
Sign up to save your podcasts
Or


လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ တာဝန်ခံမယ့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရှိပါက ပါတီဖျက်သိမ်းမယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ စစ်ကောင်စီရဲ့ ဩဇာခံရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်သွားမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၅ ရက်က ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်မှာမဟုတ်ဘူးလို့ ဗဟိုကော်မတီဝင်တွေ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။
လောင်စာဆီဈေးနူန်းအဆမတန်တက်နေတဲ့ပါကစ္စတန်မှာ ဆင်းရဲသားတွေ ဘဝပျက်အောင် အစိုးရကလုပ်နေတယ်လို့ ပါကစ္စတန်သုံးဘီးယာဉ်မောင်းတွေကပြောပါတယ်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ခရစ်ယာန်မယ်တော်ဂူကို စစ်ကောင်စီက ဒီလဆန်းပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာဟာ ဘာသာရေးနဲ့ပတ်သက်လို့ ခြိမ်းခြောက်မှုလို့ ဒေသခံတွေကပြောဆိုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွက် တိုင်းရင်းသားပေါင်းစုံ တညီတညွတ်တည်းရှိကြောင်းပြသတဲ့အနေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွေကို ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
25-FEB -2023 အပတ်စဉ် DVB Weekly News Digest အစီအစဉ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။
ဒီတပတ်အစီအစဉ်မှာတော့ ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်သုံးသပ်ချက်၊ ပဲခူးတိုင်းခုခံတွန်းလှန်စစ်ပွဲ၊ ဂျပန်-မြန်မာဆက်ဆံရေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
နိုင်ငံကူးလက်မှတ်ပတ်စ်ပို့တွေ လျှောက်ထားတာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်မှာ အွန်လိုင်း ဘွတ်ကင် စနစ်အသစ်နဲ့ ပြန်ဖွင့်လိုက်တဲ့ ပထမဆုံးနေ့မှာတင် လျှောက်တဲ့သူများတာကြောင့် ဝက်ဘ်ဆိုက်ကိုဝင်မရတဲ့ အခက်အခဲနဲ့ကြုံနေရပါတယ်။
အသက် (၅၇) အရွယ်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး ရဲ့ ဈာပနအခမ်းနားကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ ရေဝေးသုသာန်မှာကျင်းပရာမှာ အနုပညာအသိုက်အဝန်းနဲ့ ပရိတ်သတ်တွေ အများအပြား လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။
ရွှေဘို၊ ဝက်လက်၊ အရာတော် ၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးထပ်မံကြေညာခဲ့တဲ့အတွက် နိုင်ငံတဝန်းမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းတခုတည်းပဲ ၁၄ မြို့နယ်အထိရှိလာပါတယ်။ စစ်ခေါင်းဆောင်က နမခ စစ်တိုင်းမှူးကို တရားစီရင်ခွင့်အာဏာကိုပါ ပေးအပ်ပြီး အဆုံးစွန်အထိရက်စက်မှုတွေပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဒေသခံ PDF တွေက သုံးသပ်ပြောပါတယ်။
ကမ္ဘာတဝန်း ထူးထူးခြားခြားသတင်းတွေနဲ့အတူ စီးပွားရေး လူမှုရေး စစ်ရေး သတင်းတွေကို စုစည်း တင်ဆက်ပေးထားတဲ့ ဒီဗွီဘီရဲ့ လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်ကိုနားဆင်နိုင်ပါတယ်။ (ဖေဖော်ဝါရီ ၂၃)
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners