Send a text
ဆီးချိုသမားတွေအနေနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုလိုက်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ထူးပြီးရရှိသွားမှာ မဟုတ်ပါဘူး။ ပျားရည်ဟာလည်း သကြားနည်းတူ သွေးတွင်းသကြားဓာတ်ပမာဏအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ တကယ်တော့ ပျားရည်က သကြားထက်ပိုချိုပါတယ်။ဒါကြောင့် သင့်အနေနနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုမယ်ဆိုရင်တော့ ပမာဏခပ်နည်းနည်းပဲအသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့်နောက်တစ်ချက်အနေနဲ့ကတော့ ပျားရည်က သကြားထက် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လ်လိုရီပါဝင်မှုများတာပါ။ တကယ်လို့ ဆီးချိုရှိသူတစ်ယောက်အနေနဲ့ ပျားရည်ကို နှစ်သက်တယ်ဆိုရင်တော့ ဆီးချိုကောင်းနေတဲ့ အချိန်မှာ နည်းနည်းပါးပါးစားလို့ရပါတယ်။
သကြား နဲ့ ပျားရည် ဘာတွေကွာလဲဆိုတော့ ပျားရည်နဲ့ သကြားက အချိုဓာတ်ရတာချင်းတူပေမယ့် အာဟာရတန်ဖိုးချင်းကတော့ ကွာခြားမှာပါ။