Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

By Shan Herald Agency for News (Burmese Edition)Arts
Download on the App Store

Shan Herald Agency for News (Burmese Edition) episodes

  • ညောင်ရွှေမြို့က ဘာတွေပြောင်းလဲသွားပြီလဲ

    ညောင်ရွှေမြို့က ဘာတွေပြောင်းလဲသွားပြီလဲ


    သျှမ်းသံတောင်ဆင့်က ထုတ်လွှင်ပေးနေတဲ့ Voice of Shan State သျှမ်းပြည်တစ်စေ့တစ်စောင်း Podcast ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီနေ့ Podcast ထဲမှာတော့ ညောင်ရွှေမြို့အကြောင်းကိုလာပြီးတော့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ အဓိကတော့ ညောင်ရွှေမြို့ဟာ ဘယ်လိုမြို့လဲ ဘာတွေရှိလဲဆိုတာကို လာပြောပြပေးသွားမှာဖြစ်ပါတယ်။


    ညောင်ရွှေမြို့ဟာ အင်းလေးကန်သို့သွားရာ အဓိကတံခါးပေါက်ဖြစ်သော ရှေးဟောင်းမြို့ဟောင်းတစ်ခုဖြစ်ပါတယ်။ အင်းတိုင်းရင်းသားများ အများဆုံးနေထိုင်ကာ အင်းလေးကန်ရှုခင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကြောင့် နိုင်ငံခြားခရီးသွားများကြားတွင် အလွန်ထင်ရှားပြီး သမိုင်းနောက်ခံသမိုင်းကြောင်းကြွယ်ဝသော မြို့နယ်တစ်ခု ဖြစ်ပါတယ်။

    13 min
  • တစ်ချိန်က ပုံအင်းဒေသက ဘယ်လိုဖြစ်ခဲ့ဖူးလဲ?

    တစ်ချိန်က ပုံအင်းဒေသက ဘယ်လိုဖြစ်ခဲ့ဖူးလဲ?


    ဒုတိယအင်းလေးလို့တင်စားထားတဲ့ ပုံအင်းဒေသဟာ ယခင်က ဘယ်လိုမျိုးအခြေနေမျိုးရှိခဲ့ဖူးပါသလဲ။ လက်ရှိအချိန်မှာကော ပုံအင်းဒေသဟာ ဘယ်လိုတွေပြောင်းလဲသွားခဲ့ပြီလဲ။


    ဒါကြောင့် ဒီနေ့ Podcast ထဲမှာတော့ ပုံအင်းဒေသအကြောင်းရဲ့ အပြောင်းအလဲကို ပြောပြထားတာဖြစ်ပါတယ်။

    15 min
  • ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day)

    ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day


    လာမည့် မေ (၃)ရက် နေ့က ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဖြစ်ပြီး ကမ္ဘာတဝှမ်းမှာရှိတဲ့ သတင်းသမားတွေ၊ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသူတွေက နှစ်စဉ်ကျင်းပလာခဲ့ကြပါတယ်။


    စာနယ်ဇင်း သမား၊ သတင်းသမားဆိုတာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ အတွေးအခေါ်တွေနဲ့ ကွဲလွဲမှုတွေ ပါဝင်တဲ့ သဘောထားတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသလို ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်မှာ စာနယ်ဇင်းသမား၊ သတင်းစာဟာ အလွန်ပင် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။


    လက်ရှိ ကမ္ဘာတဝှမ်းမှာ သတင်းသမားတွေ မကြုံစဖူး ဖိနှိပ်မှုတွေ ရင်းဆိုင်နေရပြီး၊ မကြာခဏ ၎င်းတို့ရဲ့ အသက်နဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း သတင်းလွတ်လပ်ခွင့်အခြေအနေ ဟာ လွန်စွာ ဆိုးရွာနေပြီး သတင်းသမားတွေကို စစ်အာဏာရှင်က ဖမ်းဆီးချုပ်နှောင်မှုတွေရင်ဆိုင်ကြုံတွေ့နေရသလို ကမ္ဘာသတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှဦလည်း မြန်မာနိုင်ငံက အနိမ့်ဆုံးအဆင့် နိုင်ငံ (၁၀)နိုင်ငံထဲပါဝင်နေပါတယ်။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းမီဒီယာဖြစ်တဲ့ သျှမ်းပြည်အခြေစိုက် စာနယ်ဇင်း၊သတင်းမီဒီယာအခန်းကဏ္ဍမှာရော သတင်းသမားတွေ ဘယ်လို ခက်ခဲစိန်ခေါ်မှုတွေကြုံတွေ့နေရလဲ။ လက်ရှိ စစ်ရေးပဋိပက္ခတွေမှာ သတင်းဆိုတဲ့အရာကိုလူထုတွေ အတွက် ဘာကြောင့် အရေးကြီးလဲဆိုတာ ကျနော် စိုင်းဆိုင်လျန်နဲ့ ကျနော် နန်းဆိုင်နွမ်တို့က ဒီPodcast မှာ ဆွေးနွေးသွားမှာပါ။

    23 min
  • သျှမ်းပြည် ရဲ့ စိန်ခေါ်မှု၊ အကြပ်တည်း လူထုအတွက် ခက်ခဲမှုများစွာရှိနေတဲ့ “သိန္နီ”မြို့အကြောင်း

    သျှမ်းပြည် ရဲ့ စိန်ခေါ်မှု၊ အကြပ်တည်း လူထုအတွက် ခက်ခဲမှုများစွာရှိနေတဲ့ “သိန္နီ”မြို့အကြောင်း


    သိန္နီက သျှမ်းသမိုင်းတွင်တဲ့မြို့၊ သိန္နီက မြောက်ပိုင်းသျှမ်းစော်ဘွားတွေ အုပ်ချုပ်ခဲ့ရာ မြို့။ သိန္နီက သျှမ်းယဉ်ကျေးမှုတွေ ပြည့်တဲ့မြို့တမြို့ပါ။

    ဒါတင်မကဘူး သိန္နီက မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တင်ရှိတဲ့မြို့ပါ။


    အခုချိန်မှာတော့ သိန္နီမြို့က ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာ Podcast ထဲမှာ ဆွေးနွေးထားတာဖြစ်ပါတယ်။

    #SHANBurmese

    #shannews

    #Podcast

    #Shanstates

    14 min
  • ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

    ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း


    ပဋိပက္ခများတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး နဲ့ ကင်းကွာနေတာ နှစ် ၇၀ ကျော်ကြာခဲ့ပါပြီ။


    နှစ် ၇၀ ကျော်လုံးလုံး စစ်ရေး နိုင်ငံရေးတွေနဲ့ ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံမှာ ဘယ်တော့ ငြိမ်းချမ်းမလဲဆိုတာဟာလည်း ပြည်သူတွေတိုင်းရဲ့ မေးခွန်တစ်ခုဖြစ်ပါလိမ့်မယ်။


    အလားတူ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပေါင်းစုံ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် အဖွဲ့စည်းအသီးသီးကလည်း ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။


    ဒါကြောင့် ဒီနေ့မှာတော့ ငြိမ်းချမ်းရေး မျော်လင့်ချက်ကြားက လွိုင်တိုင်းလျန်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဒီဆောင်းပါးကိုတော့ စိုင်းဟန်လင်းကရေးသားထားတာဖြစ်ပြီး သျှမ်းသံတော်ဆင့်ကနေ မတ်လအတွင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


    ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။

    6 min
  • ရွှေတြိဂံဒေသ တာချီလိတ်မြို့ဟာ ဘယ်လိုတွေ ပြောင်းလဲသွားနေပြီလဲ

    ရွှေတြိဂံဒေသ တာချီလိတ်မြို့ဟာ ဘယ်လိုတွေ ပြောင်းလဲသွားနေပြီလဲ


    သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဧပြီ ၀၄


    တာချီလိတ်မှာက လူမျိုးစုံတယ်။ တိုင်းရင်းသးတွေလည်းစုံတယ်။ သျှမ်း၊ အာခါ၊ လားဟူ၊ တရုတ်တွေလည်းရှိတယ်။ လက်နက်ကိုင်တပ်ဖွဲ့ကတော့ လားဟူပြည်သူ့စစ်တွေရှိတယ်။ မြို့ပေါ်မှာ UWSA ဆက်ဆံရေးရုံးရှိတယ်။ တာချီလိတ်က အရင် ကိုဗစ်မတိုင်ခင်ကဆိုရင် ခရီးသွားလာရေးတွေ လာလည်ကြတယ်။ ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ ဘက်ပြီးတော့ တာချီလိတ်ကို တရက်သာ ခရီးလာလည်ကြတယ်။ အခုတော့ အဲ့ဒါတွေမတွေ့တော့ဘဲ ဟိုတယ်တွေများပြီး ခရီးသွားရှားသွားပြီ။

    18 min
  • အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

    အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု


    အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းကျင့်မှုကလည်း ယခင်ထက်ပိုဆိုးလာခဲ့ပါတယ်။ ကျောင်းဆရာတွေက ကျောင်းသူတွေကို ဉီးတည်ပြီး သက်ငယ်မုဒိမ်းပြုကျင့်လာတာကိုတွေ့မြင်လာပါတယ်။


    အားလုံးပဲ မင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေပြန်လည်ကြိုဆိုပါတယ်။


    ဒီတစ်ပတ် Podcast ထဲမှာတော့ တောင်ကြီးမြို့ ကိုယ်ပိုင်ကျောင်းမှာနေတဲ့ ကျောင်းသူတစ်ဦးက ကျောင်းပိုင်ရှင်ရဲ့ သား မုဒိမ်းကျင့်ချင်ကိုခံခဲ့ရတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    ဒီဆောင်းပါးကိုတော့ စိုင်းဟန်လင်း နဲ့ စိုင်ဆိုင်အိုက်တို့ ပူပေါင်းရေးသားထားတာဖြစ်ပြီး သျှမ်းသံတော်ဆင့်ကနေ ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။


    #whathappeninginshan

    #ShannewsBurmese

    5 min
  • ကျိုင်းတုံမြို့ရဲ့ အပြောင်းအလဲ

    ကျိုင်းတုံမြို့ရဲ့ အပြောင်းအလဲ


    မိုင်ဆုန်ခ၊ မင်္ဂလာပါ၊ သျှမ်းသံတော်ဆင့်ရဲ့ အပတ်စဉ်တင်ဆက်တဲ့ “ Voices From Shan State” “ သျှမ်းပြည်တစေ့တစောင့်” ကနေပြီး ကြိုဆိုလိုက်ပါတယ်။


    ဒီတပတ်မှာတော့ တခေတ်တခါက နာမည်ကြီးခဲ့တဲ့မြို့၊ အခုချိန်ထိ တောတောင်တွေနဲ့ အရမ်းကို စိမ်းလန်းပြီး သာယာတဲ့မြို့၊ သျှမ်းယဉ်ကျေးမှု၊ သျှမ်းရိုးရာ နဲ့သျှမ်းသမိုင်း ပြည့်နှက်နေတဲ့မြို့ “ ကျိုင်းတုံမြို့” “ခေမရဌ်” အကြောင်းကို ကျနော် နန်းဆိုင်နွမ်နဲ့ ကျနော် စိုင်းဆိုင်လျန် တို့က တင်ဆက်သွားမှာပါ။


    #ကျိုင်းတုံ

    #shannews #SHANburmese

    13 min
  • ကွတ်ခိုင်(သို့မဟုတ်) နမ့်ခိုင်

    ကွတ်ခိုင်(သို့မဟုတ်) နမ့်ခိုင်


    မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကွတ်ခိုင်မြို့ဟာ အခုတော့ ဘယ်လိုတွေဖြစ်နေတာလဲ။


    ကွတ်ခိုင်မြို့က ဘယ်လိုအချက်အချာကျတဲ့မြို့လဲ။ ကွတ်ခိုင်မြို့နယ်မှာ ညီနောင်မဟာမိတ်တွေက စစ်ရေးတင်းမာနေလဲ။


    #SHANBurmese

    #ShannewsBurmese

    #သျှမ်းသံတော်ဆင့်

    #Shannews

    #shanpodcast #ကွတ်ခိုင် #VoicesFromShanState

    18 min

About Shan Herald Agency for News (Burmese Edition)

From the publisher's feed

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.