
Sign up to save your podcasts
Or


မိမိကိုယ်ကို ခွင့်လွှတ်ဖို့လိုလားတစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်ကြပါတယ်။ အမှားတွေ လုပ်မိတိုင်း၊ မအောင်မြင်မှုတွေ ကြုံတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြီး ဝေဖန်မိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုခံစားချက်တွေက ကိုယ့်ကို ပိုပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ ဒီအပတ် session လေးမှာ ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်စေဖို့၊ ကိုယ့်ရဲ့အတိတ်အမှားတွေကို လက်ခံပြီး အနာဂတ်ကို အကောင်းမြင်နိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု(Self-esteem) ဆိုတာ ကိုယ့်ကိုယ်ကို လက်ခံနိုင်ပြီး ကိုယ့်တန်ဖိုးကို နားလည်ခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတည်ဆောက်ရာမှာ အရေးကြီးတဲ့အချက်တွေ၊ နည်းလမ်းတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
"အရွေ့တစ်ခုအတွက်အင်အား"နှစ်စမှာ အပြောင်းအလဲလုပ်လိုတဲ့အခါ၊ နောက်လာမည့်အနာဂတ်အတွက်လိုအပ်တဲ့အရာတွေကို ပံ့ပိုးဖို့၊ အခြေအနေအသစ်တွေနဲ့ ကိုက်ညီတဲ့အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။အပြောင်းအလဲဆိုတာ တစ်နေ့တည်းပြုလုပ်နိုင်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါ့ကြောင့်အပြောင်းအလဲတွေအတွက် မိမိရည်မှန်းချက်ကို ရှင်းလင်းစွာသတ်မှတ်ထားပြီး၊ လုပ်ဆောင်ရန်လိုအပ်သော နည်းလမ်းများကို ကဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
“လွှတ်ချဖို့ ခက်ခဲခြင်း” ဆိုတာ သက်ဆိုင်ရာအခြေအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။ ၎င်းမှာ အတိတ်က အဖြစ်အပျက်များ၊ အဆက်အသွယ်များ၊ သို့မဟုတ် မျှော်လင့်ချက်များကို ချန်ထား၍ ရှေ့ဆက်တိုးရန်အခက်အခဲဖြစ်စေသော စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်။
လွှတ်ချခြင်းသည် အချိန်ယူသော အစဉ်အလာဖြစ်နိုင်သော်လည်း မိမိရဲ့စိတ်ချမ်းသာမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သတိပြုရန်လိုပါတယ်။
အားလပ်ရက်တွေ ပွဲတော်ရက်တွေဟာ မိသားစုတွေ၊ ချစ်ရတဲ့သူတွေနဲ့ အချိန်ပေးပြီး အပန်းဖြေဖို့အချိန်လို့ လူအများကထင်ကောင်းထင်ကြပေမယ့် တချို့သူတွေအတွက်တော့ ထိုနေ့ရက်တွေဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့ အချိန်ကာလလည်းဖြစ်နေတတ်ပါတယ်။ဒါကြောင့် "အားလပ်ရက်နဲ့ ကြောင့်ကြစိတ်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အားလပ်ရက်တွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့စိတ်ဖိစီးမှုတွေနဲ့ ထိုစိတ်ဖိစီးမှုတွေကိုဘယ်လိုကျော်လွှားနိုင်မလဲစသဖြင့်နည်းလမ်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''တစ်နှစ်တာကိုပြန်လည်သုံးသပ်ခြင်း'' ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ တစ်နှစ်တာလုပ်ဆောင်ခဲ့သမျှအရာတွေ မှတဆင့် ပျော်ရွှင်စရာ၊ ဂုဏ်ယူစရာ၊ ကျေနပ်စရာများရှိခဲ့သလို နာကျင် ဝမ်းနည်းစရာ အဆင်မပြေမှုများလည်းရှိခဲ့နိုင်ပါတယ်။ဒီလိုအတက်အကျတွေနဲ့ ပင်ပန်းနေရတဲ့စိတ်လေးကို နှစ်တစ်နှစ်၏ နောက်ဆုံးလမှာ ခဏအနားပေးကာ ပြန်လည်သုံးသပ်ခြင်းဖြင့် နှစ်သစ်မှာ အကောင်းဆုံး ဆက်လက်လျှောက်လှမ်းဖို့ အတူတူကြိုးစားကြမယ်။
ဒီတပတ်မှာတော့ 'ခံစားချက်များရဲ့ အသံမှ ကောင်းမွန်သော ဆက်ဆံရေးသို့' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။အမျိုးသားတစ်ဦးအနေနဲ့ သင့်ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ တခါတရံ အခက်အခဲဖြစ်နေပါသလား?တစ်ခါတလေ “အပြစ်မဲ့တဲ့ပုံစံ” ပြုလုပ်ရင်း ကိုယ့်ရဲ့ စိတ်တွင်းအာရုံတွေကို ဖုံးဖိထားရသလို ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ခံစားချက်တွေကို နားလည်ပြီး ထုတ်ဖော်တင်ပြနိုင်ခြင်းက မိမိအတွက် အချစ်၊ နားလည်မှု၊ နွေးထွေးမှုနဲ့ ပြည့်စုံတဲ့ ဆက်ဆံရေးတစ်ခုအတွက် အဓိကတံတားဖြစ်ပါတယ်။အမျိုးသားတွေမှာ ခံစားချက်တွေကို ကိုယ်တိုင်သေချာနားမလည်ခြင်းနှင့် ခံစားချက်များကို မဖော်ပြတတ်ခြင်းကြောင့် မိမိချစ်ရသူများ၊ အိမ်ထောင်ရေးနှင့် မိသားစုပေါ် သက်ရောက်မှုများအကြောင်းကို မျှဝေပေးသွားမှာပါ။
ဒီတပတ်မှာတော့ အုပ်ထိန်းမှု အနုပညာ ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။ဖခင် ဆိုသောအခန်းကဏ္ဍဟာ မိသားစုတစ်စုအတွက် အလွန်အမင်းအရေးကြီးလှပါတယ်။ ဖခင်တစ်ယောက်၏ မှန်ကန်သော ပြုမူဆက်ဆံမှု၊ အုပ်ထိန်းစောင့်ရှောက်ပေးမှုကြောင့် သာယာသော မိသားစုဘဝ ကိုဖြစ်စေနိုင်သလို မိမိရင်သွေးလေးများသည်လည်း ဉာဏ်ရည်မြင့်မား၍ထက်မြက်သော၊ မျှတသောအတွေးအခေါ်ရှိသောသူများ ဖြစ်လာပါလိမ့်မယ်။
ဒီတပတ်မှာတော့ 'သန်မာခြင်း နှင့် စိတ်သုခ' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။သန်မာခြင်းဆိုသည်မှာ အဘယ်နည်းလူ့ဘဝမှာ သန်မာခြင်းဆိုတာ လွန်စွာ အရေးကြီးတဲ့ အချက်ဖြစ်ပြီး မိမိ၏ ကိုယ်ကာယ ခွန်အားအပြင် မိမိစိတ်ဓာတ်သန်မာခြင်း နှင့် စိတ်ပျော်ရွှင်မှုကို ပိုမိုအရေထား ထိန်းသိမ်းခြင်းသည်လည်းအရေးကြီး လှပါတယ်။သန်မာခြင်းကို ပြန်လည် သုံးသပ်ကြည့်ဖူးကြလား သန်မာခြင်း က မိမိကိုယ်ကို ကာကွယ်ပေးနိုင်သော စွမ်းအား ဖြစ်သလို ပြင်ပလောကအပေါ်မှာလည်း ကြံ့ခိုင်မှုရရှိစေပါတယ် ။ စိတ်သုခ ရရှိဖို့ဆိုသည်မှာ ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှုမှ စတင်ရပါတယ်။သန်မာခြင်းကြောင့် ပင်ပန်းမှုကို ဦးတည်နေခြင်းထက် ခန္ဓာသန်စွမ်းပြီး စိတ်ခွန်အားသန်မာစေဖို့ မိမိစိတ်ကို လိုအပ်ပါက ကောင်းစွာအနားယူတတ်ရန်နှင့် ပင်ပန်းခွင့်ပြုဖို့လည်း လိုအပ်ပါတယ် ။အားလုံး စိတ်အေးချမ်းတဲ့ ဘဝကို ရရှိဖို့ စိတ်ခွန်အားကို ထိန်းသိမ်းပြီး သန်မာစွာ ရှင်သန်နိုင်ဖို့ လုပ်ဆောင်ကြရအောင်။
ဒီတပတ်မှာတော့ 'အယူအဆမှားများ အား ကျော်ဖြတ်ခြင်း' ခေါင်းစဉ်ကို ဆွေးနွေးပေးသွားမှာပါ။အမျိုးသားများ စိတ်ကျန်းမာပျော်ရွှင်ဖို့သည်လည်း ဘဝအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သို့သော် များသောအားဖြင့် လူမှုအသိုင်းအဝိုင်းရဲ့အယူအဆမှားများကြောင့် အမျိုးသားများဟာ မိမိစိတ်ကျန်းမာရေးကို ပြောဆိုဖော်ထုတ်ဖို့ လွယ်ကူမှုမရှိကြပါဘူး။ ဝမ်းနည်းနာကျင်စရာ ရှိခဲ့ရင်တောင် ငိုဖို့မရဲတဲ့အခြေအနေတွေကြောင့် ပိုမိုနာကျင် ခံစားရနိုင်ပါတယ်။မိမိမိသားစု ပတ်၀န်းကျင်မှာရှိတဲ့ အမျိုးသားများရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ကို အမျိုးသားများသာမက အမျိုးသမီးများကလည်း နားလည်သိရှိထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း တစ်ဦးစိတ်အခြေအနေကို တစ်ယောက်က နားလည်ပြီး သာယာ ပျော်ရွှင်တဲ့ မိသားစုဘဝကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ကြမှာပါ။လူသားတစ်ယောက်ဖြစ်သော အမျိုးသားများလည်း မိမိစိတ်ကိုဖော်ထုတ်ဖွင့်ဟပြီး အယူအဆမှားတချို့ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
From the publisher's feed