Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

By Shan Herald Agency for News (Burmese Edition)Arts
Download on the App Store

Shan Herald Agency for News (Burmese Edition) episodes

  • (General Knowledge) ပၵ်းပိူင် CEIR လႄႈ လွင်ႈတေလႆႈတၢင်ႇမၢႆၾၢင် IMEM ၾူၼ်းတူဝ်ၸဝ်ႈၵဝ်ႇ ဢၼ်ဝႃႈၼၼ်ႉ ပဵၼ်ၸိူင်ႉႁိုဝ် ?

    ပၵ်းပိူင် CEIR ဢၼ်သိုၵ်းမၢၼ်ႈပိုၼ်ၽၢဝ်ႇ တေၸႂ်ႉတိုဝ်း လႄႈ လွင်ႈတေလႆႈတၢင်ႇမၢႆၾၢင် IMEM ၾူၼ်းတူဝ်ၸဝ်ႈၵဝ်ႇ ဢၼ်ဝႃႈၼၼ်ႉ ပဵၼ်ၸိူင်ႉႁိုဝ် ?


    #knowledgesharing

    #ၽူႈတွႆႇႁွၵ်ႈ #Shannews

    #ႁူင်းပွႆႇသဵင်ၽူႈတွႆႇႁွၵ်ႈ

    49 min
  • တရုတ်ဟန် ဝါးမျိုခံရသည့် သျှမ်းစော်ဘွားတည် သိန္နီမြို့

    တရုတ်ဟန် ဝါးမျိုခံရသည့် သျှမ်းစော်ဘွားတည် သိန္နီမြို့


    “၁၀၂၇ စစ်ဆင်ရေး” ပြီးတဲ့နောက်ပိုင်းမှာ သျှမ်းပြည်မြောက်ပိုင်းကလည်း အရင်ကနဲ့မတူတော့ဘဲ ပြောင်းလဲလာခဲ့ပါတယ်။

    အထူးသဖြင့် ညီနောင်မဟာမိတ်တွေထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာဆိုရင်လည်း တရုတ်ဟန် တရုတ်မူတွေနဲ့ ပြည့်နှပ် လာတာတွေကိုမြင်တွေ့လာခဲ့ရပါတယ်။


    ဒါကြောင့် ဒီနေ့ Podcast အစီစဉ်ထဲမှာတော့ ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားနိုင်တဲ့ သိန္နီမြို့က ဘယ်လိုပုံစံပြောင်းလဲသွားခဲ့လဲ။ တရုတ်တွေက ဘယ်လောက်ထိ ကြီးစိုးလာမှုရှိလဲဆိုတာကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    ဒီဆောင်းပါးကိုတော့ စိုင်းဟန်လင်းကရေးသားထားပြီး သျှမ်းသံတော်ဆင့်ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်လွှင်ခဲ့ပါတယ်။


    ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။

    6 min
  • “သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

    “သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ


    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင် က အရပ်လေးမျက်နှာကို စစ်ရေးဖြန့်ခဲ့ပြီး ထင်မှတ်မထားတဲ့ စစ်ရေး ရှုံးနိမ့်မှုကြောင့် စစ်အင်အား အများအပြား သေဆုံးမှုတွေကြုံနေရပါတယ်။ ဒါ့ကြောင့် စစ်ကော်မရှင်က စစ်အင်အားကို ဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်တပ်ထဲကို ထည့်နေပါတယ်။ အခုဆိုရင် စစ်မှုထမ်း အပတ်စဉ် ၂၁ ထိရောက်ရှိလာပါပြီ

    တဖက်ကို ကြည့်မယ်ဆိုရင်လည်း စစ်အာဏာသိမ်းပြိး ၅နှစ် ကာလအတွင်း ပြည်သူတွေရဲ့ စားဝတ်နေရေးက ကြပ်တည်းမှု ပိုလာပြီး အဲ့ဒီကြားမှာ စစ်ကော်မရှင်ရော တိုင်းရင်းသားလက်နက်ကိုင်ရော နောက် ပြည်သူ့စစ်တွေကလည်း စစ်မှုထမ်း တပ်သားသစ်ကို အပြိုင်အဆိုင် လုကောက်နေကြပါတယ်။


    ဒါအပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြည်သူတွေက လစဉ်ထောက်ပံ့ကြေးတွေလည်းပေးဆောင်နေကြရပါတယ်။ ဒါကြောင့် ဒီနေ့ Podcast ထဲမှာတော့ “ သား/သမီးပေးမလား ၊ ငွေပေးမလား” လက်နက်ကိုင်တွေရဲ့ ဓားစာခံဖြစ်လာတဲ့ လူငယ်များ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


    ဒီဆောင်းပါးကိုတော့ သျှမ်းသံတော်ဆင့်ကနေ ဇန်နဝါရီ ၂၈ ရက်နေ့ကထုတ်လွှင်ခဲ့ပြီး စိုင်းဟန်လင်းက ရေးသားထားတာဖြစ်ပါတယ်။


    ကျနော်ကတော့ တင်ဆက်သူ စိုင်းဆိုင်လျန်ပါ။

    8 min
  • နယ်စပ်က စက်ချုပ်သံများ

    နယ်စပ်က စက်ချုပ်သံများ


    နေအိမ်တစ်လုံးကို တည်ဆောက်နိုင်ဖို့ဆိုတာ သာမန်မိသားစုအနေနဲ့ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ အလုပ်တွေကို ခက်ခက်ခဲခဲလုပ်ကိုင်ပြီး ငွေတွေကို နှစ်ပေါင်းမျာစွာ စနစ်တကျ စုဆောင်းမှသာ “အိမ်”ဆိုတဲ့အရာတည်ဆောက်နိုင်ကြမှာပါ။ အခုခေတ်ကာလ နဲ့ဆိုရင် တည်ဆောက်ဖို့ ခက်ခဲကြပါတယ်။


    လူတိုင်းအတွက် “အိမ်”ဆိုတာ အရေးကြီးသလို “အိမ်”ဆိုတာက ကျနော်တို့ လူသားတွေနွေးထွေးမှုရှိစေတဲ့ အရာပါ။

    လူတိုင်းက “အိမ်”ကို တန်ဖိုးထားတက်ကြ။ မြတ်နိုးကြပါတယ်။


    ဒါပေမယ့် အခု ရုတ်တရက် စက္ကန့်ပိုင်းအတွင်းမှာ ပျက်စီးသွားပြီ နေအိမ်မရှိတော့ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ မိမိအိမ်ဖြစ်နေခဲ့ရင်ကော ဘယ်လိုကျော်ဖြတ်ကြမလဲ။


    အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့် Podcast ကနေပြန်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast ထဲမှာတော့ တိုက်ပွဲကြောင့် နေအိမ်ပြာကျသွားတဲ့ မေဇင် (အမည်လွဲ) တစ်ယောက်ရဲ့ အကြောင်းကို လာရောက် တင်ဆက်ပေးမှာဖြစ်ပါတယ်။


    မေဇင်အကြောင်းကို သျှမ်းသံတော်ဆင့်ကနေ ဒီဇင်ဘာလက “နယ်စပ်က စက်ချုပ်သံ”များ ဆောင်းပါးနာမည်နဲ့ထုတ်ခဲ့ပြီး နန်းလောဝ်ကရေးသားထားတာဖြစ်ပါတယ်။

    6 min
  • “ဥတုရာသီဘေး နဲ့ စစ်ဘေး ဆီက ဆိုက်ရောက်လာတဲ့ ငတ်မွတ်ခြင်း”

    “ဥတုရာသီဘေး နဲ့ စစ်ဘေး ဆီက ဆိုက်ရောက်လာတဲ့ ငတ်မွတ်ခြင်း”

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်း - ကရင်နီနယ်စ်ဒေသဟာ သေနတ်သံတွေနဲ့လွှမ်းမိုးနေတဲ့ဒေသဖြစ်နေပါတယ်။


    စစ်ပွဲရဲ့နောက်ဆက်တွဲပြသာနာတွေကို ပြည်သူတွေကခံစားနေရတဲ့အပြင် ရာသီဥတုဘေးဒဏ် ၊ စစ်တပ်ရဲ့ အကြပ်ကိုင်တဲ့ဘေးဒဏ်တွေကိုလည်း သျှမ်း -ကရင်နီ နယ်စပ် ဖယ်ခုံ ၊ မိုးဗြဲဒေသတွေမှာ ယနေ့ထိတိုင်ခံစားနေရပါတယ်။

    7 min

About Shan Herald Agency for News (Burmese Edition)

From the publisher's feed

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.