Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

By Shan Herald Agency for News (Burmese Edition)Arts
Download on the App Store

Shan Herald Agency for News (Burmese Edition) episodes

  • သျှမ်းပြည် လောက်ကိုင်က Hair Stylist

    သျှမ်းပြည် လောက်ကိုင်မြို့မှာ Hair Stylist တယောက်အနေနဲ့ ဘာကြောင့်စိတ်ဝင်စားရလဲ။ လူငယ်တယောက်အနေနဲ့ လောက်ကိုင်မြို့မှာ ဘယ်လိုရှာဖွေစားသောက်နေလဲ၊ ဘာတွေ ခက်ခဲနေလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က Hair Stylist စိုင်းဖကို တွေ့ဆုံမေးမြန်းထားပါတယ်။

    30 min
  • လက်ရှိ နှင့် SSPP တည်ထောင်မှု (၅၂) ပြည့် ခရီး

    လက်ရှိ နှင့် SSPP တည်ထောင်မှု (၅၂) ပြည့် ခရီး


    အခုနှစ် သြဂုတ်လ ၁၆ ရက်ဟာဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တည်ထောင်မှု သက်သမ်း ၅၂ နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

    SSPP ဆိုတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်နေ့မှာ SSA အဖွဲ့အစည်းရဲ့ ပထမညီလာခံကျင်းပတဲ့ အချိန် စတင်တည်ထောင်လာခဲ့တာပါ။

    SSPP/SSA၏ သမိုင်းကြောင်းက ရှည်လျားပြီး ကနဦးတည်ထောင်စဉ်ကတည်းက သျှမ်အမျိုးသား တော်လှန်ရေးအတွက် ဦးတည် ပေါက်ဖွားလာခဲ့တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။


    ဒီကနေ့ ကျရောက် (၅၂) နှစ်မြောက် SSPP တည်ထောင်မှုကို အကြောင်းပြုပြီး SSPP ရဲ့ တည်ထောင်မှု သမိုင်းကြောင်း ဘယ်လိုရှိလဲ၊ သက်တမ်းတစ်လျှောက် စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်/လုပ်ဆောင်ချက်တွေ ဘယ်လို ရှိခဲ့လဲ ဆိုတာကို သျှမ်းသံတော်ဆင့် နန်းနောင့်နောင့်က တင်ဆက်ထားပါတယ်။


    #SHANNews

    #SHANBurmese

    #သျှမ်းသံတော်ဆင့်

    10 min
  • တောင်တန်းပြည်မ စည်းလုံးရေးအတွက် ကြိုးပမ်းခဲ့သူ

    တစ်ခေတ်တစ်ခါက စော်ဘွားတွေ နေထိုင်တဲ့ မိုင်းပွန်မြို့ ဆိုတာဟာ သာယာဝပြောတဲ့ နယ်မြေ ဒေသတစ်ခု ဖြစ်ပါတယ်။ သို့ပေမဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ကွယ်လွန်ပြီးနောက် စစ်အာဏာလက်ထက် ရောက်လာတဲ့ အချိန်မှာတော့ မိုင်းပွန်မြို့ဟာ မထင်မရှားမြို့အဖြစ်သာ ရှိနေပါတယ်။


    ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံမှု ကင်းမဲ့ခဲ့တဲ့အတွက် မိုင်းပွန် ဟော်နန်းရဲ့ ပရိဝုဏ်ဆိုရင်လည်း ဝင်တဲ့ လမ်းလောက်ပဲ ကျန်နေပါတော့တယ်။ ဟော်နန်း အဆောက်အအုံနဲ့ အတွင်းခန်းက ပစ္စည်းတွေဆိုရင်လည်း မရှိသလောက် ကုန်ခန်းနေပြီး ကြမ်းခင်းက အစ ယိုယွင်း ပျက်စီးနေပါတယ်။


    မည်သို့ပင် ဆိုစေကာမူ ဖြိုချဖျက်ဆီးခံလိုက်ရလို့ ပြိုလဲသွားတဲ့ အဆောက် အဦးတွေ ရဲ့မြည်ဟီးသံကတော့ သျှမ်းလူမျိုးတွေရဲ့ နှလုံး သားတွေထဲမှာ ကမ္ဘာတည်နေသေးသရွေ့ မြည်ဟီးနေမှာပါ။


    #shannews #သျှမ်းသံတော်ဆင့် #SHANBurmese #ဟော်နန်း #စော်ဘွား

    7 min
  • Single Mom တော်လှန်ရေးမိခင်တယောက် စိန်ခေါ်မှု

    မိုင်ဆုန်ခ ၊ မင်္ဂလာပါ သျှမ်းသံတော်ဆင့် မြန်မာပိုင်း Podcasts အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcasts အစီစဉ်မှာဆိုရင် တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးလည်းဖြစ် ၊ Single Mother လည်းဖြစ်တဲ့ အင်းလေးသူ မယုလှိုင်သင်းနဲ့ တွေ့ဆုံးမေးမြန်ထားတဲ့ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တော်လှန်ရေးကာလအတွင်းမှာ ကလေး ၂ ယောက် နဲ့ ဘယ်လိုတွေ သွားလာလှုပ်ရှားခဲ့လဲဆိုတာကို သျှမ်းသံတော်ဆင့် နန်းနောင့်နောင့်ကနေ မေးမြန်ထားကို နားဆင်ရမှာပဲဖြစ်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    39 min
  • (BURMESE FM) သျှမ်းယဥ်ကျေးမှု ဓလေ့ထုံးတမ်း အငွေ့အသက်မဲ့တဲ့ ဟော်နန်းပုံစံတူ

    သျှမ်းယဥ်ကျေးမှု ဓလေ့ထုံးတမ်း အငွေ့အသက်မဲ့တဲ့ ဟော်နန်းပုံစံတူ


    စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်ကာလမှာ ဖျက်ဆီးခံရတဲ့ ကျိုင်းတုံဟော်နန်းကို လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ငွေကြေးကုန်ကျ ပြန်ပြုပြင်နေပါတယ်။


    ဒီပုံတူ ဟော်နန်းကို ပြန်လည်တည်ဆောက်တာဟာ သျှမ်းလူထုရဲ့ စိတ်ကို ပြန်လည်ကုစားပေးပြီး သျှမ်းလူထုရဲ့ ထောက်ခံမှုကို လိုချင်လို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။


    တခေတ်တခါက ကိုယ့်လူမျိုးပေါ် မျိုးသုဥ်းသတ်ဖြတ် ဂျီနိုဆိုဒ်လုပ်ခဲ့ပြီး ကိုယ့်လူမျိုးရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးထံကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လက်ရက်တွေဟာ ဒီဟော်နန်းပုံတူ တွေနဲ့ သျှမ်းလူထုတွေ ကျေနပ်နေကြပြီလားဆိုတာလည်း စဥ်းစားစရာဖြစ်လာပါတယ်။


    #shannews #SHANBurmese #သျှမ်းသံတော်ဆင့် #စစ်အာဏာရှင်

    7 min
  • (BURMESE FM) တာချီလိတ်မှာ ဘာမူးယစ်ဆေးတွေရလဲ

    တာချီလိတ်မြို့ဟာ ထိုင်း-မြန်မာ နယ်စပ် မြို့တမြို့ဖြစ်ပြီး၊ မူးယစ်ဆေးဝါးတွေကြောင့် လူငယ်တွေ အမျိုးသမီး တွေ ဘဝပျက်သွားတဲ့သူတွေ၊ မူးယစ်ဆေးဝါးကြောင့် အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးငယ်တွေ နေ့စဥ်နဲ့ အမျှ ရှိနေပါတယ်။


    တာချီလိတ်မြို့မှာ မူးယစ်ဆေးကို ကွမ်းယာ၊ ကော်ဖီထုတ်လို့ ဝယ်ယူရလွယ်တဲ့ဒေသပါ။ ဒီတာချီလိတ်မြို့မှာ ဘယ်လို မူးယစ်ဆေးဝါးတွေရနေလဲဆိုတာကိုတော့ သျှမ်းသံတော်ဆင့် က သတင်းထောက် နန်းနောင့်နောင့် က တင်ဆက်ပေးသွားမှာပါ။


    #SHAN , #SHANBurmese , #သျှမ်းသံတော်ဆင့် #မူးယစ်ဆေး #တာချီလိတ်

    8 min
  • (BURMESE FM) ခမောက်နဲ့ သျှမ်းဆိုတာ ဒွန်တွဲမြင်

    သျှမ်းခမောက်ကို သျှမ်းလို အခေါ် “ကွပ်” လို့ ခေါ်ကြပါတယ်။ သျှမ်းခမောက် ပြုလုပ်တဲ့ ဒေသများ အနက် “မိုင်းနောင် သျှမ်းခမောက်” ကတော့ ထင်ရှားကျော်ကြားလှပါတယ်။ မိုင်းနောင်မြို့ဟာ ရှမ်းခမောက် “ကွပ်မ် ယော”ထွက်ရှိရာ အချက်အချာမြို့လို့တောင် ခေါ်ဆိုကြပါတယ်။


    သျှမ်းလူမျိုးတို့ရဲ့ ခမောက်ပြုလုပ်ပုံမှာ နေဒေသအလိုက် အမျိုးမျိုးကွဲပြားပါတယ်။ ဝါးခမောက်၊ မြက်ခမောက်၊ ဂျုံခမောက်၊ ရုံးခမောက်၊ ထန်းခမောက်၊ တွေခမောက် တို့ဖြစ်ပါတယ်။ ဝါးခမောက်ကို သျှမ်းလူမျိုးတို့ တည်ရှိ နေထိုင်ရာ ဒေသတိုင်းမှာ အသုံးပြုလျက် တွေ့ရှိရပါတယ်။


    #shannews #SHANBurmese #သျှမ်းသံတော်ဆင့် #သျှမ်းရိုးရာ

    5 min

About Shan Herald Agency for News (Burmese Edition)

From the publisher's feed

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.