Send a text
အဝလွန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးတွေကြည့်ခြင်းအားဖြင့် ဘာကြောင့်ဝိတ်ချသင့်တာလဲဆိုတာ သိရှိနိုင်ပါတယ်။
ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပက်သက်ပြီးလေဖြတ်နိုင်ချေများခြင်းခြင်းများဖြစ် တက်ပါတယ်။
နှလုံးနှင့်သွေးကြောဆိုင်ရာပက်သက်ပြီး
✅သွေးတိုးရောဂါဖြစ်ခြင်း
✅နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေများခြင်းများဖြစ် တက်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့်ပက်သက်ပြီး
✅အဆုတ်တွင် သွေးခဲပြုတ်ထွက်လာပြီးပိတ်ခြင်း
✅အိပ်ပျော်နေစဉ်လေပြွန်ပိတ်၍ခေတ္တအသက်ရှူရပ်ခြင်းများဖြစ် တက်ပါတယ်။
အစာလမ်းကြောင်းနှင့်ပက်သက်ပြီး
✅စားချဉ်ရေပြန်ခြင်း (သို့)အစာအိမ်အချဉ်ဖောက်ရောဂါများဖြစ် တက်ပါတယ်။
(ထိုရောဂါရှိသူတွေဟာ ဝိတ်ချလိုက်လျှင် ရောဂါလက္ခဏာတွေသက်သာတတ်ပါတယ်)
အသည်း၊သည်းခြေအိတ်ဆိုင်ရာနှင့်ပက်သက်ပြီး
✅အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း
✅အသည်းခြောက်ခြင်း
✅သည်းခြေအိတ်အတွင်း ကျောက်တည်ခြင်းခြင်းများဖြစ် တက်ပါတယ်။
အရိုး၊အဆစ်နှင့်ပက်သက်ပြီး
✅အရိုးအဆစ်များရောင်ခြင်းများဖြစ် တက်ပါတယ်။ (ကိုယ်အလေးချိန်ကို ကြာရှည်စွာ ထိန်းထားရခြင်းကြောင့်အရိုးအဆစ်တွေယောင်နိုင်ပါတယ်)
ကိုယ်ဝန်ဆောင်နှင့်ပက်သက်ပြီး
✅ကိုယ်ဝန်ဆောင်သွေးတိုးရောဂါဖြစ်ဖို့ အလားအလာများခြင်း
✅ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖို့ အလားအလာများခြင်း
✅လမစေ့ဘဲ မွေးဖွားခြင်း
✅ကလေးအရမ်းကြီး၍မွေးရခက်ခဲခြင်း
✅ဗိုက်ခွဲမွေးဖွားဖို့ ရာနှုန်းများခြင်းများဖြစ် တက်ပါတယ်။
အဝလွန်ခြင်းကို ဘယ်လိုကုသလို့ရမလဲ?
- အစားအသောက် သင့်တင့်စွာစားပါ။(နေ့စဉ်ခန္ဓာကိုယ်အတွက် လိုအပ်သလောက်ပမာဏကို တွက်ချက်ကာစားသုံးသင့်ပါသည်)
- လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ။
- ဆေးလိပ်၊အရက် သောက်သုံးခြင်းရှောင်ကြဉ်ပါ။လိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး ဆေးသောက်ပါပြီးကာကွယ်ကုသလို့ရပါတယ်