
Sign up to save your podcasts
Or


စလော့ဂိမ်းပေးတဲ့ ဒုက္ခ
ဒီတစ်ပတ် Voice Form Shan State " သျှမ်းပြည်တစ်စေ့တစ်စောင် podcast ထဲမှာတော့ စလော့ဂိမ်းကပေးတဲ့ ဒုက္ခအကြောင်းကို ဆွေးနွေးထားတာပဲဖြစ်ပါတယ်။
မိမိအရပ်ဒေသမှာ စလော့ဂိမ်းကြောင့် ဘယ်လိုဒုက္ခမျိုးတွေ ကြုံတွေ့နေရလဲဆိုတာကိုလည်း Comment ထဲမှာ မျှဝေသွားခဲ့ပါအုံးနော်
ပညာရှင်ကို အသံတိတ်စေခြင်း – ဦးမင်းဇင် ဖမ်းဆီးခံရမှုနှင့် သျှမ်းမြောက်စစ်ပွဲကြားမှ ပေကျင်း၏ ခေတ်သစ်ဩဇာချဲ့ထွင်မှု
မြန်မာနိုင်ငံတွင် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေကြသည့် လွတ်လပ်သော သုတေသနပညာရှင်များ၊ သတင်းမီဒီယာသမားများနှင့် ပညာရှင်များ အခင်းအကျင်းတစ်ခုလုံးကို ပေကျင်းအစိုးရက ရည်ရွယ်ချက်ရှိရှိ ပေးပို့လိုက်သည့် ဂရုပြုရမည့် သတင်းစကားဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဝေဖန်ဆန်းစစ်သည့် စုံစမ်းလေ့လာမှုများသည် ယခုအခါ အလွန်အန္တရာယ်ရှိသော လုပ်ငန်းတခု ဖြစ်လာကြောင်း သိသာလာသည့် အခြေအနေတခုလည်း ဖြစ်သည်။
“သူလျှိုလုပ်မှုနှင့် တရုတ်အမျိုးသားလုံခြုံရေးကို အန္တရာယ်ပြုမှု” ဟူသော တိကျမှုမရှိသည့် ဝေဝါးပြီး နိုင်ငံရေးအရ အသုံးချရလွယ်ကူသည့် စွဲချက်များဖြင့် ဦးမင်းဇင်အား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းသည် ပုံမှန်ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကိုတက်ရောက်ခြင်းမှ ပထဝီနိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ပဋိပက္ခကြားထဲက အုပ်ချုပ်ရေးမှူးဒုက္ခ
မိုင်ဆုန်ခ ဒီတပတ် “Voices From Shan State” “သျှမ်းပြည် တစေ့တစောင့်” Podcast ကနေပြီး တော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်မှာတော့ သျှမ်းပြည် စစ်ရေးပဋိပက္ခကြားမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အများအပြားသတ်ခံနေရပြီး၊ အုပ်ချုပ်ရေးမှူးလုပ်ဖို့အတွက် ကြောက်ရွံ့နေတဲ့အကြောင်းကို ကျနော် စိုင်းဆိုင်လျန်နဲ့ ကျနော် နန်းဆိုင်နွမ်တို့က ပြောပြသွားမှာပါ။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ဒီမှာ နားထောင်နေတဲ့ ပရိသတ်တွေအားလုံး သိပြီးသားဖြစ်ပါတယ်။ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးက ဘာတွေလုပ်ကြလဲ။ ဘယ်လိုကဏ္ဍတွေမှာ တာဝန်ယူရလဲဆိုတာရော ဒီမှာ နားဆင်နေကြတဲ့ ပရိသတ်တွေ ရော သိကြပါသလား။
ကျနော်တို့ ပြောနေကြတဲ့ မြန်မာနိုင်ငံရဲ့ဒေသန္တရ အုပ်ချုပ်ရေးတာဝန်မှာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အရေးပါတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခကြားမှာ အုပ်ချုပ်ရေးမှူးတွေ ဘယ်လိုဒုက္ခကြုံတွေ့နေရလဲဆိုတာ ပြောပြသွားမှာဖြစ်ပါတယ်။
အကြွေးနွံထဲနစ်နေတဲ့ တောင်သူဘဝများ
ဟင်းသီးဟင်းရွက် ၊ အသီးအနှံ ဆိုတာဟာကျနော်တို့ လူသားတွေအတွက် ကျန်းမာရေးကောင်းအောင်လိုအပ်တဲ့ ဗီတာမင် ၊ ဖိုက်ဘာတွေကို ပေးတဲ့ ဟင်းလျာတွေပဲဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေ ၊ အသီးအနှံတွေရရှိလာဖို့ကလည်း တောင်သူလယ်သမားတွေအပေါ် အများကြီးမူတည်နေပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု နဲ့ ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် တောင်သူလယ်သမားတွေ အရှုံးပေါ်ပြီး အကြွေးတွေဝန်ပိနေကြပါတယ်။
အားလုံးပဲ မင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast က ပြန်လည်ကြိုဆိုလိုပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ တောင်သူလယ်သမားတွေရဲ့ “လယ်ယားအရှုံး ၊ အကြွေးဝန်ပိ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို နန်းခမ်းကူကရေးသားထားတာဖြစ်ပြီး သျှမ်းသံတော်ဆင့်မှ ဇွန်လအတွင်းမှာ ထုတ်ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။
အာဏာသိမ်း သမ္မတ တရုတ်ခရီးစဉ်မှာ ဘာတွေအပေးအယူလုပ်ခဲ့လဲ
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင်ဟာ နိုင်ငံတကာထောက်ခံမှု ကိုရရှိနိုင်ဖို့ အတွက် အပြင်းအထန် ကြိုစားနေလျက်ရှိပါတယ်။
သမ္မတဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ နဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့မေလကုန်ပိုင်း နဲ့ ဇွန်လအတွင်းမှာပဲ အိန္ဒိယခရီးစဉ်အပြီး တရုတ်နိုင်ငံကိုပထမဆုံးအကြိမ် သမ္မတအနေနဲ့ သွားရောက်ခဲ့ပါတယ်။ ထိုမှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို အာဏာသိမ်းဗိုလ်ချုပ်ကြီးဖြစ်စဉ်ကာလအတွင်းမှာ ၁၃ ကြိမ်သွားရောက်ခဲ့ ဖူးပါတယ်။
ဒီတစ်ခါ သမ္မတအနေနဲ့သွားရောက်တဲ့အခါမှာတော့ ပြည်ထောင်စုဝန်ကြီး ၆ ဦး ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နဲ့ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေ ၊ ဒုတိယဝန်ကြီးတွေ နဲ့ သံအမတ်ကြီးတွေပါ လိုက်ပါသွားခဲ့တာပဲဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်က မိန်းကလေးများ လူကုန်ကူးခံရ
မိုင်ဆုန်ခ ဒီတပတ် “Voices From Shan State” “သျှမ်းပြည် တစေ့တစောင့်” Podcast ကနေပြီး တော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့ မြန်မာ-တရုတ်နယ်စပ် မှာလူကုန်ကူးခံရတဲ့အကြောင်းကို ကျနော်နန်းဆိုင်နွမ်နဲ့ ဧည့်သည်အနေနဲ့ ဝင်ရောက်ဆွေးနွေးမယ့်သူကတော့ စိုင်းဟန်လင်းဖြစ်ပါတယ်။
လူကုန်ကူးမှုဟာ အရင်က ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံဘက်ကိုသာ လူကုန်ကူးခံရပြီး၊ လက်ရှိမှာတော့ မြန်မာပြည်တွင်းမှာ လူကုန်ကူးမှုတွေ စတင်ဖြစ်လာပါတယ်။
“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”
အာဏာသိမ်းပြီးနောက်ပိုင်း အစစအရာရာ ကြပ်တည်လာပြီးနောက် အသက်မပြည့်တဲ့ ကလေးတွေကလည်း လုပ်ငန်းခွင်ထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။
ကျောင်းနေအရွယ် အသက်မပြည့်သေးတဲ့ ကလေးတွေကလည်း ကျောင်းပိတ်ရက်မှာ အပိုငွေရအောင်စုဆောင်ရှာဖွေလာခဲ့ကြပါတယ်။
ဒါပေမဲ့ ဥပဒေကင်းမဲနေတဲ့ မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးတွေအတွက် လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံနေရတဲ့သူတွေဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က တောင်ကြီးမြို့ Peter ဆိုင်က ဆိုင်ရှင်ဟာ သူရဲ့ဝန်ထမ်း ကျောင်းနေအရွယ် အသက် ၁၆ အရွယ်ရှိတဲ့သူကို ရိုက်နှက်သတ်ဖြတ်ခဲ့ပါတယ်။
အားလုံးပဲ မင်္ဂလာပါ သျှမ်းသံတော်ဆင့်ရဲ့ Podcast အစီစဉ်ကနေပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ “ ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရတဲ့ အသက် ၁၆ နှစ် သမီးလေ” ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို စိုင်းဟန်လင်းကရေးသားထားပြီးတော့ မေလ ၁၄ ရက်မှာ သျှမ်းသံတော်ဆင့်က ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။
ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။
လားရှိုးမြို့က အရင်က အရမ်းအေးချမ်းတဲ့မြို့တစ်မြို့ဖြစ်ခဲ့တာ
အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့မှာကလည်း ပြောင်းလဲသွားခဲ့ပါတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးအပြီး လားရှိုးမြို့ဟာ ယခင်ကနဲ့မတူညီတော့ပါဘူး။ ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ လားရှိုးမြို့ကို သတိရတဲ့အနေနဲ့ ယခင်က ဘယ်လိုမြို့ဖြစ်ခဲ့ဖူးလဲဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။
#SHANBurmese
#whathappeninginshan
#သျှမ်းသံတော်ဆင့်
#shanpodcast
ရွှေတူးဖော်မှုတွေကြောင့် မိုင်းဆတ်မြို့ ဘယ်လိုပြောင်းလဲသွားပြီလဲ
ဒီတစ်ပတ် Voice Form Shan State " သျှမ်းပြည်တစေ့တစောင်း" Podcast ထဲမှာတော့ ရွှေတူးဖော်မှုတွေကြောင့် သျှမ်းပြည် မိုင်းဆတ်မြို့မှာ ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကို ပြောထားတာဖြစ်ပါတယ်။
နားဆင်နေတဲ့ ပရိသတ်တွေကော မိုင်းဆတ်မြို့ကိုရောက်ဖူးရင် ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာကို သိရင်ကျနော်တို့ Comment ထဲမှာ မျှဝေပေးလို့ရပါနော်။
#ShannewsBurmese
#သျှမ်းသံတော်ဆင့်
စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်
စစ်ကော်မရှင်က ရွေးကောက်ပွဲတစ်ပွဲ ကျင်းပပြီး လွှတ်တော်ကိုလည်း ပြန်ခေါ်ခဲ့ပြီးပါပြီး။
ဒါပေမဲ့ ဒါဟာ မြန်မာ့ဒီမိုကရေစီ ပြန်ပေါ်လာတာလား — ဒါမှမဟုတ် အာဏာသိမ်းမှုကို ဖုံးကွယ်တဲ့ ဟန်ပြပွဲသာ ဖြစ်တာလား။
မိုင်ဆုန်ခ နားထောင်သူများအားလုံး။ ကျနော်တို့ရဲ့ သျှမ်းသံတော်ဆင့် Podcast မှာ ပြန်ကြိုဆိုပါတယ်။
ဒီနေ့တော့ စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်နဲ့ မြန်မာ့နိုင်ငံရေး အနာဂတ်အကြောင်း ပြောသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကိုတော့ စိုင်းခွမ်းမိန်းကရေးသားထားပြီး ၂၀၂၆ မတ်လ ၃၀ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
From the publisher's feed