ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ အန္တရာယ်တွေကြားကနေ ထွက်ပြေးတိမ်းရှောင်လာရတာတွေ၊ မရင်းနှီးတဲ့နေရာတွေမှာ ရှင်သန်ဖို့ အတွက် ရှိတာလေးတွေနဲ့ဘ၀ကို ပြန်လည်တည်ဆောက်ရတာတွေ အစရှိတဲ့ စိန်ခေါ်မှု များစွာကိုရင်ဆိုင်နေရပါတယ်။ မွတ်ဆလင်လူနည်းစုဖြစ်တဲ့ကမန်လူမျိုးတွေအတွက်က ဒီလိုစိန်ခေါ်မှုတွေအပြင် လူမျိုးအချင်းချင်း၊ ဘာသာတူအချင်းချင်း ခွဲခြားဆက်ဆံခံရမှုတွေကို ပါ ထပ်တိုးရင်ဆိုင်နေရပါတယ်။