
Sign up to save your podcasts
Or


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ တောင်းဆိုတဲ့ နိုင်ငံသားဖြစ်ခွင့်၊ မူလနေရာတွေပြန်ရေးစတာတွေကို စစ်ကောင်စီ ကိုယ်စားလှယ်ဘက်က အဖြေမပေးနိုင်တဲ့အတွက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအဆင်မပြေကြဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICCက အရေးယူဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှု အောင်မြင်ခဲ့တာကြောင့် မြန်မာစစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေးလည်း လမ်းပိုပွင့်သွားတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။
တရုတ်အစိုးရဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထိတွေ့ဆက်ဆံမှု မလုပ်ပဲ မြန်မာပြည်တွင်း ပဋိပက္ခတွေကို ပြေလည်ချုပ်ငြိမ်းဖို့အတွက် မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရရဲ့ ဗီဇာနဲ့ဆိုင်ကယ်အငှားစည်းမျဉ်းစည်းကမ်း တင်းကျပ်မယ့်အစီအစဉ်ကြောင့် ဘာလီခရီးသွားတွေ
ကရင်နီ (ကယား) ပြည်နယ်က လွိုင်ကော်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ ကိုအောင်ကျော်မြတ်က အဝေးထိန်း လက်နက်တင် စက်ရုပ်တင့်ကား အငယ်စားကို တီထွင်လိုက်ပါတယ်။
မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့အကြမ်းဖက်မှုကြောင့်လူတွေတုန်လှုပ်နေရတဲ့ အာဂျင်တီးနားရဲ့ အဓိက စိုက်ပျိုးရေးမြို့မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေအပေါ်
စစ်ကောင်စီကဦးဆောင်ပြုလုပ်မယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေမပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။
တိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲမှာ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က စစ်ကောင်စီဩဇာခံရွေးကောက်ပွဲကော်မရှင်လက်အောက်မှာ ပါတီကိုပြန်မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရန်ကုန်မြို့က တက္ကစီကားတွေမှာ စမတ်မီတာ တပ်ဆင်ဖို့ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) က လုပ်ဆောင်နေပါတယ်။ ဒီစနစ်ဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အဆင်မပြေနိုင်ဘူးလို့ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။
ရန်ကုန်အထွေထွေသပိတ်စစ်ကြောင်းအပါအဝင် တခြားမြို့နယ်သပိတ်အဖွဲ့တွေက သပိတ်ကော်မတီဝင် ၇၀ နီးပါးဖမ်းဆီးခံရပြီး စစ်ကောင်စီက လုံခြုံရေးတင်းကျပ် အဖမ်းအဆီးတွေလုပ်နေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု သပိတ်တွေဆက်လက်ဖော်ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့ ရန်ကုန်အထွေထွေသပိတ် စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners