Let’s Get Relaxed

Let’s Get Relaxed

Download on the App Store

Let’s Get Relaxed episodes

  • Emotional Support Session Series 22/24 ပဋိပက္ခနှင့် စိတ်ဒဏ်ရာ
    ဒေသတွင်းပဋိပက္ခတွေနဲ့ ကြုံနေရတဲ့အခါ လူအများစုဟာ ပဋိပက္ခ တွေကြောင့် ရလာတဲ့ အခက်အခဲ၊ နာကျင်စရာများ နှင့် မသေချာမရေရာမှုများကြောင့် စိုးရိမ်းပူပန်ရမှုများကို နိစ္စဓူဝ ကြုံတွေ့နေကြရပါတယ်။ ဒီအကျိုးဆက်တွေကြောင့် စိတ်အနာတရဖြစ်ပြီး စိတ်ဒဏ်ရာ ကိုခံစားရနိုင်ပါတယ်။အဲ့လို ကြုံတွေ့ရသောအခါ စိတ်အခြေအနေ တည်ငြိမ် ကျန်းမာဖို့ ခက်ခဲလာသော်လည်း စိတ် နဲ့ခန္ဓာ ကျန်းမာ နေမှသာ ကြုံလာသမျှ အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်မှာမို့ လုပ်ဆောင်ရမယ့် အလေ့အကျင့် နည်းလမ်းလေးတွေ ကို သိရှိ လေ့ကျင့်ထားဖို့ လိုအပ်လှပါတယ်။
    49 min
  • Emotional Support Session Series 21/24 မသေချာမှုတွေကြားမှာ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း
    ဒီတပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''မသေချာမှုတွေကြားမှာ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း '' ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ရှေ့လျှောက် ဘာတွေဆက်ဖြစ်မလဲ၊ ဘာဆက်လုပ်ရမလဲ မသေချာမှုတွေ များလွန်းတဲ့အချိန်မှာ မိမိစိတ်အခြေအနေ ကောင်းမွန် ကျန်းမာနေဖို့ဆိုတာ အင်မတန်ခက်ခဲလှပါတယ်။ဒီအခြေအနေတွေနဲ့ ကြုံနေရတဲ့အခါ ပုံမှန်အခြေအနေတွေထက် ပိုပြီး စိတ်နဲ့ခန္ဓာ ကျန်းမာနေဖို့ကလည်း မဖြစ်မနေ လိုအပ်လှပါတယ်။
    1 hr 9 min
  • Emotional Support Session Series 20/24 ပျံ့လွင့်လွယ်သော စိတ်အခြေအနေကို နားလည်ခြင်း
    ဒီတပတ်မှာတော့ "ပျံ့လွင့်လွယ်သော စိတ်အခြေအနေကို နားလည်ခြင်း" ခေါင်းစဉ်နဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ပျံ့လွင့်လွယ်သောစိတ်၊ မတည်ငြိမ်နိုင်သောစိတ်ဆိုတာ ဘာလဲစိတ်တည်ငြိမ်ပြီး လုပ်ဆောင်ရန်ကိစ္စများအပေါ် အာရုံစူးစိုက်နိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်လဲစိတ်ကလုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေများလွန်းပြီး ခန္ဓာကိုယ်က မလုပ်နိုင်တဲ့အခါမျိုးတွေမှာ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ အာရုံစူးစိုက်မရနိုင်ခြင်း၊ အတွေးများပြီး စိတ်လေးအနားမရဘဲ ပင်ပန်းနေတတ်ပါတယ်။ ဒီအခြေအနေမှာ စိတ်လေးတည်ငြိမ်ဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းလေးတွေကို သိရှိနားလည်နေဖို့ အရေးကြီးလှပါတယ်။
    48 min
  • Emotional Support Session Series 19/24 နယ်နိမိတ်စည်းကာခြင်းမှသည်ကျန်းမာပျော်ရွှင်ခြင်းဆီသို့
    ဒီတပတ်ဆွေးနွေးပေးမဲ့ခေါင်းစဥ်ကတော့ ''နယ်နိမိတ်စည်းကာခြင်းမှသည်ကျန်းမာပျော်ရွှင်ခြင်းဆီသို့'' ခေါင်းစဥ်ပဲ ဖြစ်ပါတယ်။ လူ့လောကဝန်ကျင်မှာ ရှင်သန် ရတဲ့အခါ မိမိအတွက် လုံခြုံနွေးထွေးစေသူ၊ ပျော်ရွှင်စေသူ ၊ စိတ်အနာတရဖြစ်စေသူ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေသူ စသည်ဖြင့် လူမျိုးစုံနှင့် တွေ့ဆုံဆက်ဆံရမည်မှာ မလွဲပါ။လူပတ်ဝန်းကျင်နှင့် ကင်းကွာ၍ နေထိုင်ရှင်သန်ဖို့ဆိုသည်မှာ ပို၍ပင်မလွယ်ကူပါ။ဒါကြောင့် မိမိအတွက် သင့်လျော်တဲ့ နယ်နိမိတ်စည်းလေးတွေထားပြီး လူတွေကို ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိစိတ်ကို ကျန်းမာပျော်ရွှင်စေပါလိမ့်မယ်
    47 min
  • Emotional Support Session 18/24 (အတွေးအမြင်များကို ပြန်လည် ဆန်းစစ်ခြင်း)
    ဒီတပတ်မှာတော့ ''အတွေးအမြင်များကို ပြန်လည် ဆန်းစစ်ခြင်း'' ခေါင်းစဥ်နဲ့ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ အတွေးတွေက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလည်းဆိုတာကို ပြန်လည်ဆန်းစစ်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ ပြောင်းလဲသင့်တဲ့ အတွေးပုံစံတွေကို ဆွေးနွေးပေးသွားမှာပါ။ အတွေးအမြင်မှားယွင်း​ခြင်းတွေကလည်း စိတ်အနာတရဖြစ်ခြင်းနှင့် စိတ်ကျန်းမာရေးကိုထိခိုက်စေနိင်သလို၊ မိမိရဲ့ မှန်ကန်တဲ့ အတွေးအမြင်တွေကြောင့် အောင်မြင်ပျော်ရွှင်သောဘဝတွေကိုလည်းရရှိနိုင်ပါတယ်။မိမိရဲ့အတွေးတွေကြောင့် စိတ်မချမ်းသာ စိတ်မကောင်း စတဲ့စိတ်ခံစားချက်အမျိုးမျိးခံစားနေရပြီး ဒီအတွေးအမြင်လေးကို ပြောင်းလဲလိုက်ယုံဖြင်းလည်း မိမိစိတ်နှလုံး တည်ငြိမ်အေးချမ်းမှုကို ခံစားရနိုင်ပါတယ်။
    1 hr 1 min
  • Emotional Support Session Series 17/24 (စိတ်ဒဏ်ရာအလွန် စိတ်ကျန်းမာရေး)
    ဒီတပတ်မှာတော့ စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ ''စိတ်ဒဏ်ရာ အလွန် စိတ်ကျန်းမာရေး'' ခေါင်းစဥ်ကို ဆွေးနွေးပေးထားပါတယ်စိ။ စိတ်နာကျင်ပင်ပန်းရမှုကို အဖန်ဖန်ကြုံတွေရတဲ့အခါ ဆိုးရွားလွန်းတဲ့ အတွေ့အကြုံတွေ ကြုံရပြီးတဲ့အခါ နာရမှန်းတောင် မသိတော့ဘူး။ နာလွန်းလို့​ ဖော်ပြစရာစကားလုံးတောင် ပျောက်ဆုံးနေတယ်စတဲ့ စိတ်ထုံထိုင်းမှုမျိုးလည်း ခံစားရတတ်ပါတယ်။ ဒါဟာ မြုံနေတဲ့ဒဏ်ရာပါပဲ။ကုစားမှုမပြုဘဲ လစ်လျူရှုခြင်း၊ မေ့ဖျောက်ထားခြင်း အဲ့က​နေတဆင့် စိတ်ကျန်းမာရေးကို ထိခိုက်စေသော အခြေအနေတွေကို ကြုံရနိုင်ပါတယ်။ကုစားမှုတွေ ရယူခြင်းဖြင့်လည်း စိတ်ဒဏ်ရာအလွန် ကာလများမှာတော့ ယုံကြည်မှု၊ စိတ်ခွန်အားအပြည့်ဖြင့် လှပသောဘဝတစ်ခုကို ထုဆစ်ပုံဖော်နိုင်ပါလိမ့်မယ်။ဒီလို စိတ်အခြေအနေ ခံစားနေခဲ့ရရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို နားလည် တတ်ကျွမ်းသူထံမှ အကူအညီ ရယူတာဟာလည်း ရှက်စရာမဟုတ်ပါဘူး။
    1 hr 1 min
  • Emotional Support Series 16/24 (စိတ်ဓါတ်ကျခြင်းနှင့် စိတ်ကျဝေဒနာ)
    စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ ''စိတ်ဓါတ်ကျခြင်းနှင့်စိတ်ကျဝေဒနာ' ဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။အရာရာခက်ခဲနေတဲ့ခေတ်၊ မသေချာတဲ့ အနာဂတ် စသည့်အ​​ခြေအနေတွေကြောင့် စိတ်ဓာတ်ကျပင်ပန်းနေပြီလား၊စိတ်ဓာတ်ကျ​ခြင်း မှတဆင့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ထိခိုက်စေနိုင်သလဲလုပ်တိုင်းမဖြစ်တဲ့ အခြေအနေတွေ ကြုံတဲ့အခါ၊ ကြိုးစားသလောက်ခရီးမပေါက်တဲ့ အခြေအနေတွေကြုံတဲ့အခါ လူတွေဟာ စိတ်ဓာတ်ကျမှု စိတ်ပင်ပန်းမှုတွေကိုခံစားကြရတယ်။ထိုအခြေအနေတွေ ကြုံတဲ့အခါ မိမိစိတ်ခွန်းအားပေါ်မူတည်ပြီး ကျော်ဖြတ်အောင်မြင်နိုင်သလို၊ ဆက်လက်ရပ်တည်ရန် ခက်ခဲပြီး စိတ်ဝေဓါတ်ဒကျနေသူများလည်းရှိပါတယ် ။ဒီလို စိတ်အခြေအနေတွေ ခံစားနေခဲ့ရရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို နားလည် တတ်ကျွမ်းသူထံမှ အကူအညီ ရယူတာဟာလည်း ရှက်စရာမဟုတ်ပါဘူးနော်။
    58 min
  • Emotional Support Series 15/24 (အပြစ်ရှိစိတ်နဲ့ ရှက်ရွံ့ခြင်း)
    စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက ''Guilty & Shame " (အပြစ်ရှိစိတ် နှင့် ရှက်ရွံ့ခြင်း) ဆိုတဲ့ ခေါင်းစဥ်ကို ဆွေးနွေးပေးသွားမှာပါ။မိသားစုတွေကြား အပြစ်တင်ပြောဆိုခြင်းကြောင့် ဘာရလဒ်တွေ ဖြစ်လာနိုင်သလဲအပြစ်တင်ခြင်းက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ထိခိုက်စေနိုင်သလဲမှားတဲ့အခါ လက်ခံရရှိတဲ့ တုံ့ပြန်မှုပုံစံတွေကလည်း လူတွေရဲ့ဘဝကို ပြောင်းလဲစေပါတယ်။အပြစ်တင်ခံရခြင်း ကနေ ယုံကြည်မှု အားနည်းပြီး မိမိကိုယ်ကို အပြစ်ရှိတယ်ဆိုတဲ့စိတ်၊ ရှက်ရွံသိမ်ငယ်တဲ့စိတ်တွေနဲ့ အသက်ရှင်နေရတယ်။ ဒီဘဝနေထိုင်နည်းပုံစံကို မကြိုက်ပေမယ့် ဘယ်လိုပြင်ဆင်ရမလဲဆိုတာလည်း သိမနေဘူး။မိမိဘဝကိုအပြစ်မတင်ဘဲ ရဲရဲဝံ့ဝံ့ နဲ့ ယုံကြည်မှုရှိရှိဖြတ်သန်းချင်တယ်။ ....ဒီလို စိတ်အခြေအနေတွေ ခံစားနေခဲ့ရရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို နားလည် တတ်ကျွမ်းသူထံမှ အကူအညီ ရယူတာဟာလည်း ရှက်စရာမဟုတ်ပါကြောင်းဆွေးနွေးပေးထားပါတယ်။
    48 min
  • Emotional Support Series 14/24 (အကြောက်တရားနှင့် စိတ်ကျန်းမာရေး)
    စိတ်ကို မကျန်းမာစေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ "အကြောက်တရားနှင့် စိတ်ကျန်းမာရေး" အကြောင်းနားထောင်နိုင်ပါတယ်။ အကြောက်တရားက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ထိခိုက်စေနိုင်သလဲ၊ ခန့်မှန်းမရတဲ့ ဘဝအခြေအနေတွေမှာ လူတွေဟာ အကြောက်တရားကြောင့်နေ့စဥ် စိုးရိမ်ပူပန်စွာနဲ့ ရှင်သန်နေကြရတယ်။ ဒီလိုအခြေအနေတွေကြောင့် စိတ်မကျန်းမာနေခဲ့ရင် ဖုံးကွယ်ငြင်းဆန်နေဖို့ မလိုသလို ရှက်စရာလည်းမဟုတ်ကြောင်းဆွေးနွေးပေးထားပါတယ်။
    51 min
  • Emotional Support Series 13/24
    ဘိုးဘိုးဘွားဘွားများနှင့် စိတ်ကျန်းမာရေး
    ဘဝရဲ့နေဝင်ချိန်ကိုရောက်ရှိနေကြပြီ တဘဝစာ ခန္ဓာရော စိတ်ပါ အစွမ်းကုန်ပင်ပန်းခဲ့ကြပြီး ဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေအတွက်  စိတ်ရော ကိုယ်ပါ အနားယူပြီး ငြိမ်းအေးမှုလေးရရှိသင့်တဲ့အရွယ်ပါ။
    ဒီအချိန်မှာ မိသားစုဝင်တွေရဲ့ ကြင်နာမှု၊ ဂရုစိုက်မှု၊ သူတို့အပေါ် နားလည်းပေးတက်မှု တွေကလည်း အလွန်ကိုအရေးကြီးလှပါတယ်
    စိတ်သွားတိုင်း ကိုယ်မပါတော့တဲ့အခါ အရာရာစိတ်အလိုမကျမှု၊ မိသားစုကိုကူညီပေးချင်လျက်နဲ့မကူညီနိုင်မှုအပေါ် အားနာဝမ်းနည်းမှု၊ မိသားစုအတွက်လူပိုကြီးလားဆိုတဲ့ စိတ်ဓာတ်ကျမှု စတဲ့ စိတ်ခံစားမှုတွေနဲ့ စိတ်ပင်ပန်းမှုတွေရှိနေတက်ကြပါတယ်။
    တကယ်တော့ အဘိုးအဘွားဆိုတာ မိသားစုရဲ့တန်ဖိုးထားစရာ ရတနာပါပဲ။ နှစ်တွေအကြာကြီး ဒီသားသမီး ​မြေး တွေအပေါ် ချစ်ခင်မှု လုံခြုံနွေးထွေးမှုတွေပေးခဲ့ဘူးတဲ့ အရိပ်အာဝသကြီးပါ။
    ဘိုးဘိုးဘွားဘွားတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာနေမှလည်း ကျန်းမာပျော်ရွှင်သော မိသားစုဘဝရဲ့အနှစ်သာရကိုရရှိခံစားကြရမှာပါ။
    49 min

About Let’s Get Relaxed

From the publisher's feed

ကိုယ့်ရဲ့စိတ်ကို အနားပေးရင်း အားပြန်ဖြည့်နိုင်ဖို့ စိတ်ကို အနားရစေတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။ စိတ်အဆင်မပြေမှုအမျိုးမျိုးအတွက် သင့်လျော်ရာလေ့ကျင့်ခန်းကိုရွေးနားထောင်နိုင်ပါတယ်။…