
Sign up to save your podcasts
Or


စစ်တွေကို ဦးတည်နေတဲ့ အင်အားပြင်း မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်း ၄ ခုရှိ လူဦးရေ ၂ သန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်းက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ကြဖို့ မိုးလေဝသပညာရှင်က တိုက်တွန်းလိုက်ပါတယ်။
http://burmese.dvb.no/archives/592696
ရခိုင်ပြည်နယ်နေရာတချို့မှာ မိုခါမုန်တိုင်းဘေးရှောင်ဖို့ ရက္ချိုင့်တပ်တော် (အေအေ)က ကူညီပေးနေပေမယ့် ဒေသအများစုမှာတော့ ပြင်ဆင်မှုတွေဘာမှမလုပ်ရသေးဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။
http://burmese.dvb.no/archives/592715
မေလ ၁၄ ရက်မှာ ပြုလုပ်မယ့် ထိုင်းရွေးကောက်ပွဲရလဒ်က မြန်မာ့ နွေဦးတော်လှန်ရေးအတွက် အထောက်အ ပံ့ဖြစ်နိုင်မလား၊ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ။ ဒီအကြောင်းကို ထိုင်းနဲ့ မြန်မာ နိုင်ငံရေး သုတေသီတွေကို မေးမြန်းတင်ဆက်ပေးမှာပါ။
မြန်မာ့အရေးကို အဓိကဆွေးနွေးမယ့် အာဆီယံထိပ်သီးညီလာခံကနေ မြန်မာ့အရေးချဉ်းကပ်မှုအသစ်တွေရှိ လာနိုင်တယ်လို့လေ့လာသူ တွေက သုံးသပ်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းအဆင့် မေလ ၁၀ ရက်မှာ ကျရောက်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသတွေနဲ့ ရေကြီးနိုင်တဲ့ နေရာတွေ အထူး သတိထားကြဖို့ မိုးလေဝသ ပညာရှင်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
မြန်မာပြည်တွင်းမှာ စပါးတွေရှိပေမဲ့လည်း ဆန်ဈေးကစားလိုသူတွေကြောင့် ဈေးတွေ တက်လာတဲ့အပြင် လက္ကားဈေးကွက်တွေမှာ ဆန်ပြတ်လပ်တာတွေ ဖြစ်နေတယ်လို့ ဆန်စပါးကုန်သည်တွေက ပြောပါတယ်။
မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေ နေ့စဉ် ရာနဲ့ချီထပ်တွေ့နေပြီး သေဆုံးသူတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီက သေဒဏ်ကနေ တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ်လိုက်သူ ၃၈ ဦးထဲမှာ နွေဦးတော်လှန်ရေးကြောင့် သေဒဏ်ချမှတ်ခံရသူတွေမပါဝင်ဘူးလို့ အင်းစိန်ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်ခံရသူတွေဟာ နွေဦးတော်လှန်ရေးမတိုင်ခင် ဆိုးမိုက်ခဲ့သူတွေ သာဖြစ်တယ် လို့ဆိုပါတယ်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ပြန်လည် လွတ်မြောက်လာပါတယ်။
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners