
Sign up to save your podcasts
Or


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေးတာဝန်ယူမယ့်သူတွေကို အုပ်ချုပ်ရေးဆိုင်ရာ တတ်အပ်သင့်တဲ့သင်တန်းတွေပေးပြီးမှ စိုးမိုးနယ်မြေတွေမှာအုပ်ချုပ်စေချင်တယ်လို့ ဒေသခံလူထုတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာအတွေ့ကြုံရှိ သူတွေကပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ ကုလသမဂ္ဂရဲ့ မြန်မာ့နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်တာ တစ်ပတ်ကျော်နေပြီဖြစ်တဲ့ဆူဒန်နိုင်ငံမှာ စစ်ပွဲဇုံအဖြစ် ပြောင်းလဲသွားတဲ့ ဘာရီမြို့သားဘန်ဒါဒီယိုဝယ်လ်ဘိတ်တစ်ယောက်စားစရာရိက္ခာကုန်လုနီးပါးအခြေအနေဖြစ်နေပြီး သောက်စရာရေရဖို့ တိုက်ပွဲတွေကြားကဘဲအိမ်ပြင်ထွက်ရှာရတော့မယ်လို့ဆိုပါတယ်။
စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင်ကြိုးစားနေပြီး အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေကို အပြည့်အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
ဒီပြောဆိုချက်တွေဟာ အလိမ်အညာတွေသာဖြစ်ပြီး မြေပြင်မှာ သန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဘဝနဲ့ စားဝတ်နေရေးကျပ်တည်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက တုံ့ပြန်ပါတယ်။
http://burmese.dvb.no/archives/590985
စစ်သည်တော် ကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာပြီး အရပ်သားပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်နေ တာတွေရပ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို CDM ဗိုလ်ကြီးတဦးက တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကြောင့် သေဆုံးတဲ့အရပ် သားပြည်သူစုစုပေါင်း ၄၅၀ကျော်လာပြီဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေကလည်းစံချိန်တင်မြင့် တက်လာပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်တယ်။
ဒီတပတ်အစီအစဉ်မှာတော့ ဘန်ကီမွန်းရဲ့မြန်မာပြည်ခရီးစဉ်၊ နာဂအိရဲ့ကင်မရာအကြောင်းစတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီလက်ထက်မှာ ၃ နှစ်စာပေါင်းပြီး ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေအားလုံး မဖြစ်မနေတက်ရောက်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။အကယ်ဒမီပွဲတက်ဖို့ ဖိအားပေး စည်းရုံးတာတွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို ပွဲမတက်ရင် ပြန်ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လှုံ့ဆော် ရေးသားနေပါတယ်။
https://burmese.dvb.no/archives/590588
လက်ရှိမြန်မာ့အရေးအတွက် ကမ္ဘာကြီးကတရားမျှတမှုရှာဖွေပေးဖို့ မျှော်လင့်တယ်လို့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုမှာ သတင်းယူရင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဂျပန်သတင်းထောက် နာဂါအိရဲ့ညီမ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။
ဒီဗွီဘီကရရှိထားတဲ့ဂျပန်သတင်းထောက် နာဂအိရဲ့ ဗွီဒီယိုကင်မရာကို မိသားစုထံ လွှဲပြောင်းပေးအပ်ပွဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်
From the publisher's feed

7,623 Listeners

1,807 Listeners

22 Listeners

30 Listeners

123 Listeners

38 Listeners

32 Listeners

86 Listeners

6 Listeners

59 Listeners

4 Listeners

0 Listeners