ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကအင်အားကြီးပါတယ်။ ကောင်းမွန်တဲ့ခံစားချက်က စိတ်ငြိမ်းချမ်းမှုတွေပေးနိုင်ပြီးမကောင်းတဲ့ ခံစားချက်တွေက တော့ စိတ်ဒဏ်ရာအမျိုးမျိုးပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်အနှောင့်ယှက် တွေ၊ စိတ်ရှုပ်စရာ တွေက နေ့စဉ်လိုလိုကြုံရတတ်ပါတယ်။ ဥပမာ -တစ်ခါတလေမှာ မနက်မိုးလင်းက တည်းက စိတ်မကြည်တဲ့ အခါ တစ်နေ့လုံး အဆင်မပြေတာ၊ကိစ္စတစ်ခုအပေါ်ဖြစ်တဲ့ ဒေါသစိတ်ကနောက်ကိစ္စတွေမှာပါ ဆက်သွားတဲ့အခါ စိတ်ပင်ပန်း ရတာမျိုးခံစားဖူးမှာပါ။ဒီခံစားချက်လေးတွေက ဘာမှမဟုတ်ပါဘူးလို့ထင်ရပေမယ့် ကျွန်တော်တို့ပျော်ရွှင်မှုကိုတစ်နည်းနည်း နဲ့ အနှောင့်ယှက်ဖြစ်စေ သလို အခြားသူကိုလည်းထိခိုက်စေတာမျိုးဖြစ်တတ်ပါတယ်။
မကောင်းတဲ့စိတ်ခံစားချက်တွေကို(letting go) စိတ်အနှောင့်ယှက်မဖြစ်ဘဲ လွတ်လပ်စေဖို့အတွက် အလေ့ကျင့်လေးကို ပြောပြပေးချင်ပါတယ်။ ရည်ရွယ်ချက် ကျွန်တော်တို့တစ်ခုခုလုပ်တော့မယ်ဆိုရင်ရည်ရွယ်ချက်ကတော့ရှိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်က ဘာလို့ဒီအကျင့်လေးရှိချင်လဲတွေးကြည့်ပါ။ (ပျော်ချင်လို့လား၊ ကိုယ့်နားကသူတွေကိုကောင်းကောင်းဆက်ဆံချင် လို့ လား၊ ဒါမှ မဟုတ် စိတ်ကြည်ချင်လို့လား)။ ဖြည်းဖြည်းချင်းစပါ။ဒီနေ့ကစပြီး ဖြစ်ကိုဖြစ်ရမယ်ဆိုတာထက် ဒီနေ့မှာတော့ ဘယ်လို စိတ် ခံစားချက်ကိုသတိထားမယ်၊ ပြင်ဆင်မယ် လို့အရင်တွေးကြည့်ပါ။ (ဥပမာ - ဒီနေ့မှာမကောင်းတဲ့ခံစားချက်တစ်ခု ကို သတိထားမိ အောင်ကြိုးစားမယ်ဆိုတာမျိုးပေါ့)