အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက် လာမဲ့၃-၅နှစ်တာကို ယခုကာလကနေထည့်သွင်းစဥ်းစားရတာကို ဆိုလိုပါတယ်။ တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့အခါအလွန်မှအချိန်တွေဟာပိုလျှံနေတယ်လို့မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီးတွေလုပ်နေရမယ်လို့အထင်မမှားသင့်ပါဘူး။ အကြောင်းကကိုယ့်အနေနဲ့တရက်တာကို ဘယ်လိုဖြတ် သန်းနေလဲ? ဆိုတာကနေစတင်တွေးကြည့်ရမှာဖြစ်တယ်။ Build-မိမိကိုယ်ကိုယ်တည်ဆောက်နေရဲ့လား? ဥပမာ ခန္ဓာကိုယ်အရ,ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေလား?အခြားသော မိမိ တည်ဆောက်နေရမဲ့အရာတွေ၊ကိုယ်နဲ့ကိုယ်ကြား၊ ကိုယ်နဲ့မိသားစုကြား၊ ကိုယ်နဲ့အပြင်ကလူတွေကြား စတဲ့ ဆက်ဆံရေး၊လူမှု ရေးတွေအပြင် အခြားသော ဘ၀အတွက်လိုအပ်တဲ့ system တွေကိုတည်ဆောက်နေဖို့လိုအပ်ပါတယ်။ Learn-သင်ယူမှုဟာ တိုးတက်မှုရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်၊သင်စရာတွေများတဲ့ခေတ်မှာ ဘယ်အရာကိုတစိုက်မတ်မတ်နဲ့ လေ့လာသွားမလဲဆိုတာ ကို စီမံရမှာဖြစ်တယ်၊ကိုယ့်ရဲ့စိတ်၀င်စားမှု နယ်ပယ်နဲ့ကိုက်ညီတဲ့ အရာလား? ခေတ်နဲ့အညီမဖြစ်မနေ လိုက်ပါ သင်ယူရမဲ့အရာ လား?ကိုယ့်အတွက်လိုအပ်ရဲ့လား? စတာတွေကိုဆန်းစစ်ပြီးလေ့လာသွားရမှာဖြစ်ပါတယ်။