
Sign up to save your podcasts
Or


ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ
မြန်မာနိုင်ငံကြီးရဲ့ ပြည်တွင်းစစ်ဖြစ်လာခဲ့တာဟာ နှစ် ၇၀ ကျော်ကြာရှိနေပြီဖြစ်ပါတယ်။ ဒါဟာ ယနေ့ထိတိုင် မဖြေရှင်းနိုင်သေးတဲ့ ပုစ္ဆာတစ်ခုဖြစ်နေပါတယ်။ တကယ်တမ်းတော့ မြန်မာပြည်ကြီးရဲ့ ပြသာနာက ဘာတွေဖြစ်နေမလဲ ။ ကျနော်တို့ စာဖတ်ပရိသတ်ကော စဉ်းစားမိကြလား။
အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ ကိုနောင်ရေးသားထားတဲ့ အတွေးအခေါ်ဆောင်ပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆောင်းပါးရဲ့ခေါင်းစဉ်ကတော့ ပြည်ထောင်စုပြသာနာ နိဂုံးချုပ်သင့်ပြီ ဆိုတဲ့ခေါင်းစဉ်ဖြစ်ပြီး သျှမ်းသံတော်ဆင့်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်လွတ်ခဲ့ပါတယ်။
ဒါကို ကျနော်က မူရင်းအာဘော်မပျက်ပဲ Podcast ကနေတစ်ဆင့်နားဆင်နိုင်အောင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ကျနော်ကတော့စိုင်းဆိုင်လျန်ပါ။
လူထု၏ ကျန်းမာရေးကို စတင်ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ
သဘာဝကပေးထားတဲ့ တော ၊ တောင် ၊ ရေ ၊ မြေတွေကို မှီတင်ပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သျှမ်းပြည်ပုံအင်းဒေသဟာ အနာဂတ်မှာ စိုက်ပျိုးရေးလုပ်လို့မရတော့မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပုံအင်းကထွက်တဲ့ နောင်မွန်သျှမ်းဆန်ဟာ နာမည်ကြီးပြီး မြန်မာနိုင်ငံတစ်ဝှမ်းကို တင်ပို့လျက်ရှိပါတယ်။
ဒါပေမဲ့ အာဏာရှင်အဖွဲ့အစည်းတစ်ခုရဲ့ စီးပွားရေးတွေကြောင့် ပုံအင်းဒေသမှာတော့ နောက်နှစ်တွေမှာ စပါးစိုက်ပျိုးဖို့အတွက် ခက်ခဲလာတော့မှာဖြစ်ပါတယ်။
သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေ ပြန်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ လူထုကျန်မာရေးကို စတင်ခြိမ်းခြောက်လာနေတဲ့ ပင်းပက်သံမဏိစက်ရုံ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို စိုင်းဟန်လင်းမှာရေးသားထားပြီး သျှမ်းသံတော်ဆင့်မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
ဒီဆောင်းပါးကို စိုင်းဆိုင်လျန် မှပြန်တင်ဆက်ထားပါတယ်။
ခွန်ဆာ၏နောက်ဆုံး နေ့ရက်များ
သျှမ်းပြည်ဟာ ပထဝီနယ်မြေအရ မြန်မာနိုင်ငံအတွင်းမှာအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်နေတဲ့ ပြည်နယ်ကြီးတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။
လူမျိုး ၊ ဘာသာ ၊ ယဉ်ကျေးမှုတွေကွဲပြားမှုရှိပေမဲ့လည်း ယခင်က အငြင်းပွားမရှိနေထိုင်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ နယ်မြေအငြင်းပွား ၊ လူမျိုးရေးအငြင်းပွားတွေဟာ သျှမ်းပြည်တွင်း ကြီးမားတဲ့ ပြသာနာတစ်ခုဖြစ်နေပါတယ်။ ဒီပြသာနာတွေဟာ ယနေ့ထိတိုင်း ဆက်တိုက်ကြီးထွားနေပါတယ်။
ဒါကြောင့် ဒီနေ့ Podcast ထဲမှာတော့ MongTai Army MTA ခေတ်ကာလအချိန်က သျှမ်းပြည်နယ်တွင်း တိုင်းရင်းသားအတူယှဉ်တွဲနေထိုင်ခဲ့ပုံ ၊ မူးယစ်ဆေးဝါးနဲ့နာမည်ကြီးခဲ့တဲ့ ခွန်ဆာ လက်နက်ချခဲ့ခြင်း စတာတွေကို ပြန်လည်း ဒီနေ့ Podcast ထဲမှာ ပြန်လာပြောပြပေးသွားမှာဖြစ်ပါတယ်။
သျှမ်းသံတော်ဆင့်ကို ကြည့်ရှုအားပေးနေတဲ့ ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ အခုတင်ဆက်ပေးမဲ့ Podcast ကို သျှမ်းသံတော်ဆင့်သတင်းဌာနကနေ နိုဝင်ဘာ ၂ ရက်နေ့က စိုင်းဆိုင်မုခ် ရေးသားထားတဲ့ ခွန်ဆာ၏နောက်ဆုံးနေ့ရက်များ ဆိုတဲ့ ဆောင်းပါးကို ပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ
လာမဲ့ အောက်တိုဘာ ၂၇ ကျရင် ညီနောင်မဟာမိတ် ၃ ဖွဲ့ TNLA,MNDAA, AA တို့ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ၂ နှစ်ပြည့်ခဲ့ပြီဆိုပေမဲ့လည်း တစ်ချို့နယ်မြေတွေကို ညီနောင်မဟာမိတ်တွေပြန်လက်လွှတ်ဆုံးရှုံးလိုက်ရပြီး စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ၊ နိုင်ငံရေး ၊လူမှုရေး စတဲ့အဖက်ဖက် ကျဆင်းနေချိန်မှာတော့ ပြည်သူတွေက မည်သူပင်အုပ်ချုပ်နေပါစေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုလားနေကြတာတော့ ငြင်းလို့မရတဲ့ အချက်တစ်ခုပါ။
အာဏာရှင်စစ်တပ်ကိုမကြိုက်လို့ တိုက်ထုတ်နိုင်ခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေကို ယုံကြည်အားကိုးခဲ့တဲ့ပြည်သူတွေကတော့ ရက်ကြာလာတာနဲ့အမျှ အာဏာရှင် အသစ်လက်ထဲပြန်အသက်ရှင်နေရတယ်လို့ MNDAA ထိန်းချုပ်ထားနိုင်တဲ့ သိန္နီမြို့ ဒေသခံတွေက ပြောပါတယ်။
သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါ။ ဒီတစ်ပတ် Podcast ထဲမှာတော့ နန်းလောဝ်ရေးသားထားတဲ့ “ နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်က သိန္နီမြို့ရဲ့ ကံကြမ္မာ” ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ယခုဆောင်းပါးကို သျှမ်းသံတော်ဆင့်ကနေ အောက်တိုဘာ ၁၈ ရက်နေ့က စာရေးသားအနေနဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဒုစရိုက်တွေ ၊ ခိုးယူ ၊ လုယက် ၊ လိမ်လည်မှုတွေ များပြားလာခဲ့ပါတယ်။
တရားဥပဒေစိုးမိုမှုလည်း မရှိတာကြောင့် အရေးယူဆောင်ရွက်ရေးပိုင်းမှာလည်း အားနည်းလာပါတယ်။
အထူးသဖြင့် မသမာသူတွေက အမျိုးသမီးငယ်တွေ အသက်ကြီးတဲ့အမျိုးသမီးတွေ ၊ ကလေးတွေကို ဦးတည်ပြီး ဖြားယောင်းဖမ်းဆီးခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့အဆင့်ထိ အတင်းအဓမ္မပြုကျင့်တာ စတာတွေကိုလည်း ပြုလုပ်လာပါတယ် ။
ဒီတစ်ပတ် Podcast ထဲမှာတော့ တို့ဆေး ကို အသုံးပြုပြီးတော့ အမျိုးသမီးငယ်တွေ အသက်ကြီးတဲ့အမျိုးသမီးတွေကို ဦးတည်ပြီး ပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အခုတင်ဆက်ပေးမဲ့ဆောင်းပါးကို “အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တို့ဆေးဆိုတဲ့ ခေါင်းဆောင်နဲ့ နန်းခမ်းကူက ရေးထားပြီ သျှမ်းသံတော်ဆင့်မှ အောက်တိုဘာ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။
ဒါကြောင့် တို့ဆေးတွေကိုဘယ်လိုအသုံးချပြီ လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလဲဆိုတာကို သိရှိဖို့ အခုတင်ဆက်ပေးမဲ့ Podcast ကို အဆုံးထိ နားဆင်းဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။
ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ
ကိုယ်မြန်မာနိုင်ငံတွင်းမှာ အဆင်မပြေလို့ ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်ကိုင်ကြပေမဲ့လည်း ခွဲခြားဆက်ဆံတာ ၊ အလုပ်ကြမ်းတွေလုပ်ရတာ စတဲ့ ဒုက္ခတွေကြုံတွေ့နေကြရပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီး ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူငယ်တွေကို ဖမ်းဆီးမှုတွေရှိလာတာကေကြာင့် လူငယ်အများစုဟာလည်း ရရာနည်းလမ်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြပါတယ်။
ဒီကြားထဲမှာလည်း သူများနိုင်ငံမှာ ဒုက္ခခံပြီ ဝမ်းရေအတွက် ဖြေရှင်းနေရပါတယ်။ဒါအပြင် ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းတွေမရှိတာကြောင့် ထိုင်းအစိုးရက သတ်မှတ်ပေးထားတဲ့ လုပ်အားခနှုန်းတွေလည်းမရရှိကြပါဘူး။
ဒီတစ်ပတ် Podcast ထဲမှာတော့ လိမ္မောခြံမှု အလုပ်လုပ်နေရတဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဝမ်းစာဖြေရှင်းနေရပုံကို လာရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်။
အခုလာရောက်တင်ဆက်ပေးမဲ့ဆောင်းပါးကို စိုင်းဟန်လင်းက ရေးသားထားပြီ သျှမ်းသံတော်ဆင့်မှာ ဩဂုတ် ၂၈ ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။
ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ ။
ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း
စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲ ပြသာနာတွေဟာ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာ ၊ ဒေသတွင်း တာဝန်ယူမှုကင်းမဲ့လာတာ ၊ စီးပွားရေးကျဆင်းလာတာ ၊ CDM ပြုလုပ်သူတွေများလာတာကြောင့် အစိုးရယန္တရား ကောင်းကောင်းမလည်ပတ်နိုင်တော့တာ စတဲ့နည်းမျိုးစုံသောပြသာနာတွေဟာ ဖြစ်ပေါ်နေပါတယ်။
တရားဥပဒေစိုးမိုးမှုကင်းမဲ့လာခဲ့တာကြောင့် ခိုးယူလုယက်မှုတွေကလည်း ပေါများလာခဲ့ပါတယ်။ အလားတူပဲ တာဝန်ယူမှုတွေဟာလည်း ပေါ့ဆလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတာကြောင့် ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
CDM ပြုလုပ်တဲ့သူတွေလည်းများလာတာကြောင့် ကာလတိုသင်တန်းပေးပြီး ကျွမ်းကျင်မှုမရှိတဲ့သူတွေကို လိုအပ်တဲ့နေရာမှာ တာဝန်ခန့်အပ်ပေးနေတာတွေလည်း စစ်ကော်မရှင်ကပြုလုပ်ခဲ့ပါတယ်။
ဒီလို ကျွမ်းကျင်မှုမရှိတဲ့ ဝန်းထမ်တွေကြောင့်လည်း ပြည်သူတွေဟာ မသေသင့်ပဲနဲ့ သေဆုံးသွားရတာတွေရှိနေပါတယ်။
ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ရှောင်မိခင်တစ်ဦးက ဆေးရုံမှာကလေးသွားမွေးရင် မိခင်ကော ၊ ကလေးပါ သေဆုံးသွားရတဲ့ အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည်ကို ပြောင်းသုံးထားပါတယ်။
ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့စစ်ဗုံး
စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ကြားထဲကနေ ပြည်သူတွေဟာ မြေစာပင်ဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတာအများအပြားရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစ စစ်ကောင်စီဟာ သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တီးကျေးရွာထဲက စစ်ဘေးရှောင်တွေရှိနေတဲ့ မဇ္ဈိမာရာမ အလယ်ကျောင်းတိုက်ထဲကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးသွားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ၄၀ နီးပါးရှိပါတယ်။
သေဆုံးသွားတဲ့အထဲမှာ အသက် ၅ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေး (၆) ဦးသေဆုံးသွားခဲ့ပါတယ်။
ဒီထဲမှာ မိဘ နဲ့အဝေးမှာနေရတဲ့ အသက် ၁၃ နှစ်အရွယ် နန်းလွမ့်ခမ်းလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ ပဋိပက္ခတွေကြောင့် ကြားထဲမှာ ပြည်သူဘယ်လောက်ထိခိုက်နစ်နာသွားရလဲဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် အဆုံးထိနားဆင်းဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။
ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
လေကြောင်းဗုံးဒဏ်ကြား အသက်လုရှင်သန်နေရသူများ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း စစ်ရေးအသာစီရရန် နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ရယူရန် အတွက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုပြီးပြုလုပ်လာခဲ့ပါတယ်။
အလားတူပဲ သျှမ်းပြည်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ်တွေနဲ့ စစ်ကောင်စီ ဟာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညီနောင်မဟာမိတ်တွေ က နယ်မြေအများပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲ့အချိန်မှာ ဘယ်သူမှ ထင်မှတ်မထားတဲ့ လားရှိုးမြို့ကြီးအပါ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရပါသေးတယ်။
အခုဆိုရင်လည်း စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း (၁)ဆိုပြီး ကျင်းပဖို့အတွက် ကြေညာချက်ထုတ်လာပြီး ၎င်းတို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ် သီပေါ၊ မိုးကုတ်နဲ့ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အတွက် လေကြောင်းထိုးစစ်ဆင်မှု နေ့စဉ်နဲ့အမျှပြုလုပ်လာပြီဂ အရပ်သားပြည်သူ သေဆုံးမှုကလည်း မြင့်တက်လာပါတယ်။
စစ်ကောင်စီ နဲ့ TNLA တို့ရဲ့ နယ်မြေပဋိပက္ခတွေကြောင့် ပြည်သူတွေကတော့ ကြားထဲမှာ မြေစာပင်အဖြစ် ခံနေရပါတယ်။
ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ လေကြောင်းဗုံးဒဏ်ကြားက အသက်လုရှင်သန်နေသူများ ဆိုတဲ့ ခေါင်းစဉ် နဲ့ လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိ နားဆင်ဖို့အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။
ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
From the publisher's feed