ကိုယ့်ဘဝရဲ့တစ်စိတ်တစ်ဒေသမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုဘယ်လိုမျိုးသဘောထားရမလဲဆို တာကိုပြောပြထားတဲ့စကား တစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာ အချိန်(၃)ပါးကို ဖြတ်ကျော်နေရမှာဖြစ်ပါတယ်။အဲဒီအချိန်(၃)ပါးထဲမှာ ကိုယ့်အနေနဲ့ အခုလက်ရှိပစ္စုပန်အခြေအနေကိုထက် တခြားသော အတိတ်နဲ့အနာဂတ်ကို ကိုယ့်စိတ်ကြိုက်ခြယ်လှယ်ပိုင်ခွင့်မရှိပါဘူး။
အတိတ်ကာလမှာဖြစ်ပျက်ခဲ့သမျှတွေကို ကိုယ်မကြိုက်တာတွေကိုတော့ဖျက်ပစ်ပြီး ကိုယ်သဘောကျတာတွေကိုပဲ သိမ်းထား ချင်လို့လည်းမရသလို အနာဂတ်မှာ ကိုယ့် စိတ်တိုင်းကျဘာတွေဖြစ်ရမယ်ဆိုပြီး ယတိပြတ်တွက်ဆလို့လည်းမဖြစ်နိုင်ပါဘူး။ ထို့အတူပါပဲ။ ပြီးဆုံးကုန်လွန်ခဲ့ပြီဖြစ်တဲ့အတိတ်ဆိုတဲ့ ကာလတစ်ခုမှာ ကိုယ်မဖြစ်ချင်တာတွေကိုလည်း ဖြစ်ချင်ဖြစ်ခဲ့ရမှာပါပဲ။ အားမတန်လို့မာန်လျော့ခဲ့ရတဲ့အဖြစ် အပျက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ ထို့နည်းတူစွာပဲ ကိုယ့်ရဲ့အတိတ်ကပြန် တွေးချင်စရာမကောင်းလောက်အောင် ခါးသီးလွန်းတဲ့အတွေ့အကြုံတွေလည်းဖြစ်ချင်ဖြစ်နေနိုင်တာပါပဲ။