Podcast by Leon

Podcast by Leon

Download on the App Store

Podcast by Leon episodes

  • မောင်ဒေး - ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ်
    ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ
    စာအုပ်ထုတ်ခွင့်ရလို့ကြည်နူးရတယ်သွားမရှိတော့တဲ့လူအိုတွေက သွား အတုတွေရှိနေလို့ဆက်ပြီး ဝါးခွင့်ရနေကြတယ်တစ်ချို့မိန်းမတွေက ယောက်ျားတွေမရှိတဲ့ကမ္ဘာကြီးမှာ နေခွင့်မရလို့စိတ်မချမ်းမသာဖြစ်ကြရတယ်စိတ်ပြေလက်ပျောက်လုပ်စရာတွေရှိနေလို့ဘာအဓိပ္ပာယ်မှမရှိတဲ့ ဘဝကြီးအကြောင်းကို မစဉ်းစားဖြစ်တော့လို့ ဖြေသာရတယ်
    ညဘက်မှာ နေမထွက်လို့ဝမ်းသာရတယ် လိပ်တွေမှာအခွံတွေ ရှိနေသေး လို့ပျော်ရတယ် စူပါဝင်းရှေ့မှာ တောင်းစားနေတဲ့လူဟာ ကိုယ်မဟုတ်လို့ ဖြေသာရတယ် ကားလမ်းပေါ်မှာ ပြားနေတဲ့ငှက်ဟာ ငါ မဟုတ်ပါလားဆိုပြီး ကျေနပ်ရတယ် ဆီးရီးယား ဒုက္ခသည်တွေဟာ ကိုယ်မဟုတ်လို့ ပထဝီနိုင်ငံရေး ဘာညာသာရကာ ရွှီးရွှမ်းခွင့်ရတယ် ဝယ်ထားတဲ့ ဖူးကိုးစာအုပ်တွေကို [ဖဘ]ပေါ် ဓာတ်ပုံရိုက်တင်ပြီး ကြွားခွင့်ရတယ် ငါလေးဟာ ငါလေး ဖြစ်နေသေးလို့တော်ပါသေးရဲ့ဆိုပြီး ကြည်နူး ဝမ်းသာအားရ ပီတိသောမနဿ ဖြစ်ရတယ်
    – အစိမ်းရောင်ပြယ်လာတဲ့စာအုပ်- ၂.၆
    (အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။)
    2 min
  • မောင်ဒေး - ဒီယောကျာ်းဟာ ဒီစကားတွေကို အရဲစွန့်ပြီး ပြောခဲ့တာပါ
    ဒီယောကျာ်းဟာ ဒီစကားတွေကို အရဲစွန့်ပြီး ပြောခဲ့တာပါလေ
    ဒီမောင်ဟာ ချစ်သူနှစ်ယောက် အိပ်စက်နေတဲ့ ခုတင်အောက်က
    ကြောင်လိမ်လှေကားအတိုင်း ဆင်းခဲ့ပြီး မင်းရဲ့ဝမ်းထဲမှာ ပြန်ဝင်စားခဲ့တာပါ
    အချစ်ဟာ အဲ့ဒီအရိုးပေါ့ ဒီမောင် တဒေါက်ဒေါက် ခေါက်နေတဲ့
    ဦးခေါင်းခွံပေါ့ အချစ်နဲ့ပြည့်နေတဲ့ ဦးခေါင်းခွံတွေဟာ ဝေဟင်ထဲ
    သူ့ချည်းသက်သက် တွဲလောင်း ချိတ်နေခဲ့ကြတာပေါ့
    I love you, ladybug
    ဒီမောင်ဟာ ဒီစကားကို ဖန်ချက်စက်ရုံကြီးကိုထမ်းပြီး ပြောခဲ့တာပါ
    ငှက်တိုင်း ခြင်္သေ့တိုင်း သားပိုက်ကောင်တိုင်း ပြန်လည်မွေးဖွားခဲ့ပါတယ်
    ဒီမောင်ဟာ ညကြီးမင်းကြီး အပြင်ထွက်ခဲ့ပြီး I love you, ladybug ဆိုတာကို
    တိုက်နံရံပေါ်မှာ တယ်လီနောကြော်ငြာကိုအုပ်ပြီး စပရေးနဲ့ရေးခဲ့တယ်
    နောက်ရက်မှာ အိတ်ကလေးလွယ်ပြီး စက်ဘီးစီး- ရုံးတက်ခဲ့တယ်
    ဒါပေမဲ့
    နောက်တော့ မင်းလည်း အချစ်ကိုတွေ့လာမယ်
    မင်း သွားရာလမ်းမှာ သူရူးတွေ၊ ကားမှတ်တိုင်တွေ၊ စကားချိုချို ဆိုတတ်သူတွေနဲ့ ချစ်ကြိုက်မယ်
    ဒီမောင်ဟာ ကဗျာဆရာတွေ မပေါ်ပေါက်ခင်ကတည်းက ဖူးငုံပွင့်သစ်ကဏ္ဍမှာ
    ကလောင်ဝှက်နဲ့ အချစ်ကဗျာတွေရေးနေခဲ့တာပဲ
    စစ်မတိုင်ခင်က လူတွေ ချစ်နိုင်ခဲ့သလိုမျိုး ဒီမောင် ဆက်ချစ်မှာပဲ
    အရေပြားပေါ် ရွေ့လျားနေတဲ့ တီကောင်ဆီ
    မင်း မျက်လုံးကိုပိတ်ထားပါလေ ယားကျိကျိပွတ်သပ်မှုကိုသာလျှင် အာရုံစိုက်ပါ
    နာကျင် ဟုအော်ပြီး အန္တရာယ် ဟုမည်ပြီး
    ဒီမောင်ဟာ ဒီစကားလုံးတွေကို ပြတိုက်ထဲက ရှေးဟောင်းပစ္စည်းတွေကို ရွတ်ပြနေတာပဲ
    ကနုတ်ပန်း အခွေအလိပ်တွေဟာ ဒီမောင်ရဲ့ နံရိုးအတွင်းဘက်မှာ ဝရုန်းသုန်းကားပေါ့
    ဒီမောင်ဟာ ဒီစကားလုံးတွေအပေါ် ရှက်ရွံ့စိတ်နဲ့ ရုံးဆင်းရုံးတက်ဆိုပါတော့ ။
    - မောင်ဒေး
    2 min
  • မင်းသော်စိုး (ဘာသာပြန်) - ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး
    ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး
    ငါ မင်းကိုချစ်နေလို့ပဲ မင်းကို ငါ မချစ်နိုင်ဘူး
    မင်းကို ငါ ချစ်နေတာကနေ မချစ်မိအောင် ငါကြိုးစားမယ်
    မင်းကို စောင့်နေမိတာကနေ မစောင့်ဖြစ်တော့တဲ့ထိပေါ့
    အေးစက်စက် ငါ့နှလုံးသားလည်း မီးလိုပူပြင်းနေပြီ
    ငါ မင်းတစ်ယောက်တည်းကို ချစ်ရတာ ၊ ငါချစ်ခဲ့တဲ့ တစ်ယောက်တည်းသောသူဟာ မင်းပဲမို့
    ငါ မင်းကို အရမ်းမုန်းတယ် ၊ ပြီးတော့ မုန်းတယ်
    မင်းဆီကို ယိမ်းနေတဲ့ ငါ့ရဲ့ပြောင်းလဲသွားတဲ့ မင်းကိုချစ်မိတဲ့အချစ်တွေကို တိုင်းတာနေမိတယ်
    အဲ့ဒါ‎ကြောင့်ပဲ မင်းကို ငါ မိုက်မိုက်ကန်းကန်း ချစ်ခဲ့တာနေမှာ
    ဇန်နဝါရီရဲ့အလင်းက ရက်စက်မှုတွေအပြည့်နဲ့
    ငါ့နှလုံးသားကို ဝါးမျိုနေပြီ
    နောက်ပြီး အေးချမ်းမှုအစစ်ကိုရဖို့ ငါ့သော့ကို ခိုးထားတယ်လေ
    ဇာတ်လမ်းရဲ့ ဒီအပိုင်းမှာတော့ ကိုယ်ဟာ သေလူတစ်ယောက်မျှသာပဲ
    မင်းကို ချစ်မိလို့ပဲ အချစ်ကြောင့်ပဲ ငါသေရတော့မယ်
    အဲ့ဒါ ငါမင်းကို ချစ်မိလို့ပဲ အချစ် ၊ မီးနဲ့ သွေးသားထဲမှာ။
    I Do Not Love You Except Because I Love You
    I do not love you except because I love you;
    I go from loving to not loving you,
    From waiting to not waiting for you
    My heart moves from cold to fire.
    I love you only because it's you the one I love;
    I hate you deeply, and hating you
    Bend to you, and the measure of my changing love for you
    Is that I do not see you but love you blindly.
    Maybe January light will consume
    My heart with its cruel
    Ray, stealing my key to true calm.
    In this part of the story I am the one who
    Dies, the only one, and I will die of love because I love you,
    Because I love you, Love, in fire and blood.
    by Pablo Neruda
    2 min
  • မောနွေ - ကျွန်တော်တို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ
    ကျွန်တော်တို့လွဲချော်သွားကြရင် ဘယ်လိုလုပ်ကြမလဲကွဲ့
    ကျွန်တော်တို့ဟာ လွဲချော်သွားကြတော့မှာ ။
    အဲဒီလိုဝမ်းနည်းစွာပါပဲ ငါလေ့လာခဲ့ရတယ်
    ကျွန်တော်တို့အားလုံး လွဲချော်သွားကြရင်
    မင်းရယ်၊ ငါရယ်၊ ကမ္ဘာကြီးရယ်၊ အရာအားလုံးရယ် လွဲချော်သွားကြရင်
    ငါတို့တစ်ခုခုကို မလုပ်ရသေးခင် တစ်ခုခုဖြစ်သွားရင်
    တစ်ယောက်မျက်နှာကို တစ်ယောက်က ငရဲမီးနဲ့ပက်မိသွားရင်
    ငါတို့ တစ်ယောက်ကိုယ်တစ်ယောက် အဓိပါယ်တွေပေါက်ပြဲကုန်ရင် ဘယ်လိုလုပ်မလဲ
    ခင်ဗျားက No Proxy ၊ ကျွန်တော်က 192.168.1.201 နဲ့
    ခင်ဗျားဆီက ရိုက်ထည့်လိုက်တဲ့စာသားဟာ ကျွန်တော့်ဆီကိုရောက်ဖို့ ၃ စက္ကန့်လောက်ကြာတယ်
    ခင်ဗျားစာကိုမြင်ရင် ဦးနှောက်ထဲကို အချက်အလက်ရောက်ဖို့ ၀.၄ စက္ကန့်ကြာတယ်
    ကျွန်တော်တို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ
    အချစ် မင့်အင်္ဂါနဲ့ ငါ့အင်္ဂါထိတွေ့တဲ့အခါ ဘာအရသာထွက်မလဲဆိုတာ သိနေကြတာပဲ
    အခန်းလွတ်တစ်ခုထဲ တို့နှစ်ယောက်ဖြူစင်သန့်ရှင်းစွာ နေကြတာကိုတွေ့တဲ့အခါ
    လူတွေက ဘာလို့အထင်သေးကြတာလဲ
    ဇွန်လ ၁၆ ရက်နေ့ ငါ့မွေးနေ့ရှိတယ် မင်းက ဘယ်နေရာကိုရောက်နေမှာလဲ
    ငါတို့လွဲချော်သွားကြတော့မှာပဲ
    မင်းနည်းနည်းလေးမှ မတုန်လှုပ်ဘူးလား
    နည်းနည်းလေးမှ ငါ့ကိုဖက်တွယ်မထားချင်ဘူးလား
    မင်းနဲ့ငါချစ်ကြတာ ဘုရားသခင်အလိုတော်အတိုင်းဆိုတာ သေချာလို့လား
    ကိုယ့်သဘောနဲ့ ကိုယ်ချစ်ခဲ့ကြတာမဟုတ်ဘူးလား
    အချစ်ဆိုတာ ငါ့အတွက်တော့ မင်းရဲ့နားရွက်ကားကားလေးတွေကို ဖွဖွလေးကိုက်ချင်ရုံပါပဲဆိုတာ
    မင်းမသိခဲ့ရင် ငါဘယ်လိုလုပ်ရမလဲ
    မင်းရဲ့ လိုအင်ဆန္ဒပြီးမြောက်မှုကကော ဘာလဲ
    အချစ်_ စာချုပ်တစ်ခုပေါ်မှာ ဘဝကိုချည်နှောင်ထားသောစာသားများအောက်မှာ
    ငါမထိုးရဲသေးတဲ့ လက်မှတ်တစ်ခု
    အဲဒီလိုအဓိပါယ်ဖွင့်ဆိုမှုကြောင့် ငါတို့လွဲချော်သွားခဲ့ရင်
    မင်းဟာ ငါ့ထက်ပိုရုပ်ချော၊ ပိုချမ်းသာတဲ့ အဲဒီလူတစ်ယောက်နဲ့လက်ထပ်ဖြစ်ခဲ့ရင်
    မွေးလာတဲ့ ကလေးကို “သစ္စာတရား” လို့နာမည်ပေးပါ
    ငါတို့လွဲချော်ကြတော့မယ်
    အရာအားလုံးဟာ လွဲချော်မှုကြီး
    အရာအားလုံးဟာ Uncertainity Theory
    အထီးကျန်တယ်ဆိုတာ အထီးကျန်လို့ ငါချရေးလိုက်တဲ့ စာသားတစ်ကြောင်းပေါ့
    မင်းကဘာလို့ ငါ့ထက်ပိုသိချင်နေရတာလဲ
    မင်းဓါတ်ပုံထဲက ပျော်ရွှင်နေတဲ့မျက်လုံးထဲမှာ သူစိမ်းတွေကို
    မကြောက်မရွံခင်တွယ်နေခြင်း ရနံ့ကိုငါရတယ်
    မင်းဟာ ဘာလို့ တစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်တတ်သွားရတာလဲ
    ငါဟာတဖြည်းဖြည်းနဲ့ မင်းဆီကနေ ကွာကျလာသလိုပဲ
    ငါမပြောဘူးလား
    ငါတို့ဟာ လွဲချော်သွားတော့မှာ
    ငါတို့ လွဲချော်သွားကြရင် ဘယ်လိုလုပ်မလဲ
    မင်းနည်းနည်းကလေးတောင် မတုန်လှုပ်ဘူးလား
    မင်းနည်းနည်းကလေးတောင် မကြောက်ရွံ့ဘူးလား
    *ငါလက်ကိုဆုပ်ကိုင်ပြီး ငါနဲ့အတူလိုက်ငိုပါ*
    ငါတို့လွဲချော်သွားကြရင်ဘယ်လိုလုပ်မလဲငါတို့လွဲချော်သွားကြရင်
    တစ်ခုခု…
    ဘာဆက်ရေးရင် ကောင်းမလဲ
    မောနွေ ။ ၂၀၁၀ ။
    * --- * ကဗျာဆရာ ဇေယျာလင်းရေးခဲ့သော ကဗျာတစ်ပုဒ်၏ ခေါင်းစဉ်ဖြစ်ပါသည်။
    4 min

About Podcast by Leon

From the publisher's feed

I recite audiobooks especially poems.