
Sign up to save your podcasts
Or


ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ KNLA - PDF ပူးပေါင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ BGF တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ဦးရေ တသောင်းဝန်းကျင်ထိရှိလာပြီဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးအကြပ်အတည်းက အများပြည်သူတွေကိုအခက်အခဲတွေနဲ့ ကြုံရစေတဲ့အပြင် ကုန်ကျစရိတ်တွေလည်းပိုပြီးတိုးလာစေပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ငြိမ်းချမ်းရေးညီလာခံကို အယုံအကြည်မရှိဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေကပြောပါတယ်။
ရန်ကုန်မှာ ပြင်းထန်တဲ့နေ့အပူချိန်ကြောင့် ပင်ပန်းနွမ်းနယ်တာနဲ့ ဖျားနာတာတွေ ပြည်သူတွေ ခံစားနေရပြီး မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီထိ အိမ်အပြင်မထွက်ကြဖို့ကို ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းပါတယ်။
အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ကို ပြီးခဲ့တဲ့ သီးတင်းပတ်အတွင်းမှာ ပဲခူးတိုင်း သာယာ၀တီထောင်ကို ရွေ့ပြောင်းလိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခု မတ်လ ကုန်အထိ ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းတို က်ခိုက်မှုပေါင်း အကြိမ်ရေ ၃၁၀ အထိ ပြုလုပ်ထားပြီး ပြီးခဲ့တဲ့ မတ်လတစ်လအတွင်းမှာတင် အကြိမ်ရေ ၉၀နဲ့ စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင် သေဆုံးသူအရေအတွက်ကလည်း ၄၄၀ ကျော်ရှိ လာနေပြီဖြစ်ပါတယ်။
ကရင်နီရှေ့တန်းစစ်မြေပြင်မှာရိုက်ကူးခဲ့တဲ့ဓာတ်ပုံနဲ့ World Press Photo ဆုရခဲ့တဲ့ ဓာတ်ပုံဆရာမောက်ခမ်းဝါကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မင်းတပ်မြို့နယ်၌ စစ်ဘေးရှောင်ကူညီနေသည့် ဘုန်းကြီး ၁ ပါးကို အဓမ္မလူဝတ်လဲပြီး စစ်တပ်က ဖမ်းဆီ
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners