
Sign up to save your podcasts
Or


မြန်မာအရေးကုလသမဂ္ဂဆွေးနွေးပွဲ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(18-MAR -2023)
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ လူတွေကိုဖမ်းဆီးတာတွေကြောင့် ဒေသခံပြည်သူတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ဟာ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ကောင်စီလက်အောက်ခံ တပ်မ ၉၉ ဘီလူးစစ်ကြောင်းဟာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှာ ၅ ရက်ကြာ ထိုးစစ်ဆင် နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ ချင်းပြည်နယ်ကိုတက်မယ့် စစ်ကောင်စီယာဉ်တန်းကို မကွေး၊ ထီးလင်းနယ်ထဲမှာ PDF တွေက ၃ကြိမ်တိုင် ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
DVB Vox Pop အစီအစဉ်ကို နားဆင်ပြီး သဘောထားအမြင်တွေပေးနိုင်ပါတယ်။
သိမ်းပိုက်ခံနယ်မြေက ယူကရိန်းကလေးသူငယ်တွေကို ရုရှားနိုင်ငံသားအဖြစ်မှတ်ပုံတင်စာရင်းသွင်းဖို့ အတင်းအကြပ် ဖိအားပေးခံနေရတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
လူထုထောက်ခံမှုများတဲ့အတွက် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ရန်ကုန်တိုင်းတာဝန်ခံအဖြစ် ကျားဖြူပါတီက ရွေးချယ်ခဲ့တာလို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ်းကျေးရွာမှာ ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ စစ်ကောင်စီတပ်တွေရဲ့လက်ချက်ဖြစ်ကြောင်း သက်သေအထောက်အထားတွေ ရရှိထားတယ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ပြောဆိုပါတယ်။
တအာင်းတိုင်းရင်းသား သီလရှင်ငယ်လေးတွေအပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရန်ကုန်၊ ကျောက်တန်းမြို့နယ်ရှိ သုခိတာရာမကျောင်းတိုက်နဲ့ ကျူးလွန်တဲ့ သီလရှင်တွေကို စစ်ကောင်စီက အမှုဖွင့်အရေးယူတာမရှိသေးဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ဆယ်စုနှစ်တခုကျော်ကြာမြင့်လာပြီဖြစ်ပေမဲ့ ပေါင်းစည်းဖို့အတွက် လက်နက်ကိုင်ခေါင်းဆောင်တွေက ဒီကနေ့အထိ ပြည်သူတွေကို တိကျသေချာတဲ့ အဖြေမပေးနိုင်တဲ့အပေါ် ကျေနပ်မှုမရှိကြဘူးလို့ လူထုအစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသည့် မရေမတွက်နိုင်လောက်အောင်များပြားလှသည့် ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို မော်ကွန်းကမ္ပည်းတင် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners