လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မချူးဝေငြိမ်း မန္တလေးမြို့ထဲ ဆိုင်ကယ်စီးလာစဉ် နောက်က ဆိုင်ကယ်တစ်စီးပေါ်က လူတစ်ယောက်ဟာ မချူးဝေငြိမ်းနောက် ထိုင်ခုံပေါ်က ထိုင်လိုက်လာတဲ့ သူ့ညီမကို လက်နဲ့ ကိုင်စမ်းပွတ်သပ်သွားပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ များစွာသော မြန်မာအမျိုးသမီးတွေဟာ ဒီလိုကိုယ်ထိလက်ရောက်စော်ကားမှုကို မသိကျိုးကျွံပြုပြီး သည်းခံနေလိုက်ကြမှာ ဖြစ်ပေးမဲ့ ချူးဝေငြိမ်းကတော့ မဟုတ်မခံ ပြန်ရန်တွေ့ပြီး ဒီလူ့ကို ရင်ဆိုင်လိုက်ပါတယ်။ ဒီလူလည်း အဖမ်းခံရပြီး နောက်ဆုံးမှာ တရားစွဲခံလိုက်ရပါတယ်။
အဲဒီအတွေ့အကြုံဟာ ချူးဝေငြိမ်းကို ပန်းချီပညာနဲ့ သရုပ်ဖော်ချင်စိတ်ကို နှိုးဆွပေးခဲ့ပါတယ်။ မိန်းကလေးဆိုတာ အိနြေ္ဒရှိရမယ်၊ စူးစူးရဲရဲစိုက်ကြည့်နေတာ၊ လက်နဲ့ ပွတ်တာ ကိုင်တာတွေကိုလည်း အရှက်ကို ငှဲ့ကွက်ပြီး သည်းခံနေရမယ်ဆိုတဲ့ မြန်မာ့အစဉ်အလာအတွေးအခေါ်တွေကို တွန်းလှန်လိုတဲ့ သရုပ်ဖော်ပန်းချီတွေကို ရေးဆွဲပါတော့တယ်။
ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့ ခြောက်ကြိမ်မြောက်ပန်းချီပြပွဲမတိုင်မီ ဒို့အသံက သူမအလုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေ၊အမျိုးသမီး အမျိုးသားတို့ မေးခွန်းထုတ်လာစေရန် သူမရဲ့ ပန်းချီကားများဖြင့် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ပါသလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးေ မးမြန်းခဲ့ပါတယ်။
ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
Several years ago, Ma Chuu Wai Nyein was travelling through Mandalay by motorbike, when a rider on another bike reached out and groped her teenage sister, who was riding behind her. Instead of ignoring the incident, as is often expected of Myanmar women, she confronted the man, who was arrested and eventually charged.
That experience inspired Chuu Wai Nyein to begin paintings that confront traditionally-held beliefs in Myanmar that women should be modest, but still accept staring and groping.
Ahead of her sixth exhibition, in Paris, Doh Athan speaks with Chuu Wai Nyein about her work, and how she hopes to inspire men and women to question these attitudes.