
Sign up to save your podcasts
Or


တရားစွဲခံသမ္မတဟောင်းဒေါ်နယ်ထရမ့်အမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01-APR -2023)
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကိုစစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် ပြည်သူ ၈ ဦးကျဆုံးခဲ့ပြီး နိုင်ငံ တကာကမျက်ကွယ်မပြုဖို့
ပဲခူးတိုင်း၊ အနောက်ခြမ်းထဲက မိုးစပါး စိုက်ပျိုးစားရိတ်ချေးငွေမဆပ်တဲ့သူတွေကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက ပုံစံ(၇)သိမ်းတာ၊ လယ်သိမ်းတာ နဲ့ဖမ်းဆီးချုပ်နှောင်တာတွေ
ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း စစ်ကိုင်းတွင် ရွေးကောက်ပွဲ အထမြောက်စရာမရှိဟု သပိတ်ခေါင်းဆောင်များပြော
အာဏာသိမ်း ၂ နှစ်အတွင်း စစ်တပ်က စစ်အသုံးစရိတ် ဒေါ်လာ ၁.၈ ဘီလီယံ သုံးစွဲခဲ့မှုမှာ PTTEP ကုမ္ပဏီတခုတည်းကပဲ စစ်အသုံးစရိတ် တဝက်ကျော်ကို ပေးဆောင်ခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကပြောဆို လိုက်ပါတယ်။
တည်ဆဲနိုင်ငံရေးပါတီ ၉၀ကျော်ထဲ ထက်ဝက်ကျော်က စစ်ကောင်စီလက်အောက်မှာ မှတ်ပုံပြန်တင်ခဲ့ပါတယ်။ စစ်ကောင်စီရွေးကော်က မှတ်ပုံမတင်တဲ့ပါတီတွေကို ဖျက်သိမ်းပြီး ပါတီပိုင်ဆိုင်မှုတွေကို သိမ်းယူမယ်ဆိုရင်တချိန်မှာ တာဝန်ခံရမယ်လို့ NLD ပါတီဘက်က ပြောဆိုပါတယ်။
စစ်ကောင်စီက အင်အားထောင်ချီသုံး ထိုးစစ်ဆင်နေတဲ့ကရင်နီဒေသမှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန် နေပါတယ်။ တစ်လအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုဟာ ၂၀၀ကျော်ရှိလာပြီး အထိနာနေတယ်လို့ KNDF ဘက်က ပြောဆိုပါတယ်။
ရန်ကုန်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီးမှာ မတ်လ ၂၄ ရက် နေ့လယ်က စစ်တပ်နဲ့နီးစပ်သူ ဥပဒေအကြံပေး ဦးမင်းတေဇညွန့်တင် ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပမယ့် သင်္ကြန် EDM ပွဲတပွဲမှာ နိုင်ငံတကာက DJ artist တွေ ပါဝင်မယ်လို့ သိရပြီး အဲဒီ အနုပညာရှင်တွေကို မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိစေဖို့နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှုအောက်မှာ မပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကို နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ICC ဝရမ်းပြေး ပူတင်နဲ့ တရုတ်သမ္မတရှီ၊ ဒဲရက်ခ်ချောလက်ရဲ့ အာဆီယံခရီးစဉ်၊ PTTEP ကိုတရားစွဲမယ့်အန်ယူဂျီ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners