ၊ နွယ့်ရဲ့ အရေပြားဟာ အကွက်အပြောက်တွေနဲ့ လှနေတယ်
    နီပြာဝါစိမ်း၊ နွယ့်ရဲ့ မျက်လုံး သို့မဟုတ် ငါရဲ့ မျက်လုံးတွေဟာ လူ့အဖွဲ့အစည်း
    အတွက်ပဲ ဖြစ်တယ် နွယ့်ကို ငါ နှိုးတယ် -- ထတော့နွယ် ပြတင်းပေါက်တွေကို
    ငါတို့တွေ တစ်ရှူးစတွေနဲ့ သုတ်ရမယ် -- ယုန်သေတွေ လိုက်ကောက်ရမယ် -
    မောင်ဒေး
    2 min
  • မောနွေ - ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ်
    ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ်
    တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန့်မျိုးမှာ
    အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး
    ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ
    ပြောမရဆိုမရရန်ကုန်နဲ့မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့ ခုတ်မောင်းဆန့်ထွက်ရင်တောင် သွေးကြောမိုင်ပေါင်း
    ခုနှစ်သောင်းကျော် ကြားက ယိုစိမ့်ကျကျလာမယ့် ဖြစ်မှု ပျက်မှု နှလုံးသားအာရုံခံစား စေ့စော်မှု
    စိတ်မထင်ရင် မထင်သလို အော်ငိုတတ်မှု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကျိန်ဆဲရင်း တံတားပေါ်က
    ခုန်ချလိုက်ရင် ကောင်းမလား ဘုရားရှေ့သွားပြီး အပြစ်တွေ ၀န်ခံရမလား တရားမရသေးဘူး
    သတင်းစာနေ့စဉ်မဟုတ်ရင်တောင် တစ်ရက်ခြားစီလာပါ ညီမလေး နေကောင်းပါရဲ့လား
    ကောင်းကောင်းနေပါရဲ့လား အကိုတို့ကြုံနေရတာ အချစ်ဇာတ်လမ်း ကောင်းကောင်း တစ်ပုဒ်သာဆို
    ညီမလေး မှာ အစာအိမ်ရောဂါ ရှိခဲ့မှာ မဟုတ်ဘူး ကိုင်ထားတဲ့ဖုန်း စကားပြောခွက်ကို မချလိုက်ပါနဲ့
    သတိရရင် အဲဒီသတိက အကိုပေးလိုက်တဲ့ သတိပါ ညီမလေး ရထားတဲ့ သတိဟာ အကို့လွယ်အိတ်ထဲက
    ကဗျာစာအုပ်လေးဖြစ်တယ် C D လေး တစ်ချပ်ဖြစ်တယ် အကိုဘက်ကစပြောချင်တဲ့ " ဟဲလို " တစ်ခွန်း
    ဖြစ်တယ် ကက်ဆက်ဖွင့်လိုက်ရင် ဒီသီချင်းက ရင်သို့တိုးဝှေ့နေဆဲပဲ ရထားလက်မှတ်ထဲ ခုန်၀င်ချင်နေတဲ့
    ပဋိပက္ခ မသိစိတ် ယန္တရားက ထိုင်မသိမ်းစလို ထိန်းမရ သိမ်းမရနဲ့ပါလား ဆေးလိပ်ကို လမ်းမပေါ်
    ပစ်ထည့်လိုက်တာ အဲဒီနေ့က အဲဒီနေ့က ညီမလေးကို လွမ်းလို့ပေါ့ကွာ ယနေ့ကျွန်တော်တို့ကမ္ဘာဟာ
    ခရစ်နှစ် ၂၀၁၀ ဖြစ်ပါတယ် ဧရာ၀တီလည်း အရင်လောက် မနုပျို တော့ ကျွန်တော်တို့လည်း
    အရင်လောက် မဖြတ်လတ်တော့ အနာတရ တွေ ဧဒင်မှာပဲ လာလာပွင့်ကြတယ် ဖြန့်ခင်းထားတဲ့
    သက်တန့်တစ်ခင်းစာလို ခွေခွေကလေး ရောထွေးနေရင် အကောင်းသား လှုပ်ခတ်လိုက်တော့
    ကမ္ဘာကြီး မပြားဘဲ ကောင်းကင် ကြီး ပြားသွားတယ် အပေါ်က သက်တန့်ကြီး ပြုတ်ကျတော့မယ်
    အိပ်စက်နေတဲ့ ငါ့ညီမလေး လန့်နိုးတော့မယ် အသံဗလံတွေ ဆူညံပွက်လောရိုက် စံပယ်တွေလည်း
    တစ်သိုက်သိုက် တစ်ရှိုက်ရှိုက် ရာသီဥတုက အစစအနန ပွန်းပဲ့ကြွေ ဘာမှ ထွန်ယက်မရတဲ့
    ကွင်းပြင်လို မနက်ခင်းမှာ အကို့ကို မလိုအပ်တော့လို့ ထစ် , အ ပစ်ချလိုက်ခဲ့တာလည်း ညီမလေး
    စုတ်ဖြဲလိုက်တော့မေ့လိုက်တော့ အိပ်ရာကနိုးလာရင် ကမ္ဘာကြီး ကို မြင်အောင်ကြည့်လိုက် တစ်ခါတစ်ခါ
    ကမ္ဘာက ကြီးလွန်းပြီး မျက်လုံးတွေက သေးငယ်လွန်းတော့ မမြင်ရဘဲ ဖြစ်တတ်တယ်
    ဒီအခါမှာ လူအဖြစ် ပီသအောင် အချစ်ကားကောင်းကောင်း တစ်ကားလောက်ကြည့်လိုက်
    ပြီးမှ ချစ်သောမျက်စိနဲ့ မျက်စိတစ်ဆုံး ထပ်ကြည့်လိုက် မမြင်ရသေးဘူး ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်
    အိပ်ရေးဝအောင်ထပ်အိပ်လိုက် အကို က အမြဲရှိနေမယ် အမြဲမှ အမြဲတမ်းကိုရှိနေမယ်
    ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေး မျက်ခွံလေးတွေဖြစ်တယ် ။
    #မောနွေ
    4 min
  • ဟံလင်း - ပတ်ကြမ်းတိုက်
    နင့်မလည်း စောက်သက်ကသာ
    တဖြည်းဖြည်း ကြီးလာ
    ခုထက်ထိ ဘာတစ်ခုမှ စောက်ဖြစ်မရှိ
    ခုထက်ထိ ဘာတစ်ခုမှ စောက်သုံးမကျ
    အဲဒါ ကိုလည်း တစ်စက်မှ စောက်ရှက်မရှိ
    စောက်ကောင်ကြီးကြီးပြီး စောက်ချိန်မစီး
    စောက်သက်ကြီးကြီးပြီး စောက်ပေါကြီးဖြစ်နေ
    တစ်နေ့ တစ်နေ့ အိပ်ရာထဲလှဲ
    စောက်ပျင်းကြီး
    စောက်လုပ်ဖြင့်မလုပ်ဘဲ
    စောက်လုပ်မရှိ စောက်လုပ်ရှာ
    စောက်ဂိမ်းပဲ တစ်နေကုန်ထိုင်ထိုင်နှိပ်
    စောက်ဖုန်းပဲတစ်နေကုန်ထိုင်ထိုင်ပြော
    စောက်ရေးမပါတာတွေနဲ့ပဲ
    အဲဗားစောက်လုပ်ရှုပ်
    ကိုယ့်အိမ်မှာဘာတွေဖြစ်နေလဲ
    ဘာစောက်ဇယားတွေရှိနေလဲ
    နည်းနည်းမှ စောက်လိုက်ကန်းဆိုးသိမယ်မရှိဘူး
    နည်းနည်းမှ စောက်ဂရုစိုက်မယ်မရှိဘူး
    ခိုင်းမိလိုက်သမျှလည်း
    စောက်တလွဲပဲလုပ်လုပ်လာ
    တကယ့်စောက်ပိန်းပဲ
    ပိန်းပြီးရင်းပိန်းရင်းပဲ နင်ဟာ
    စောက်ဆံတောင်းဖို့ဆိုရင်ကျ
    စောက်ခွက်ကတစ်မျိုး
    လွယ်လွယ်ကူကူ ယူလေလေ
    စောက်ထူဖြစ်လေလေ
    လွယ်လွယ်ကူကူ ရလေလေ
    စောက်အဖြစ်လေလေ
    အေး လွယ်လွယ်ကူကူ သုံးလေလေ
    စောက်တုံးဖြစ်လေလေ
    တစ်ခါလောက်မရကြည့်
    စောက်ကျင့်ယုတ်တယ် ဘာဖြစ်တယ်
    ကွယ်ရာမှာ ငါ့စောက်တင်းချမယ်
    စောက်ဖောင်းထုမယ်
    စောက်ပြစ်ပြောမယ်
    နင့်အပေါင်းအသင်း
    စောက်ကြောတင်းတင်း
    စောက်ကောင်တွေ
    အကုန်လုံး ကလည်း
    တကယ့်စောက်ပါးတွေချည်းပဲ
    စောက်ချဉ်ဆိုလို့ တစ်ကောင်မှပါတာမဟုတ်
    နင့်နားက စောက်ဆံကြောင့်သာ
    နင့်စောက်ရေးလုပ်နေကြတာ
    နင့်ဆီမှာ စောက်ဆံမရှိကြည့်ပါလား
    နင့်ကို စောက်ဖက်လုပ်ကြပါဦးမယ်
    အားကြီးကြီး
    စောက်ဆင့်စောက်တန်းလုံးလုံးမရှိတဲ့
    အကောင်တွေ
    ဒီကြားထဲ ဘာတစ်ကွက်မှ
    စောက်ထင်ကြီးစရာမရှိ
    ဘယ်နေရာမှာမှ
    စောက်ပုံမလာတဲ့နင့်ကို
    တစ်ဖက်သတ် ကြီးလိုက်ကြိုက်
    အရူးအမူးစောက်ဖြစ်သည်း
    စောက်ကောင်မပေါင်း
    သောင်းခြောက်ထောင်ကလည်းရှိသေး
    နင်က စောက်ပိုတွေ
    စောက်ရမ်းလျှောက်လျှောက်အီ
    စောက်ကောင်မတွေအချင်းချင်း
    စောက်စကားတွေများကြ
    စောက်ပြဿနာတွေ
    အကြီးအကျယ်တက်ကြ
    ပြီး နင့်အခန်းထဲက
    ဟို စောက်မေရီလင်ဆိုလား
    မံစင်ဆိုလား
    အဲ့စောက်သရဲပုံကိုလည်း
    အမြန်ဆုံးဖြုတ်ပစ်
    အိမ် စောက်ကျက်သရေယုတ်တယ်
    ဟိုကစောက်ရူးထတာက
    စောက်ဆံရတယ်လေ
    နင်လိုက်စောက်ရူးထလို့
    စောက်ဆံရတာမှ မဟုတ်တာ
    စောက်ဂီတာတစ်လက်နဲ့
    ဆင်ဖမ်းမယ် ကျားဖမ်းမယ်
    စောက်ပြောကတော့
    စောက်ကြီးစောက်ကျယ်
    နင့်ကိုယ်နင်တော့
    စောက်ဆန်းကြီး စောက်ထာကျလှပြီအောက်မေ့
    စောက်အဓိပ္ပါယ်မရှိတဲ့ဟာတွေနဲ့
    တစ်နေ့ တစ်နေ့
    စောက်ချိန်ကုန်ခံ
    စောက်ကမြင်းကြောထမနေနဲ့တော့
    စောက်လုပ်လုပ်မှ စောက်ဆံရမှာ
    စောက်လုပ်လေးဘာလေးလုပ်
    စောက်ဆံလေးဘာလေးရှာတော့
    နင့်စောက်ပါးစပ်ကိုပိတ်ထားစမ်း
    နင့်စောက်ခွက်နင်မှန်ထဲပြန်ကြည့်
    စောက်ကြောက်လိုလို
    စောက်ခြောက်လိုလို
    စောက်ပိုးမကျိုးတဲ့
    နင့်စောက်ချိုးကိုမြန်မြန်ပြင်
    ပြောလိုက်တိုင်းလည်း
    ငါ့စောက်သံပဲလူကြား
    ငါကပဲစောက်ပေါက်ဆိုးတယ်
    ငါကပဲစောက်ဆဲကြမ်းတယ်
    ငါပဲ ခဏခဏ စောက်ပြောခံထိ
    စောက်မြင်ကိုကတ်တယ်နင့်ကို
    လုပ်လိုက်ရ
    စောက်ကျိုးတွေနည်းကုန်တော့မယ်
    စောက်သည်းတွေကိုယားနေတာပဲ
    စောက်.. ........
    - ဟံလင်း
    ---
    Send in a voice message: https://anchor.fm/myozawlynn/message
    3 min
  • အောင်ခင်မြင့် - အချစ်အတွက် ကဗျာတပုဒ်
    ဒီလိုမနက်ခင်းတွေမှာပေါ့
    အချစ်ကို ရွှေနဲ့ဝယ်လို့မရမှန်း ငါသိလိုက်သလို
    အချစ်ကို ကမ်းခြေက သဲလက်တစ်ဆုပ်နဲ့
    တကယ်ဝယ်လို့ရမှန်းလည်း ငါသိခဲ့တာပေါ့
    ဆောရီးပါအချစ်ရေ
    မင်းကိုယ်က အိပ်မက်ရနံ့ရတဲ့ညမှာ
    ကိုယ်ဟာ အစောကြီး အိပ်ပျော်သွားခဲ့တယ်
    မင်းဆီက မင်းမဲ့စရိုက်ရဲ့ရေမွှေးနံ့ရတော့
    တစ်ညလုံး ကိုယ့်စိတ်တွေ ထိန်းမရဖြစ်ပြန်ရော
    အားလုံးဟာ သမိုင်းချည်းပဲ
    ကိုယ်ဟာ အောင်ချိမ့်ရဲ့ကဗျာတွေ ဖတ်နေခဲ့
    ကျောက်တုံးတွေက သိုးတွေလို နူးညံ့သွားခဲ့
    ဥပဒေဦးထုပ်နဲ့ ရေဘဝဲတွေကို ကိုယ်တို့တွေ့ခဲ့
    အဲဒီရေဘဝဲတွေကို ကိုယ်တို့ သုတ်စားပစ်ခဲ့
    ကိုယ်မှားပါတယ် အချစ်ရေ
    မှန်ဟာ မီးလောင်နေတဲ့တောအုပ် လို့
    မင်းပြောတုန်းက ကိုယ်မယုံကြည်ခဲ့ဘူး
    မှန်ထဲကနေ တိရစ္ဆာန်အားလုံး ခုန်ထွက်လာမှ
    ကိုယ်ဟာ မှန်ကိုရေတွေနဲ့ အမြန်ပက်ရတယ်
    အဲဒီလူကို မင်းဆုံဖူးလား
    အဲဒီလူရဲ့နှလုံးသားကို ဆေးအပြာသုတ်ထားတယ်
    နှလုံးသားကို မြင်မှမမြင်နိုင်ပဲ ဟုတ်လား
    အိုး သိပ်မြင်နိုင်တာပေါ့ လမ်းတွေရဲ့ထောင့်မှာ
    သူဟာ သူ့နှလုံးသားကို လက်ပေါ်မှာတင်လို့
    လမ်းသွားလမ်းလာတိုင်းကို ရောင်းချနေတာ
    နားထောင်ပါ အချစ်ရေ
    ကိုယ်ဟာ မြည်းကို ဘားအပြင်မှာထားခဲ့မိတယ်
    အဲဒီအတွက် ကိုယ်တကယ်တောင်းပန်တယ်
    တချိန်က ရွှေကို ဆားနဲ့လဲခဲ့ရတဲ့အဖြစ်တွေရှိခဲ့
    ကိုယ်တို့ဟာ နိုင်ငံရေးကြောင့် ပျက်စီးခဲ့တယ်
    အချစ်ရေ မင်း တစ်ကိုယ်လုံး ပြာကျသွားမှာစိုးလို့
    ကိုယ့်အနမ်းကိုယ်မျိုချခဲ့ရတဲ့နှစ်တွေ ရှိခဲ့တာပေါ့
    - အောင်ခင်မြင့်
    2 min

About Podcast by Leon

From the publisher's feed

I recite audiobooks especially poems.