
Sign up to save your podcasts
Or


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ပြည်သူ ၁၇၀ နီးပါးအတွက် ဝမ်းနည်းစာနာခြင်း အထိမ်းအမှတ် Blackout Strike Campaign လုပ်ဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ်၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း စီမံကိန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ကေအိုင်အိုအကြီးအကဲ ဗိုလ်ချုပ်ကြီးအင်ဘန်လက အမိန့်ထုတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ တော်လှန်သင်္ကြန်၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု၊ ထိုင်ဝမ်အရေးနဲ့ ပန်တဂွန်စစ်ဌာနချုပ်လျှို့ဝှက်မှတ်တမ်းများပေါက်ကြားမှု စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သလို သရဲဘောကြောင်သည့် တိုက်ခိုက်မှုဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီးကလည်း ကုလသမဂ္ဂ ဌာနချုပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ပဇီကြီးကျေးရွာဖြစ်စဉ်အပါအဝင် စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုအားလုံးကို တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး ဗြိတိန်နိုင်ငံက ရတဲ့နည်းလမ်းနဲ့ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကုလဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဘာဘရာဝုဒ်ဝပ်ဒ်က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးပြည်သူစုစုပေါင်း ၁၃၀ ဝန်းကျင်အထိရှိလာနိုင်တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။ PDF တွေရဲ့ယမ်းသိုလှောင်ရုံကို ပစ်ခတ်မိတာကြောင့် ပေါက်ကွဲမှုကြီးမားတာဖြစ်တယ်ဆိုတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြောဆိုချက်ဟာ လိမ်ညာမှုသာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဒီနှစ်သင်္ကြန်ကို မြို့ကြီးတွေမှာ စည်ကားအောင် ကျင်းပဖို့ စီစဉ်နေသလို တဖက်မှာလည်း အရပ်သား ပြည်သူတွေ နေအိမ်တွေကို မီးရှို့ တာ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်။ စစ်ကောင်စီ စီစဉ်တဲ့ သင်္ကြန်ပွဲတွေမှာ ပြည်သူတွေကို စာနာတဲ့ စိတ်ကြောင့် ပါဝင်မှာ မဟုတ်ဘူးလို့ ရန်ကုန်နဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးကောင်းတွေဆက်ရှိနေပြီး စစ်ကောင်စီက ပါတီဖျက်သိမ်းလိုက်တဲ့အပေါ်မှာလည်း တရုတ်ဘက်က လက်မခံဘူးလို့ NLD ပါတီဘက်က ပြောဆိုလိုက်ပါတယ်။
သင်္ကြန်မတိုင်မှီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အိမ်ပြန်ကြလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်ပိတ်ရက်မှာ မြန်မာပြည်ကို ပြန်သွားသူတွေ မရှိလောက် နည်းပါးနေပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကို ဆေးကုဖို့လာရောက်ချိန် ထိုင်းလဝကရဲက ဖမ်းလိုက်တဲ့ Lion Battalion စစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် မြန်မာလူငယ် ၃ ယောက်ဟာ စစ်ကောင်စီလက်ထဲရောက်သွားတာကြောင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိနေပါတယ်။
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners