တစ်ပတ်အတွင်းစိတ်ဝင်စားဖွယ်ကိုဗစ်နိုင်တင်းသတင်းများ။
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖု့ိအချိန် ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့
➡တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။
➡Stay At Homeကြေညာထားတဲ့ ရန်ကုန်မြို့နေပြည်သူများကို Ration စနစ်နဲ့အခြေခံစားကုန်များဖြန့်ဖြူးပေးနိုင် ဖို့စီစဉ်။
➡လူမှုဖူလုံရေးကြေး သွင်းထားသူများကို လုပ်ခလစာရဲ့(၄၀)ရာခိုင်နှုန်းပြန်ပေးမယ်။
➡မုံရွာQuarantineစင်တာမှ ထွက်ပြေးသွားသူကို ကန်သာယာရေစပ်မှာ ထိုင်နေလျက်နဲ့ပြန်တွေ့။
➡ဖားအံညဈေးကို စက်တင်ဘာလ(၂၂)ရက်နေ့စပြီးပိတ်ထား။
➡မွန်ပြည်နယ်မှာ ရောဂါလက္ခဏာပြသူနဲ့ အရေးပေါ်ကိုဗစ်လူနာတွေကို မော်လမြိုင်ဆေးရုံကြီးမှာပဲ ဆက်လက်ကုသနေ။
➡ထားဝယ်မှာ မိုးစပါးချေးငွေကို အွန်လိုင်းကနေ စမ်းသပ်ထုတ်ချေးဖို့စီစဉ်။
➡တခြားမြို့တွေကနေ မြစ်ကြီးနားမြို့ကို ဝင်ရောက်လာမယ်ဆိုရင် ရပ်ကွက်ထောက်ခံစာပါမှဝင်ခွင့်ပေးမယ်။
➡တောင်ကြီးအပါအဝင် မြို့နယ် ၅၅ မြို့နယ်က တစ်မြို့နဲ့တစ်မြို့ သွားမယ်ဆိုရင် ဆိုင်ရာနေရပ် ရပ်ကွက်ထောက်ခံစာ၊ ဆေးထောက်ခံစာတွေပါမှ ဝင်ခွင့်ပြုမယ်။
➡ချင်းပြည်နယ်မှာဘုန်းတော်ကြီးကျောင်းတွေနဲ့ Church ကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်ခြင်း နှင့်ဝတ်ပြုဆုတောင်းခြင်းတွေကို ယာယီရပ်ဆိုင်း။
စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကို နားဆင်နိုင်ပါပြီ။(Unicode)
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့