Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

By Shan Herald Agency for News (Burmese Edition)Arts
Download on the App Store

Shan Herald Agency for News (Burmese Edition) episodes

  • သတိချပ်ဖို့လိုအပ်တဲ့ သက်ငယ်မုဒိမ်းမှုများ

    သတိချပ်ဖို့လိုအပ်တဲ့ သက်ငယ်မုဒိမ်းမှုများ


    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုစရိုက်တွေပေါများလာပြီ တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေတဲ့ မြန်မာနိုင်ငံထဲမှာ သက်ငယ်မုဒိမ်းမှုတွေကလည်း ပိုများလာတဲ့အတွက် သတိချပ်ဖို့လိုအပ်ပါတယ်။


    အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဖြာယောင်းပြီးခေါ်ဆောင်သွားတာ ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တာတွေလည်း မကြာသလိုတွေ့လာခဲ့ရပါတယ်။


    ဒီတစ်ပတ် Podcast ထဲမှာတော့ သျှမ်းပြည် တာချီလိတ်မြို့မှာ အသက် (၈) နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တဲ့ဖြစ်စဉ်တစ်ခုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    Podcast ထဲမှာတော့ ကလေးကို ဘယ်လိုပုံစံမျိုးနဲ့ ဖြာယောင်းသွားတာလဲ ၊ ခေါ်သွားတဲ့သူက ဘယ်လိုလူလဲ စတဲ့အချက်တွေကို ပြောပြသွားမှာဖြစ်ပြီး စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဘယ်လို သတိထားလို့ရမလဲဆိုတာကို သိရမယ်လို့ ယုံကြည်ပါတယ်။


    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။


    #podcast #SHANNews #Shannewsburmese

    7 min
  • အသက်ရှင်နေလျက် ဘဝသေနေသူများ

    အသက်ရှင်နေလျက် ဘဝသေနေသူများ


    နိုင်ငံတစ်ဝှမ်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်ဖို့အတွက် တပ်သားစုဆောင်းမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ကျင့်သုံးလာခဲ့ပါတယ်။

    လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၄ ကြိမ်ထိရှိလာပြီ နိုင်ငံတစ်ဝှမ်း စစ်မှုထမ်းအင်အား ၇ သောင်းလောက်စုဆောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။


    စစ်မှုထမ်းအပတ်စဉ်တတစ်ကြိမ်မှာ လူအင်အား ၅ ထောင်အထိ စစ်ကောင်စီက စုဆောင်းခဲ့တာဖြစ်ပါတယ်။

    အဲဒီစစ်မှုထမ်းဥပဒေဟာ လူငယ် ၊ လူလတ်ပိုင်းတွေအတွက်တော့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ပြည်ပထွက်သွားတဲ့လူငယ်တွေကလည်း အများပြားရှိလာခဲ့ပါတယ်။ Spring Revolution Database ရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း ပြည်ပထွက်လာသူ စုစုပေါင်း ၂ ထောင်နီးပါးရှိနေတယ်လို့ ဆိုပါတယ်။


    တစ်ဖက်မှာလည်း ပြည်ပမထွက်နိုင်တဲ့သူတွေအတွက်တော့ “ ရှင်နေလျက် ဘဝသေနေသလိုခံစားနေရပါတယ်။

    ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာရတဲ့ သူတစ်ယောက်အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။


    လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည် နဲ့ အသံကိုတော့ အစားထိုးအသုံးပြုထားပါတယ်။

    6 min
  • အိမ်တွင်းအကြမ်းဖက်မှုမှ ရုန်းထွက်ဖို့ခက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ

    အိမ်တွင်းအကြမ်းဖက်မှုမှ ရုန်းထွက်ဖို့ခက်နေတဲ့ ရွှေ့ပြောင်းအမျိုးသမီးအလုပ်သမားများ


    ကမ္ဘာတစ်ဝှမ်းမှာ ၁၀ မိနစ်အချိန်တိုအတွင်းမှာပဲ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံနေရတယ်လို့ ကုလသမ္မဂအမျိုးသမီးအဖွဲ့ (UN Woman) ရဲ့ ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


    ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အမျိုးသမီး နဲ့ မိန်းကလေးငယ် ရှစ်သောင်းခွဲလောက်က သတ်ဖြတ်ခံနေရပြီ ၊ အဲဒီသတ်ဖြတ်ခံရတဲ့ အမျိုးသမီး ၆၀ ရာခိုင်နှုန်းလောက်ဟာ အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ လက်ချက်တွေကြောင့်ဖြစ်တယ်လို့လည်း UN Women က ဆိုပါတယ်။


    ဒါတွေကြောင့်ပဲ အမျိုးသမီးပေါ် အကြမ်းဖက်ပပျောက်ဖို့ ဖဲကြိုးဖြူလှုပ်ရှားမှု လို့ဆိုပြီး နိုင်ငံတကာ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်ထိ ၁၆ ရက်သာလှုပ်ရှားမှု ကို နှစ်စဉ်ကျင်းပကြပါတယ်။


    အခုလို သတ်မှတ်ပြီး လှုပ်ရှားနေပေမဲ့လည်း မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာ အိမ်တွင်းအကြမ်းဖက်တွေကို နည်းမျိုးစုံဆက်ပြီး ကြုံနေရဆဲပါ။ အဲ့ထဲမှာ မြန်မာနိုင်ငံကတော့ စစ်ရေး ပဋိပက္ခတွေ ကြောင့် အိမ်တွင်းအကြမ်းဖက်မှုကို ပို ခံနေရပါတယ်။


    ဒီတစ်ပတ်အတွင်း Podcast အတွင်းမှာ ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်းအလုပ်လာလုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကို တင်ဆက်ပေးသွားမှာပါ။

    6 min
  • အနာဂတ်အတွက် အသက်သွေးကြောပျက်သွားပြီ

    အနာဂတ်အတွက် အသက်သွေးကြောပျက်သွားပြီ


    သျှမ်းပြည် UWSA ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ထိုင်း - မြန်မာ နယ်စပ်ဒေသ ၂ နှစ်နိုင်ငံလုံးက မှီတင်နေတဲ့ မြစ်ချောင်းရေတွေဟာ အဆိပ်သင့်ပြီ ဒေသခံတွေ ရေအသုံးပြုဖို့အတွက် အခက်ခဲကြုံတွေ့နေကြရပါတယ်။


    အခုလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြို့နယ်အတွင်းဖြတ်သန်းစီးဆင်နေတဲ့ နမ့်ခုတ်မြစ်ဟာ အဆိပ်သင့်ပြီ ရေနေသတ္တုဝါတွေ ရောဂါကူးစက်တာတွေဖြစ်နေရပြီ ရေအဆိပ်သင့်နေပါတယ်။


    ဒါကြောင့် မြန်မာနိုင်ငံတွင်းတူးဖော်နေတဲ့ မြေရှားသတ္တုဟာလည်း အိမ်နီးချင်းနိုင်ငံတွေအထိ ထိခိုက်နစ်နာမှုတွေဖြစ်စေပါတယ်။

    မြေရှားသတ္တုဟာ လျှပ်စစ်ကား (EV)တွေ လေစွမ်းအင်သုံး တာဘိုင်တွေ၊ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အလွန်အရေးပါတယ်။


    ဒါ့ကြောင့် မြေရှားသတ္တုတူးဖော်မှုတွေကို သျှမ်းပြည် “UWSA” ထိန်းချုပ်ဒေသမှာ အသည်းအသန်တူးဖော်နေပြီး တရုတ်နိုင်ငံကို အဓိက တင်ပို့နေမှုနေပါတယ်။


    ဒါကြောင့် ဒီမြေရှားက ပြည်သူတွေကို ဘယ်လို အခက်ခဲဖြစ်နေလဲ သဘာဝပတ်ဝန်းကျင်ဘယ်လိုပျက်စီးနေလဲ ပြည်သူတွေကရော ဒီပြဿာနာကို ဘယ်လို ရင်ဆိုင်နေရလဲဆိုတာကို ဒီတစ်ပတ် Podcast ထဲမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်အဆုံးထိနားဆင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    6 min
  • စိတ်ဒဏ်ရာများ ပြည့်နှပ်နေတဲ့ စစ်ဘေးရှောင်

    စိတ်ဒဏ်ရာများ ပြည့်နှပ်နေတဲ့ စစ်ဘေးရှောင်


    စစ်ရေးပဋိပက္ခတွေ ရက်ရှည်ကြာလာလေလေ ပြည်သူတွေရဲ့ ဒုက္ခက ကြီးမားလေလေပါပဲ။

    လက်ရှိမှာလည်း စစ်ရေးတွေ ပြင်းထန်နေတဲ့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံကပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးကို ကောင်းမွန်စွာ မလုပ်နိုင်တဲ့အပြင် အိုးအိမ်ကိုစွန့်ခွာ ကလေးငယ်ရဲ့ ပညာရေးလည်း ကောင်းမွန်စွာ မသင်ကြားနိုင်ပါဘူး။


    ဒါ့အပြင် စိုက်ပျိုးရေးမလုပ်ကိုင်နိုင်တဲ့အတွက် ဝင်ငွေလည်း မရှိ ဆုံးရှုံးမှုတွေနဲ့ ပြည့်နှပ်နေကြပါတယ်။

    တဖက်မှာလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တဲ့ စစ်ကောင်စီကြောင့် ကြိမ်ဖန်များစွာ စစ်ဘေးရှောင်နေရသလို တောတောင်မှာ ခက်ခဲကြမ်းတမ်းစွာ ရှင်သန်နေရပါတယ်။


    ဒီလိုအခက်ခဲတွေကြားမှာ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေ ဘယ်လိုရပ်တည်နေထိုင်ကြလဲ ဘယ်လိုဆုံးရှုံးမှုကြုံတွေ့နေရလဲ ဘယ်လိုကျော်ဖြတ်နေရလဲဆိုတာကို အခုတင်ဆက်ပေးမဲ့ Podcast ထဲမှာ တင်ဆက်ပေးသွားမှာလို့ အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

    လုံခြုံရေးကြောင့် ဆောင်းပါးအတွင်း အသံ နဲ့ နာမည်ကိုတော့ အစားထိုးအသုံးပြုထားပါတယ်။


    မူရင်းဆောင်းပါးကိုပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ https://burmese.shannews.org/archives/48832 သွားရောက်ဖတ်ရှူနိုင်ပါတယ်။


    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    7 min
  • စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတတူးဖော်မှု

    စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတတူးဖော်မှု


    ပတ္တမြားနယ်မြေလို့ တင်စားခေါ်ဝေါ် တဲ့ မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်နိုင်တဲ့အချိန်မှာ ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာကြိုဆိုနေခဲ့ကြတာကို စာဖတ်ပရိသတ်တွေအနေနဲ့ မှတ်မိမယ်လို့ထင်ပါတယ်။


    ဒါပေမဲ့ အခုချိန်မှာတော့ မိုးကုတ်မြို့ပြည်သူတွေဟာ TNLA တပ်ဖွဲ့ အပေါ် အားထားသလို မဖြစ်လာခဲ့ပဲ အာဏာရှင် အသစ်ထံပြောင်းသွားသလို ခံစားရတယ်လို့ဆိုပါတယ်။ အခုတော့ TNLA တပ်ဖွဲ့ကိုလည်း မိုးကုတ်မြို့ပြည်သူတွေကတော့ အားရကျေနပ်မှု လျော့နည်းလာပါတယ်။


    ဘာတွေကြောင့် မိုးကုတ်ပြည်သူတွေက TNLA အပေါ် အားရကျေနပ်မှုတွေလျော့လာလဲ၊ TNLA က ဘယ်လိုတွေ လုပ်ဆောင်နေလဲဆိုတာ ကိုတော့ အခုတင်ဆက်ပေးမဲ့ Podcast ကို အဆုံးထိ နားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

    9 min
  • တစ်ခြားသူတွေ...........

    တစ်ခြားသူတွေ...........


    အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ Podcast အစီစဉ်ထဲမှာတော့ ပုံမှန်ဆောင်းပါတစ်ပုဒ်ကိုလာရောက်တင်ဆက်ပေးနေကြပုံစံမဟုတ်ပဲ အက်ဆေးတစ်ပုဒ်ကိုတစ်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    ဒီ အက်ဆေးရဲ့ ခေါင်းစဉ်က “အခြားသူတွေ” လို့အမည်ရပြီးတော့ နန်းလောဝ်က ရေးသားထားတာဖြစ်ပါတယ်။

    မူးရင်း အက်ဆေးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ burmese.shannews.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။

    ကျနော်ကတော့စိုင်းဆိုင်လျန်ပါ။

    6 min
  • “လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ”

    “ လူအသက်ကို ဝါးမြိုနေတဲ့ စစ်အာဏာစက်အောက်က သယံဇာတ လုပွဲ”


    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း စီးပွားရေးကျဆင်းလာပြီးတော့ စစ်ဘေး၊ ကပ်ရောဂါဘေး၊ အငတ်ဘေး၊ သဘာဝဘေးအန္တရာယ် စတဲ့ ဘေးအန္တရာယ်တွေကို နှစ်စဉ် ကြုံတွေ့လာနေရပါတယ်။


    မနှစ်က စပြီးတော့ သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ တစ်ခါမှ မကြုံဖူးကြသေးတဲ့ ရေကြီးမှုဒဏ်တွေကို ဆိုးဆိုးရွားရွား ကြုံတွေ့လာခဲ့ရပါတယ်။ ဒီနှစ် မတ်လအတွင်းမှာတော့ အင်အားပြင်း ငလျင်ဘေးဒဏ်ကို ထပ်ကြုံရပါတယ်။


    ဒီနှစ် မိုးဦးအစမှာတောင် သျှမ်းပြည်အရှေ့ပိုင်း တစ်ကြောဘက်မှာ ရေကြီးမှုဒဏ်ကို စတင်ကြုံတွေ့နေကြရပြီ ဖြစ်ပါတယ်။

    ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ ရေကြီးမှုရဲ့ နောက်ကွယ်က အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။


    မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှုချင်တယ်ဆိုရင် www.burmese.shannews.org မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

    လုံခြုံရေးအရ ဆောင်းပါးအတွင်း အသံ နဲ့ နာမည်ကိုတော့ အစားထိုး အသုံးပြုထားပါတယ်။

    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    6 min
  • စစ်ရေးကြားထဲ ဒုက္ခသောကနဲ့ ဗျာများနေတဲ့ဘဝ

    စစ်အာဏာရှင်အမြစ်ဖြတ်ဖို့၊ အာဏာရှင်မှန်သမျှ တော်လှန်ဖို့ဆိုပြီး ကြွေးကြော်လာတဲ့ “၁၀၂၇ စစ်ဆင်ရေး” ညီနောင်မဟာမိတ်တွေက ဉီးဆောင်ပြီး သျှမ်းပြည်မြောက်ပိုင်းကို တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။


    “၁၀၂၇စစ်ဆင်ရေး” မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ နယ်မြေအများအပြားသိမ်းပိုက်နိုင်ခဲ့ပေမယ့် တဖက်မှာလည်း ပြည်သူတွေ အိုးအိမ်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။


    နောက်ဆုံးမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်အာဏာရှင် အမြစ်မဖြတ်သေးခင်မှာ စစ်ရေး ရပ်တန့်ခဲ့ရပြီး၊ ညီနောင်မဟာမိတ်တွေ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ်လာခဲ့ပါတယ်။


    ဒ့ါကြောင့် “၁၀၂၇ စစ်ဆင်ရေး”မှာ မသန်စွမ်းပြည်သူတွေ ဘယ်လိုအသက်ရှင် ရပ်တည်ခဲ့လဲဆိုတာကို ဒီတစ်ပတ် Podcast အစီစဉ်အနေနဲ့ သိန္နီမြို့နေ မသန်စွမ်း နန်းဆမ် အကြောင်းကို တင်ဆက်ပေးသွားမှာပါ။


    လုံခြုံရေးအရ ဆောင်းပါအတွင်းကိုတော့ နာမည် နဲ့အသံကို အစားထိုးအသုံးပြုထားပါတယ်။ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ burmese.shannews.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။

    7 min
  • အခွန်ကောက်ခံမှုကြား ဈေးသည်တွေရဲ့ဘဝ

    “ ၁၀၂၇ စစ်ဆင်ရေး”ကြောင့် ဘဝပျက်သွားတဲ့ပြည်သူတွေအများပြားရှိနေပါတယ်။ စစ်ဆင်ရေးအပြီး

    နယ်မြေတွေထိန်းချုပ်နိုင်ခဲ့တဲ့ ညီနောင်မဟာမိတ်တို့ရဲ့ နယ်မြေအတွင်းမှာ နေထိုင်တဲ့

    ပြည်သူတွေကလည်း ပိုကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်အာဏာရှင်ကျရှုံးရေးကို

    အားပေးခဲ့ပေမယ့် နောက်ဆုံးတော့ အာဏာရှင်အသစ်လက်အောက်ရောက်နေသလို

    ခံစားနေကြရပါတယ်။


    လက်ရှိ သိန္နီမြို့ကို ကိုးကန့်က ထိန်းချုပ်လိုက်တယ်ဆိုပေမဲ့လည်း ဒေသခံပြည်သူတွေကတော့

    စားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်ရှာဖွေစားသောက်နေကြရပါတယ်။


    တစ်ချို့မိသားစုတွေမှာ ဖခင်ဖြစ်သူကို ကိုးကန့်ကဖမ်းဆီးသွားတာမျိုးတွေလည်းကြုံတွေ့နေရပါတယ်။

    ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ ကိုးကန့်ထိန်းချုပ်နယ်မြေ သိန္နီမြို့နယ်မှာနေထိုင်တဲ့

    မိခင်တစ်ဦးရဲ့ ဘဝရုန်းကန်မှု အခြေနေကိုလာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည် နဲ့ အသံကိုတော့ အစားထိုးအသုံးပြုထားပါတယ်။

    မူရင်းဆောင်းပါးကိုပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ www.shannewsburmese.org

    မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။


    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    6 min

About Shan Herald Agency for News (Burmese Edition)

From the publisher's feed

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.