Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

By Shan Herald Agency for News (Burmese Edition)Arts
Download on the App Store

Shan Herald Agency for News (Burmese Edition) episodes

  • တရုတ် ကျားကွက် ထဲက လားရှိုးမြို့

    “ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”


    “၁၀၂၇ စစ်ဆင်ရေး” နဲ့ အတူ လားရှိုးမြို့ကိုသိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က ၂၀၂၄ ခုနှစ်က တိုက်ပွဲတွေအပြင်းထန်းဖြစ်ပွားခဲ့ပြီ နေအိမ်ပျက်စီးမှု နဲ့ အရပ်သားသေဆုံးမှုတွေကလည်း အများပြားရှိခဲ့ပါတယ်။ သေဆုံးမှုတွေများတဲ့အပြင် ဆုံးရှုံးမှုကလည်းကြီးမာလှပါတယ်။


    ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ တရုတ် ကျားကွက်ထဲက လားရှိုးမြို့ဆိုတဲ့ဆောင်းပါးတစ်ပုဒ် နဲ့ လာရောက်တင်ဆက်ပေးသွားပါမယ်။

    မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင် www.shannewsburmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။


    လုံခြုံရေးအရင် ဆောင်းပါးအတွင်း နာမည် နဲ့ အသံကို အစားထိုးအသုံးပြုထားပါတယ်။

    ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။


    #shannews #SHANBurmese #Lashio

    8 min
  • ပဋိပက္ခကြား မူးယစ်ဆေးသုံးစွဲမှု ပိုကြီးထွားနေ

    ၂၀၂၄ ခုနှစ် UNODC ရဲ့ မြန်မာဘိန်းစစ်တမ်း အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ ထုတ်လုပ်မှုမှာ အများဆုံးနိုင်ငံအဖြစ်နဲ့ မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။


    အဆိုးဆုံးကတော့ သျှမ်းပြည်ထဲမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကတော့ ၈၈ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်နေပါတယ်။

    ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများလာတာနဲ့အတူ သုံးစွဲမှုတွေကများပြားပြီးတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေကစ မူးယစ်ဆေးဝါးကို သုံးစွဲလာတက်ကြပြီဖြစ်ပါတယ်။


    တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးတွေကျဆင်းလာပြီ လုပ်အားခနဲ့မညီမျှတဲ့ လခတွေကိုရနေကြတာကြောင့် လူငယ်တွေကျောင်းထွက် အလုပ်လုပ်ပြီး မူးယစ်ဆေးဝါးကို စွဲသုံးနေတာတွေလည်းရှိနေပါတယ်။


    ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်နေတဲ့ သျှမ်းပြည်ထဲက မူးယစ်ဆေးဝါးတွေကို သုံးစွဲနေတဲ့ အသက်မပြည်လူငယ်တွေရဲအကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    ဆောင်းပါးအတွင်းမှာ လုံခြုံရေးအရ နာမည် နဲ့ အသံကိုတော့ အစားထိုးအသုံးပြုထားပါတယ်။ တကယ်လို့ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ www.shannewsburmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။

    9 min
  • စစ်တပ်နှိပ်စက်မှုကြား အားကိုးရာမဲ့ မိခင်များ

    စစ်တပ်နှိပ်စက်မှုကြား အားကိုးရာမဲ့ မိခင်များ


    “ကျမကို သေနတ်နဲ့ ဝိုင်းချိန်ပြီး အဲ့ထဲက တစ်ယောက်က သေနတ်ဒင်နဲ့ ဉီးခေါင်းကို ထုတယ်။ စစ်ဖိနပ်နဲ့ ရင်ဝကို ကန်တယ်။ ကျမ အသိစိတ်တွေပါ ပျောက်သွားတယ်”


    မြန်မာနိုင်ငံအတွင်းမှာ အာဏာရှင် ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မိသားစုတွေ ပြိုကွဲသွားခဲ့ရတာ အများအပြားရှိနေပါတယ်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု သတ်ဖြတ်မှုတွေကြောင့် ခွဲခွာသွားရတဲ့ မိသားစုတွေထဲမှာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က ဒေါ်ငယ်ရဲ့ မိသားစုလည်း အပါဝင်ဖြစ်ပါတယ်။


    ဒါကြောင့် ဒီနေ့ Podcast အစီစဉ်ထဲမှာဆိုရင်တော့ စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့တဲ့ မိခင်ဒေါ်ငယ်အကြောင်း ဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    လုံခြုံရေးအရ ဆောင်းပါအတွင်းကို နာမည် နဲ့ အသံကို အစားထိုးအသုံးပြုထားပါတယ်။ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ www.shannewsburmese.org မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်။


    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    8 min
  • ခေတ်အဆက်ဆက် ဥပေက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

    ခေတ်အဆက်ဆက် ဥပေက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး


    ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာရေးကောင်းနေရင် စိတ်ချမ်းသာရပါတယ်။


    ကျန်းမာရေးကောင်းဖို့အတွက် မိမိကိုယ်ကိုယ်ဂရုစိုက်ကြရပြီ နေမကောင်းဖြစ်လာတဲ့အခါမှာ ဆေးရုံ ၊ဆေးခန်းသွားပြီ ကုသကြရပါတယ်။


    တစ်ချို့ဝေလံခေါင်းဖြာတဲ့ကျေးရွာတွေဘက်မှာဆိုရင် ဆရာဝန်တွေမရှိတာကြောင့် ရိုးရာတိုင်းရင်းဆေးတွေနဲ့ကုသကြတာတွေလည်းရှိပါတယ်။


    အလားတူပါပဲ မြန်မာနိုင်ငံတွင်းမှာတော့ အစိုးရဘက်ကနေ ကျန်းမာရေး နဲ့ ပတ်သက်လာရင်တော့ ထိရောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ခြင်းတော့မရှိသေးပါဘူး။ အထူးသဖြင့် ကျေးလက်ဒေသတွေဘက်မှာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်လာရင် အသိပညာမရှိတာ ၊ ဆရာဝန်တွေမရှိတာစတဲ့အခက်ခဲတွေနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။


    ဒါကြောင့် ဒီတစ်ပတ် Podcast အစီစဉ်ထဲမှာဆိုရင်တော့ သျှမ်းပြည်တွင်းက လမ်းပန်ဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ်ကျေးလက်ဒေသအတွင်းမှာ ကွင်းဆင်းပြီ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆရာမတစ်ယောက်အကြောင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    လုံခြုံရေးအရ ဆောင်းပါးအတွင်းမှာ အသံ နဲ့ နာမည်ကို အစားထိုးအသုံးပြုထားပါတယ်။


    မူရင်ဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင် www.shannewsburmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။

    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    8 min
  • သျှမ်းပြည်ညီညွတ်ရေး အလှမ်းဝေးနေလား

    သျှမ်းပြည်ညီညွတ်ရေး အလှမ်းဝေးနေလား


    “အမတို့ဆို ဘာမှမရှိတော့ပါဘူး။ ဆုံးရှုံးသွားတာတွေ ဘယ်သူတွေက ဘာလုပ်ပေးကြမှာလဲ။ ကိုယ်ချင်းစာ တရားလေး ထားကြစေချင်တယ်”

    ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ပြည်သူတွေထိခိုက်နစ်နာမှုကတော့ အများဆုံးဖြစ်နေတယ်လို့ ပြောရင်လည်းမမှားပါဘူး။

    လေယာဉ်ပစ်ခတ်မှုကြောင့် ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို ဘယ်သူက တာဝန်ယူပြန်ဆောင်ရွက်ပေးမလဲဆိုတာကိုလဲ အခုချိန်ထိ ခေါင်းဆောင်ပျောက်နေဆဲဖြစ်ပါတယ်။ ဒီလိုကာလအတွင်းမှာလည်း တိုင်းရင်းသားတွေအချင်းချင်းကြားမှာ မတူညီတဲ့ခံယူချက်တွေနဲ့ ပဋိပက္ခတွေဆက်ဖော်ပေါ်နေပါသေးတယ်။ ဒီလိုဆိုရင် အတူတကွပျော်ရွှင်စွာနေထိုင်ဖို့ကလည်း အလှမ်းဝေးနေမလား။ သျှမ်းပြည်ညီညွတ်ရေးကကော ဘယ်လောက်ထိရှိနေလဲဆိုတဲ့ ဆောင်းပါးကို ဒီနေ့ Podcast ထဲမှာလာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    ဟုတ်ကဲ့ပါ။ သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်များ အားလုံးပဲမင်္ဂလာပါ။ ကျနော်တို့ရဲ့ မြန်မာပိုင်း Podcast အစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့Podcast ထဲမှာတော့ သျှမ်းပြည်ညီညွတ်ရေးက အလှမ်းဝေးနေပြီလား ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    မူးရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင် shannews.burmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။

    ဆောင်းပါးအတွင်းလုံခြုံရေးအရ နာမည် နဲ့ အသံတွေကို အစားထိုးအသုံးပြုထားပါတယ်။

    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    15 min
  • အေးချမ်းမှုတွေပျက်သုဉ်းသွားတဲ့ မဲနယ်တောင်

    မဲနယ်တောင်လို့ပြောလိုက်ရင် အခုခေတ်လူငယ်တွေကြားမှာတော့ အပန်းဖြေစခန်း ၊ တောင်တန်းတွေနဲ့ လှပနေတဲ့ရှူခင်းတွေလို့ အရင်ဆုံးမြင်မိကြပါလိမ့်မယ်။ တကယ်တော့ မဲနယ်တောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က အာဏာသိမ်းဦးသန်းရွှေခေတ်မှာ ဘိန်းစိုက်ခင်းတွေနဲ့ နာမည်ကြီးတဲ့ဒေသပဲဖြစ်ပါတယ်။


    မဲနယ်တောင်ဟာ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲတည်ရှိပြီ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ တောင်တက်ခရီးကြိုက်တဲ့သူတွေအတွက် နာမည်ကြီးလာတဲ့တောင်တစ်တောင်ဖြစ်လာပါတယ်။


    မဲနယ်တောင်ဟာ နှစ်ပေါင်း၂၀ ကျော်ကြာ မကောင်းတဲ့နေရာတစ်ခုအဖြစ်နာမည်ကြီးခဲ့ပြီ ခရီးသွားဒေသအဖြစ် နာမည်ကောင်းနဲ့ ပြန်ရလာချိန်မှာပဲ အခုတစ်ဖန် ဘိန်းစိုက်ခင်းနဲ့ပြန်နာမည်ကြီးလာပါတယ်။


    ဟုတ်ကဲ့ပါ။ သျှမ်းသံတော်ဆင့်ကို ကြည့်ရှူအားပေးနေတဲ့ စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ ကျနော်တို့ သျှမ်းသံတော်ဆင့် မြန်မာပိုင်းရဲ့ Podcast အစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။


    ဒီတစ်ပတ် Podcast အစီစဉ်ထဲမှာတော့ မဲနယ်တောင်ဒေသကပြည်သူတွေရဲ့အကြောင်း နဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ပြပေးသွားမှာဖြစ်ပါတယ်။


    မူရင်းဆောင်းပါးကိုပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ www.shannews.burmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။

    လုံခြုံရေးအရ ဆောင်းပါအတွင်း နာမည် နဲ့ အသံကို အစားထိုးအသုံးပြုထားပါတယ်။


    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    10 min
  • ကိုးကန့်လက်အောက်က လောင်းကစားလား ၊ တပေါင်းပွဲလား

    နိုင်ငံရေး ၊ စစ်ရေးတွေရဲ့အခြေနေကြောင့် တပေါင်းပွဲတော်ကြီးဟာလည်း ယခင်တွေလို ကုသိုလ်အလှူပြုပွဲတော်မဟုတ်တော့ပဲ လောင်းကစားတွေနဲ့ တစ်ဖြည်းဖြည်း ပြည်လာခဲ့ပါတယ်။


    ဒါကြောင့် ဒီတစ်ပတ် Podcast အစီစဉ်ထဲမှာတော့ “ ရင်တထိတ်ထိတ်နဲ့ကြောက်နေရတဲ့ တပေါင်းပွဲ” ဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    သျှမ်းသံတော်ဆင့်ကို ကြည်ရှူအားပေးနေတဲ့ စာဖတ်ပရိသတ်များအားလုံးပဲ မင်္ဂလာပါ။


    သျှမ်းသံတော်ဆင့်ရဲ့ Podcast အစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast အစီစဉ်ထဲမှာတော့ ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း သိန္နီမြို့ပေါ်က တပေါင်းပွဲအတွင်း အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆောင်းပါးအတွင်း လုံခြုံရေးအရ အသံ နဲ့ နာမည်ကို အစားထိုးအသုံးပြုထားပါတယ်။


    မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်ပါက www.shannews.burmese.org မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်။

    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    9 min
  • အိပ်ရေးပျက်ညများစေတဲ့ စစ်မှုထမ်း

    အိပ်ရေးပျက်ညများစေတဲ့ စစ်မှုထမ်း


    နိုင်ငံတစ်ဝှမ်းမှာ စစ်မျက်နှာဖွင့်ထားရပြီ စစ်ရှုံးနေတဲ့ စစ်ကောင်စီက စစ်သည်အင်အားလျော့နည်းလာတာနဲ့အတူ ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် ၂၀၂၄ ဖေဖော်ဝါရီလကစပြီးတော့ စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး ကျင့်သုံးလာခဲ့ပါတယ်။


    ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ 29 ရက်နေ့တုန်းကလည်း စစ်ကောင်စီက စစ်မှုထမ်း နည်းဥပဒေအသစ်ကို ထုတ်ပြန်ခဲ့ပြီးတော့ ယခင်ကထက် ပိုပြီတင်းကြပ်ပြီ ကောက်ခံသွားမှာဖြစ်သလို ဒီတစ်ခုမှ အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့အတွက် ကောက်ခံသွားမယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။


    ဒီတစ်ခါထုတ်ပြန်လာတဲ့ထဲမှာဆိုရင် နိုင်ငံခြားထွက်ခွာခွင့်ကိုလည်း စစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိရင် ထွက်ခွာခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။ ဒါတွေကြောင့် လူငယ်တွေဟာ ရရာနည်းလမ်းနဲ့ စစ်မှုထမ်းဥပဒေကို တိမ်းရှောင်နေကြပါတယ်။


    သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ ကျနော်တို့ သျှမ်းသံတော်ဆင့်ရဲ့ Podcast ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ လူငယ်တွေကိုစိတ်ခြောက်ခြားစေတဲ့ စစ်မှုထမ်းဥပဒေ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    လုံခြုံရေးအရ ဆောင်းပါးအတွင်း အသံ နဲ့ အမည်တွေကို အစားထိုးအသုံးပြုထားပါတယ်။


    မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ www.shannews.burmese.org မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်။

    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    9 min
  • ဖျော်ရည်သဘောနဲ့ ပိုသုံးစွဲလာကြတဲ့ "ဘိန်းစာရွက်ရည်"

    ဖျော်ရည်သဘောနဲ့ ပိုသုံးစွဲလာကြတဲ့ "ဘိန်းစာရွက်ရည်" Podcast


    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်အတွင်း ဘိန်းစိုက်ပျိုး နှစ်စဉ် ၂၀ ရာခိုင်းနှုန်းတိုးမြင့်တက်လာသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေကလည်း များပြားလာခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံထဲမှာ သျှမ်းပြည်နယ်ဟာ မူးယစ်ဆေးဝါးထုတ်လုပ် စိုက်ပျိုးမှုအများဆုံးဖြစ်သလို ကမ္ဘာမှာလည်း မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးဖြစ်တယ်လို့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။


    သေရည် ၊ သေရက်တွေဖြစ်တဲ့ အရက် ၊ ဆေးလိပ်အပြင် အခုနောက်ပိုင်းမှာ ဘိန်းရွက်ရည် ထိုင်းလို Kartom လို့ခေါ်တဲ့ မူးယစ်ဆေးရည်ဟာ သျှမ်းပြည်အရှေ့ပိုင်းဘက်မှာ နာမည်ကြီးတဲ့ အရည်အသစ်တစ်မျိုးဖြစ်လာခဲ့ပါတယ်။


    သျှမ်းသံတော်ဆင့်ရဲ့ စာဖတ်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်ရဲ့ မြန်မာပိုင်း Podcast ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ Podcast ထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်းမှာ နာမည်ကြီးတဲ့ မူးယစ်ဆေးဝါးအရည်တစ်မျိုးဖြစ်တဲ့ ဘိန်းရွက်ရည် ဒါမှမဟုတ် Kartom လို့ခေါ်တဲ့ မူးယစ်ဆေးဝါးအကြောင်းဆောင်းပါးကို လာပြောပြပေးသွားမှာဖြစ်ပါတယ်။


    ဒီဆောင်းပါးကို စာရေးသားအနေနဲ့ဖတ်ရှူချင်တယ်ဆိုရင် shannews.burmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။

    ဆောင်းပါးအတွင်းလုံခြုံရေးအရ နာမည် နဲ့ အသံတွေကို အစားထိုးအသုံးပြုထားပါတယ်။


    #SHANBurmese

    #Shannews

    #Podcast

    7 min
  • ကျားဖြန့်လုပ်ငန်းတွေ နည်းမျိုးစုံနဲ့ ကြီးထွားနေဆဲ

    ကျားဖြန့်လုပ်ငန်းတွေ နည်းမျိုးစုံနဲ့ ကြီးထွားနေဆဲ


    “အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန် မြေကော်ကား ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြပြီ။ တောထဲမှာပဲ တော်ရုံလူတောင် မဝင်နိုင်ဘူး၊ အလုပ်က ဒီဒေသက လူပဲခေါ်တာ တခြားဒေသဆို မယူဘူး။ လစာက ၁၅၀၀ ယွမ်က စတယ်” လို့ တန့်ယန်းမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။


    မြန်မာ-တရုတ် နယ်စပ်မှာ ကြီးထွားလာနေတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို တိုက်ဖျက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး” ကို သျှမ်းပြည်မြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ်က စပြီးတော့ ညီနောင်မဟာမိတ်တွေက စတင်လာခဲ့ပါတယ်။

    ကျားဖြန့်လုပ်ငန်းပပျောက်ဖို့ ရှင်းလင်းတိုက်ထုတ်ခဲ့တယ်ဆိုပေမဲ့လည်း သျှမ်းပြည်တစ်ဝန်းမှာတော့ ကျားဖြန်လုပ်ငန်းတွေဟာ ပြည်သူ့စစ်တွေတည်ရှိနေတဲ့ ဒေသတွေမှာပိုပြီထွန်းကာနေဆဲဖြစ်ပါတယ်။


    သျှမ်းသံတော်ဆင့်ကို ကြည့်ရှူအားပေးနေတဲ့ စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ ကျနော်တို့ရဲ့ Podcasts အစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။ ဒီနေ့ကျနော်တို့ Podcast အစီစဉ်ထဲမှာတော့ ကျားဖြန်နဲ့ပတ်သက်တဲ့ဆောင်းပါးကို ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။


    #shannews

    #SHANBurmese

    #သျှမ်းသံတော်ဆင့်

    #Podcast

    12 min

About Shan Herald Agency for News (Burmese Edition)

From the publisher's feed

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.