Send us a text
ဆီးချိုသွေးချိုသမားများအနေနဲ့ သွေးတွင်းအချိုဓါတ် ထိန်းဖို့အတွက် ကာဗိုလ်ဟိုက်ဒြိတ် (carbs) လျှော့ချပြီး ကျန်မာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံတွေကို ရွေချယ်စားသုံးခြင်းဟာ အရမ်းအရေးပါတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
Healthy eating လို့ပြောလိုက်ရင် အရင်ဆုံးမျက်လုံးထဲမြင်ယောင်နေတာက ဆန်လုံးညိုပါ။ ဆန်လုံးညို ဟာ ကျန်းမာရေးလိုက်စားတဲ့ စားသောက်မှုကိုရွေးချယ်စားသုံးသူတွေကြားမှာ ရေဗန်းစားနေတာကိုတွေ့ရပါတယ်။
ဒီနေ့တော့ ဆန်လုံးညိုရဲ့ အာသာချက်တစ်ချို့ ကို မျှဝေပေးလိုက်ပါတယ်နော်။
ဆန်လုံးညိုဟာ အပြင်အခွံမာကိုသာချွတ်ထားတဲအတွက် ဆန်ဖြူထက် အာဟာရဓါတ်ပိုပြီးပါဝင်တာကိုတွေ့ရပါတယ်။
ဆန်လုံးညိုရဲ့ အားသာချက်တွေကတော့
-ဗီတာမင်၊သတ္တုဓါတ် နဲ့ Antioxidants ပိုပြီးပါဝင်ခြင်း
-Magnisium ဓါတ်ပိုပြီးပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
-သဘာဝအားဖြင့် Gluten-free ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ပိုပြီးသင့်တော်ခြင်း
-အမျှင်ဓါတ်ပါဝင်မှုများတဲ့အတွက် ဝိတ်ချနေသူများအတွက် သင့်တော်ခြင်း
-Gycemic index နည်းပြီး အစာကြေပျက်မှုနှုန်းနှေးတဲ့အတွက် သွေးတွင်းအချိုဓါတ် တဟုန်းထိုးမြင့်တက်သွားမှုကို ကာကွယ်ပေးခြင်းနဲ့ အခြား ကျန်းမာရေးအာနိသင်များ.