
Sign up to save your podcasts
Or


"ပျက်စီးသွားတဲ့လူထုရဲ့ အသိုက်မြုံကို ဘယ်သူတာဝန်ယူမလဲ"
" အိမ်တစ်လုံဖြစ်ဖို့ဆိုတာလုံးမလွယ်တဲ့ကိစ္စလေ။ တစ်သက်လုံးချွေတာစုဆောင်ပြီးလုပ်လာခဲ့တာ ။ အိမ်တစ်ခုလုံး ပျက်စီးဆုံးရှုံးသွားတဲ့အခါ အရမ်းကိုနှမြောမိတယ်" လို့ နန်ဆာက ပြောပါတယ်။
#shannews
#SHANBurmese
#Podcast
စစ်မီးတွေကြား ခေါင်းမဖော်နိုင်တဲ့ သျှမ်းနှစ်သစ်ကူး ပွဲတော်
သျှမ်းနှစ်သစ်ကူးချိန် ရောက်လာတဲ့ နတ်တော်လဟာ အုံးစည်ဗုံးမောင်း အသံတွေနဲ့ သာယာလှပခဲ့ဖူးပေမဲ့ ယခုနှစ် သျှမ်းနှစ်သစ်ကူးကတော့ စစ်မီးတွေကြား မသာယာနိုင်တော့ပါဘူး။ သျှမ်းနှစ်သစ်ကူး အချိန် မဟာမိတ် တပ်တွေနဲ့ စစ်ကောင်စီ တပ်တို့အကြား ၁၀၂၇ စစ်ဆင်ရေးကြောင့် သေနတ်သံ နဲ့ လက်နက်ကြီးထုသံတွေက သျှမ်းပြည်အတွင်းပျံ့နှံ့နေပါတယ်။ မြူနှင်းတွေအကြား ယမ်းငွေ့တွေဝေနေပြီး သျှမ်းပြည်သူတွေ သောင်း နဲ့ချီကလည်း စစ်ရှောင်ထွက်ပြေးရပါတယ်။
ဒီတစ်ပတ် သျှမ်းသံတော်ဆင့်ရဲ့ မြန်မာပိုင်း Podcast အစီအစဥ်မှာ ဆို၇င်တော့ ယခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် သျှမ်းရှမ်းနှစ် ရဲ့ သမိုင်းကြောင်း နဲ့ လက်ရှိ သျှမ်းပြည်ရဲ့ စစ်မီးပဋိပက္ခတွေအကြောင်းကို သျှမ်းသံတော်ဆင့် ဝိုင်းတော်သူ နန်းနောင့်နောင့်က တင်ဆက်ထားပါတယ်။
"၁၀၂၇စစ်ဆင်ရေး"ထဲက ကိုးကန့်တပ်ဖွဲ့"
မိုင်ဆုင်ခ - မင်္ဂလာပါ ဒီတစ်ပတ် သျှမ်းသံတော်ဆင့်ရဲ့ Podcast Radio အစီအစဥ်ကနေ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ထားတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့ - MNDAA) ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ ရည်ရွယ်ချက် သမိုင်းကြောင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး အပြည့်အစုံကို သျှမ်းသံတော်ဆင့် ဝိုင်းတော်သူ ကျမ နန်းနောင့်နောင့် က စုစည်းတင်ဆက်ထား ပါတယ်။
ဒီတစ်ပတ်Podcasts အစီစဉ်မှာဆိုရင် ပညာရေးပိုင်းနဲ့ ပတ်သတ်တာကို နားဆင်ရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ ။ဒီအစီစဉ်မှာ အဓိကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျောင်းတက်ချင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ အခုလကစပြီးတော့ ချင်းမိုင်တက္ကသိုလ်မှာ ကျောင်းတက်ချင်တဲ့သူတွေအတွက် ကျောင်းသားတွေကို စခေါ်ယူနေပြီဖြစ်ပါတယ်။ ဒီကျောင်းကို တက်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုမျိုးလျှောက်ယူရမလဲ။ တစ်နှစ်တာကျောင်းတက်ဖို့ကော ဘယ်လောက်ကုန်ကျမလဲဆိုတာကို လက်ရှိ ချင်းမိုင်တက္ကသိုလ်မှာကျောင်းတက်နေတဲ့ မောင်ဩဂုတ်ကို မေးမြန်ထားပါတယ်။
သျှမ်းမြောက်တိုက်ပွဲကြားက စစ်ဘေးရှောင်တွေရဲ့ အခြေနေ
ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာဒေသခံတွေ အရေပြားယားယံတဲ့ရောဂါခံစားနေရ
ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အတွက် အမေရိကန် အခြေစိုက် The Asia Foundation က နေ ရွေးချယ်မှုမှာ မြန်မာနိုင်ငံက ပထမဆုံး နဲ့ တစ်ဦး တည်းသော အမျိုးသမီးအဖြစ် သျှမ်းတိုင်းရင်းသူ နန်းစံနွယ် က ရွေးချယ်ခံထားရပါတယ်။
Fellowship အတွက် ဘယ်လိုကြောင့် ရွေးချယ်ခံရလဲ၊ သျှမ်းပြည်ရဲ့ နှစ်ပေါင်း (၇၀) ကျော် တော်လှန်ရေး နဲ့ မြန်မာပြည် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်နဲ့ အလားအလာတွေအပေါ် တိုင်းရင်းသား လူငယ် တဦးရဲ့ အမြင်တွေကို ဘယ်လိုရှိလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး နန်းစံနွယ်ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
From the publisher's feed