
Sign up to save your podcasts
Or


လက်ရှိနိုင်ငံရေး အခြေအနေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်တဲ့ နိုင်ငံရေး အခင်းအကျဉ်း မဟုတ်ဘဲ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ ပဋိပက္ခမှာ ပါဝင်နေကြတဲ့သူတွေ အားလုံး ဝိုင်းဝန်းဆွေးနွေးမှရမယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ တောင်းဆိုလိုက်ပါတယ်။
The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ ဧပြီ ၂၄ ရက်က နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာလို့ The Elders အဖွဲ့က မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အပြီး ဧပြီ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံ ရေးညွှန်ကြားရေးမှူးချုပ်နဲ့ ထိုင်းထိုင်းငံခြားရေးဝန်ကြီးတို့လို နိုင်ငံတကာသံတမန်တွေ မြန်မာနိုင်ငံကို ခုရက်ပိုင်းခပ်စိတ်စိတ်လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ ဒီအခြေအနေဟာ မြန်မာ့အရေး မြန်မြန်တည်ငြိမ်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီးတွန်းအားပေးလာတဲ့သဘောလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင်မေပန်းချီ၊ အဆိုတော်ရွှေရည်သိန်းတန်နဲ့ မေလသံစဉ်တို့ကို စစ်ကောင်စီက အောင်သပြေစစ်ကြောရေးကနေတဆင့် သက်ဆိုင်ရာရဲစခန်းတွေကို ပို့ဆောင်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီနဲ့ ဘုတလင်မြို့တွေမှာ လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။
ဒီတပတ်အစီအစဉ်မှာတော့ SpaceX Starship အာကာသယာဉ်စမ်းသပ်လွှတ်တင်မှု၊ ရာသီဥတုပူပြင်းပြီး မီးမလာ ရေရှားဖြစ်နေတဲ့ မြန်မာပြည်၊ အကျဉ်းသား ၃၀၀၀ ကျော်ပြန်လွှတ်ပေးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုစတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာပြည်တွင်းမှာ အပူချိန်မြင့်မားပြီး ရေရှားပါးမှု လျှပ်စစ်မီးမလာမှုစတဲ့ ပြဿနာတွေနဲ့ ပြည်သူလူထုတွေ ကြုံတွေ့နေရပြီး အပူဒဏ်ကြောင့် သေဆုံးတာတွေနဲ့ နောက်ဆက်တွဲ ရောဂါတွေ ခံစားနေရပါတယ်။
တမူထူးခြားတဲ့ မောင်တောမြို့ဓလေ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို နှစ်ဆန်းတစ်ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာ ကျင်းပနေပါတယ်။
မြန်မာနှစ်သစ်ကူး နိုင်ငံတဝန်းအကျဉ်းထောင်တွေက အကျဉ်းသား ၃၁၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ရာမှာ ပြန်လွတ်လာသူအများစုဟာ စစ်ပြေး ရဲပြေးတွေ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။
တိုက်ခိုက်ရေးစစ်သည်အင်အား တစ်သိန်းအောက်ထိ ကျဆင်းလာတဲ့ အာဏာရှင် စစ်တပ်အနေနဲ့ သူ့ကို ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့အစည်းတိုင်းကို လေကြောင်း တိုက်ခိုက်မှုကိုသာ အဓိကထား တိုက်ခိုက်နေတာကလွဲလို့ တခြားနည်းလမ်း မရှိတော့တာကြောင့် နိုင်ငံတကာအနေနဲ့ ဒီကိစ္စအပေါ် အလေးထား စဉ်းစားပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners