
Sign up to save your podcasts
Or


ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီတရားရုံးက ငွေဒဏ် ကျပ် ၁ သိန်း ပဲချမှတ်လိုက်တာဟာ အာဏာသိမ်းစစ်တပ်ဆီမှာ ညီမျှတဲ့ တရားစီရင်ရေး မရှိဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပြောပါတယ်။
ဥရောပသမဂ္ဂ (အီးယူ)က မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟာ အောင်မြင်တဲ့ခြေလမ်း တစ်ခုဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ မြန်မာလူထုအပေါ် လူ့အခွင့်ရေး ချိုးဖောက်ကျူးလွန်တာတွေ ရပ်တန့်သွားအောင် ဒဏ်ခတ်ပိတ်ဆို့မှု တစ်ခုတည်းနဲ့တင် မလုံလောက်ဘူးလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲခွင့်ပိုမိုရလာနေပြီး ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားလူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲဖြစ်သွားမှာကို မိဘတွေက စိုးရိမ်နေကြပါတယ်၊
စစ်ကောင်စီက ဘယ်လိုပဲ အကြမ်းဖက် ဖိနှိပ်ဖိနှိပ် အရှုံးပေးမှာ မဟုတ်ဘူးဆိုတာက ဒီနှစ် ချင်းအမျိုးသားနေ့ရဲ့ သတင်းစကားဖြစ်တယ်လို့ အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တာနဲ့အညီ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေရာမှာ ချင်းတိုင်းရင်းသားအားလုံးအနေနဲ့ အတူညီညွတ်စွာ ပူးပေါင်းပါဝင်ကြဖို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)က တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ပိုမိုပြင်းထန်စွာအရေးယူဖို့နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်အင်အားစုတွေကို ငွေကြေးအရပိုမိုထောက်ပံ့ကူညီပေးဖို့ အမေရိကန်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဖျက်သိမ်းခံထားရတဲ့ နှင်းဆီပါတီကို ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) အဖြစ် အမည်ပြောင်းပြီး စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဝင်ပြိုင်မယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်လိုက်ပြီလို့ ဦးဆောင်ပါဝင်သူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက် ဒုတိယအများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် ရွေးကောက်ပွဲ မကျင်းပခင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်က နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
နှင်းဆီပါတီဟာ အာဏာသိမ်းစစ်ကောင်စီက ပြန်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ယာယီဦးဆောင်သူ ၂၅ ယောက်နဲ့ဖွဲ့စည်းပြီး ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) လို့ အမည်ပြောင်းကာ ဖေဖော်ဝါရီ ၉ ရက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီမှတ်ပုံပြန်တင်ခဲ့ပါတယ်။
မြန်မာသတင်းမီဒီယာလောကထဲမှာ အမျိုးသမီးတွေဦးဆောင်နိုင်မှုနှုန်းက နည်းပါးနေပြီး မီဒီယာလုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိသတ်မှတ် ခန့်အပ်ထားသင့်တယ်လို့ အမျိုးသမီးသတင်းသမားတွေက အကြံပြုတိုက်တွန်းလိုက်ပါတယ်။
အရပ်သားတွေ လက်နက်ကိုင်ဆောင်ခွင့်ပြုတာဟာ တိုင်းပြည်အတွက် ဆိုးကျိုးတွေသာ ဖြစ်စေမယ်။
ဂါဇာမှာပါလက်စတိုင်းအမျိုးသမီးလက်ဝှေ့ကလပ် ပထမဆုံးပေါ်လာပါတယ်။ သူတို့ရဲ့ အားမာန်ယုံကြည်မျှော်လင့်ချက်တွေက ဘာတွေလဲ ဆိုတာ နားဆင်ကြည့်နိုင်ပါတယ်။
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners