လူ့လောကကြီးမှာ ပါးစပ်မပါဘဲ စကားအပြောဆုံးက ငွေပါပဲ။ပိုက်ဆံရှိမှ လူရာဝင်မယ်၊ လုပ်ချင်တာတွေလုပ်လို့ ရမယ်၊ လူတန်း စေ့နေနိုင်မယ်၊အသက်ရှင်နိုင်မယ်၊ ပျော်ရွှင်နိုင်မယ် စသဖြင့် လူတွေကို ငွေက နေရာတကာဝင်ပါပြီးအများကြီးကန့်သတ်ထားပါ တယ်။ ဒါပေမဲ့ ငွေနောက်ကိုပဲ လိုက်နေမယ်၊ ငွေရှာဖို့ပဲအချိန်နဲ့အမျှတွေးနေမယ်ဆိုရင် ကောင်းပါ့မလား?
လူရယ်လို့ဖြစ်လာတဲ့အခါ၊ အထူးသဖြင့် အရွယ်ရောက်လာတဲ့အခါမှာဆက်လက်အသက်ရှင်နေထိုင်ဖို့ ရုန်းကန်ကြ ရပါတယ်။ အဲဒီနေရာမှာ အသက်ရှင်ဖို့ငွေရှာရတယ်၊ ငွေရှာဖို့ အသက်ဆက်ရှင်ရတယ်ဆိုတဲ့ သံသရာကို ရောက်မှန်း မသိရောက်သွားကြရပါ တယ်။ ဒါဟာ ဘဝရဲ့ သံသရာလည်ခြင်းဖြစ်ပြီး သံသရာတွေထဲကအကြီးဆုံးဒုက္ခလည်း ဖြစ်ပါလိမ်မ့ယ်။ ဒီလိုသံသရာလည်တာကို ရုန်းထွက်ဖို့အမျိုးမျိုးကြိုးစားကြတဲ့လူတွေလည်း ကမ္ဘာအရပ်ရပ်၊ လူမျိုးအသီးသီး၊ ဘာသာအသီးသီးမှာရှိကြပါတယ်။ ဒါပေမဲ့ ပုထုဇဉ်လူသားအများစုဟာ ရုန်းထွက်ဖို့ မဖြစ်နိုင်ကြပါ ဘူး။ဒီလိုနဲ့ပဲ ခေတ်အဆက်ဆက်၊ လူသားတွေဟာ ငွေနောက်ကိုပဲ လိုက်ခဲ့ ကြရပါတော့တယ်။