ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

By MCA NetworkBusinessArtsNon-Profit
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး episodes

  • ဆယ်လမွန်ငါးလေး

    ဒီအပတ်ရဲ့ တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင်က သူမရဲ့ခွန်အားယူရာဖြစ်တဲ့ ဆယ်လမွန်ငါးလေးတွေရဲ့ သဘာဝနဲ့ ဖြစ်ပျက်တိုက်ဆိုင်တဲ့ ဘဝအမှတ်တရနဲ့ ခံစားချက်တွေအကြောင်း မိတ်ဆွေတို့ကို ဝေမျှပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီကာလမှာ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နေကြတဲ့ ဘဝတူ မသန်စွမ်း ညီအစ်ကိုမောင်နှမတွေနဲ့ သောတရှင်မိတ်ဆွေတို့ရဲ့ ဘဝဖြတ်သန်းမှုတွေမှာ စိတ်ဓာတ်ခွန်အားတွေ ထပ်မံဖြည့်စွက်ပေးလိုတဲ့ ဖန်တီးသူရဲ့ ရည်ရွယ်ချက်ကို သူမရဲ့တင်ပြမှုတွေကနေ အထင်းသားခံစားနိုင်မှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြိုဆို နားဆင်နိုင်ပါပြီနော်။

    ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

    Post: https://www.facebook.com/.../a.20297266.../1304201730029805/

    Form: https://forms.gle/MuYYfYMTrmGhy5d78

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉 https://www.facebook.com/MyanmarCinemAbilityNetwork/

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://www.clubhouse.com/club/myanmar-cinemability-network

    👉 https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ

    👉 https://t.me/mcanetwork

    ☎️ 09261256493, 09420819597, 09941559897

    #SalmonFish

    #MotivationforYouth

    #InclusiveCreation

    #InclusivePodcasting

    #DisabilityAndCreation

    #Podcasterwithdisability

    17 min
  • Love Has No Boundaries အပိုင်း (၁)

    ဒီအပတ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက "Love has No Boundaries" ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ နယ်နမိတ်မဲ့ဖြစ်ဖို့ဆိုရင် မသန်စွမ်း လူငယ်တွေအတွက် ချစ်ခြင်းမေတ္တာနဲ့ အိမ်ယာထူထောင်ခြင်းမှာ ဘယ်လိုအတွေ့အကြုံတွေရှိနေမလဲ၊ ဘယ်လို နယ်နမိတ် အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်နေရမလဲ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ တည်ဆောက်မှုမှာ ပြင်ပက ဘယ်လိုလွှမ်းမိုးမှုတွေ ရှိနေမလဲ၊ သူတို့ရဲ့ သက်ဆိုင်သူတွေကို ဘာတွေရင်ဖွင့်သွားမလဲဆိုတာ သူမရဲ့ နယ်နမိတ် ဒဿနတွေနဲ့အတူ မောင်ပူးလေး ခေါ် Mr. Guinea Pig က ဧည့်သည်တင်ဆက်သူအဖြစ် သူ့ရဲ့ သက်ဆိုင်သူ ကောင်မလေးနဲ့ ဘယ်လို ချစ်ခြင်းမေတ္တာ တည်ဆောက်နေသလဲ ဆိုတာရယ် မသန်စွမ်းလူငယ်တစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ လက်ထပ်ခြင်းအပေါ် လွတ်လပ်ပွင့်လင်းတဲ့ ဝေမျှမှုတွေကိုပါ တစ်ပါတည်း ခံစားရမှာဖြစ်ပါတယ်။ 

    မိတ်ဆွေတို့ရေ ဒီကဏ္ဍမှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ အသက် ၃၅ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ ဧည့်သည်တင်ဆက်သူ မသန်စွမ်းလူငယ် တစ်ဦးချင်းဖြစ်စေ၊ စုံတွဲအလိုက်ဖြစ်စေ  လွတ်လပ်ပွင့်လင်းစွာ အတူတကွ ပူးပေါင်းပါဝင် ဆွေးနွေးနိုင်ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖြစ်တည်မှုကို လေးစားတဲ့အနေနဲ့ မိမိတို့နှစ်သက်ရာ အမည်လွှဲနဲ့အတူ မူရင်းအသံကို အသုံးမပြုဘဲ ပြန်လည်ပြုပြင် တင်ဆက်ပေးမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းသလို ထူးခြားတဲ့ တင်ဆက်မှုဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ကျွန်ုပ်တို့ကို ဆက်သွယ်ပြီး ပါဝင်ဖြေဆိုပေးမယ့် အလှည့်ကျ မေးခွန်းများကို သဘောတူ ခွင့်ပြုချက်ဖောင်နဲ့အတူ တောင်းခံနိုင်ပြီး ၄၈ နာရီအတွင်း လိုအပ်တဲ့ အချက်အလက်များနဲ့ မူရင်းအသံဖိုင်ကို ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေတို့အနေနဲ့ နားထောင်သူ အဖြစ်ကနေ တင်ဆက်သူအဖြစ်ပါ ပူးပေါင်းပါဝင်နိုင်တာမို့လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီနော်။ 

    "ချစ်ကြပါ။ ဒါပေမယ့် ခြွင်းချက်မရှိတဲ့ ချစ်ခြင်းဖြစ်ပါစေ။"

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉 https://www.facebook.com/MyanmarCinemAbilityNetwork

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://www.clubhouse.com/club/myanmar-cinemability-network

    👉https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ

    👉https://t.me/mcanetwork

    ☎️ 09941559897, 09420819597, 09941559897

    #LovehasNoBoundaries

    #LoveAndIntimateRelationship

    #HappyPwDsLovers

    #RightsforPwDs

    #BarriersinLoveAffairs

    #Inclusivepodcasting

    #mcanetwork

    1 hr 15 min
  • တက်သစ်စ လူငယ် အပိုင်း (၉)

    ဒီအပတ်မှာတော့ မိတ်ဆွေတို့ကို တက်သစ်စလူငယ် Zach Steven Myu (စတီဗင်)က သူ့ရဲ့ ဘဝအကြောင်း အနိမ့်အမြင်၊ အတက်အကျတွေကို ဇာတ်ကြောင်းပြောရင်း MCA Network မှာ အလုပ်သင်အဖြစ် ပါဝင်လာဖြစ်ခဲ့ပုံနဲ့ ဘဝတူ မသန်စွမ်းလူငယ်တွေအတွက် အားပေးစကားကိုပါ ဝေမျှပေးမှာ ဖြစ်ပါတယ်။ 👏

    ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

    Post: https://www.facebook.com/MyanmarCinemAbilityNetwork/photos/a.202972666819389/1304201730029805

    Form: https://forms.gle/MuYYfYMTrmGhy5d78 

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉 https://www.facebook.com/MyanmarCinemAbilityNetwork

    👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://www.clubhouse.com/club/myanmar-cinemability-network

    👉 https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ

    👉 https://t.me/mcanetwork

    ☎️ ☎️ 09261256493, 09420819597, 09941559897

    #MCAIntern2022

    #InclusiveCreation

    #InclusivePodcasting

    #DisabilityAndCreation

    #Podcasterwithdisability

    #Producerwithdisability

    45 min
  • ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၁၀)

    ဒီအပတ် "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ" ခေါင်းစဉ် အောက်ကနေ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတာကတော့ ၂၀၁၆ ခုနှစ်မှာ ဂျာမနီနိုင်ငံ ပုံပြရုပ်ရှင်ကျောင်း တစ်ခုက ထုတ်လုပ်ထားတဲ့ ၄ မိနစ်ကျော်ရှိတဲ့ ဘွဲ့ရစာတမ်းတင် ကာတွန်းရုပ်ရှင်တိုလေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ Youtube Channel မှာ Subscriber ၄သောင်းခွဲခန့် ရှိပြီး ကြည့်ရှုသူ ၁၁ သန်းကျော်၊ သဘောကျနှစ်ခြိုက်သူ  ၂ သိန်းကျော်နဲ့ မှတ်ချက်ပြုသူ ၈ ထောင်ကျော်အပြင် အင်္ဂလိပ်ဘာသာ အပါအဝင် ဘာသာစကားပေါင်း ၂၅ မျိုးနဲ့ ဘာသာပြန် စာတန်းထိုးပေးထားကာ ဘရာဇီးနိုင်ငံသား ပုံပြအနုပညာရှင် Fabio Coala ရဲ့ ရုပ်ပြပုံစံကို အခြေခံပြီး ဂျာမနီနိုင်ငံသား ဒါရိုက်တာ Jacob Frey က ဖန်တီးထားတာ ဖြစ်ပါတယ်။ Vimeo Channel မှာတော့ ကြည့်ရှုသူ ၁၃ သန်းကျော်၊ နှစ်ခြိုက်သဘောကျသူ ၂ သိန်းခွဲခန့်တွေ့ရပြီး ဒီပုံပြရုပ်ရှင် ဖြစ်မြောက်ဖို့ ပါဝင်ဖန်တီးသူ ၈ ဦးကိုလည်း တွေ့ရပါတယ်။ ဒီရုပ်ရှင်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပေါင်း ၁၈၀ မှာပြသခဲ့ပြီး ဆုပေါင်း ၅၀ ကျော်ရရှိခဲ့ပါတယ်။ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က ဒီရုပ်ရှင်အကြောင်း ဆွေးနွေးရင်း ဇာတ်ဝင်ခန်း တစ်ခုချင်းစီကို အမြင်အာရုံ မသန်စွမ်းသူများပါ ပူးဝင်ခံစားနိုင်ဖို့အတွက် အသံနဲ့ဖွင့်ဆိုရှင်းပြ တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

    The Present ပုံပြရုပ်ရှင်ကို ကြည့်ရှုလိုသူများအနေနဲ့ ဒီနေရာများမှာ လှုပ်ရှားမှုအသားပေး အသံသရုပ်ဖော်ဖြင့် ကြိုတင်ဝင်ရောက် လေ့လာနိုင်ပါတယ်။

    Youtube: https://youtu.be/WjqiU5FgsYc

    Vimeo: https://vimeo.com/152985022

    🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲

    👉 https://www.facebook.com/MyanmarCinemAbilityNetwork/

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉https://www.clubhouse.com/club/myanmar-cinemability-network

    👉https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ

    👉https://t.me/mcanetwork

    📧 Gmail: [email protected]

    ☎️ 09261256493, 09420819597, 09941559897

    #ThePresent

    #PhysicalDisability

    #InclusivePodcasting

    #DisabilityAndCreation

    #AnimationFilm

    48 min
  • Let's find out AWD! အပိုင်း (၁)

    “Let’s find out AWD”

    AWD ဆိုတာက….❓❓❓

    ညီမက အနုပညာကို ဝါသနာပါတဲ့သူ၊ အနုပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုချင်တဲ့သူ၊ ပြီးတော့ မသန်စွမ်းသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီတော့ ညီမရဲ့ ပထမဦးဆုံး podcast အစီအစဉ်လေးကို ဒီလိုမျိုးလေး ဖန်တီးပုံဖော်ဖြစ်ခဲ့ပါတယ်ရှင့် … ဘယ်လိုမျိုးပါလိမ့်⁉️

    ညီမနဲ့ ဝါသနာတူ မသန်စွမ်း ညီအစ်ကိုမောင်နှမတွေကို ပင်တိုင်တင်ဆက်သူ အဖြစ်နဲ့ ညီမရဲ့ “Let’s find out AWD” ဆိုတဲ့ podcast အစီအစဉ်လေးမှာ ဖိတ်ခေါ်ပြီးတော့ မေးခွန်းလေးတွေ မေးထားပါတယ်။ ဆိုတော့ …. ညီမ ဘယ်လို မေးမြန်းထားမလဲ ဆိုတာကို စောင့်မျှော် အားပေးကြပါဦးနော် … 😚

    ပထမဆုံး episode လေးမှာဖိတ်ခေါ်ထားတဲ့ ညီမကိုယ်တိုင် နှစ်သက်အားကျရတဲ့ မသန်စွမ်း အနုပညာရှင်က ….. 🤔

    နားဆင်မယ့် ပရိသတ်တွေထဲက တစ်ချိုလည်း သိပြီးသားသူ ဖြစ်နိုင်ပါတယ် ….🤩

    “Let’s find out AWD” Go! Go! Go!

    မိတ်ဆွေတို့ရေ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ ညီမငယ် သဇင်သီရိခေတ်က သူမရဲ့ ပထမဦးဆုံး ပွဲဦးထွက် တင်ဆက်မှုအဖြစ် မသန်စွမ်းအနုပညာရှင် Elijah (ဧလိယ)ကို ဖော်ထုတ် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။  အနုပညာအပေါ် မသန်စွမ်း လူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှု၊ တန်ဖိုးထားမှု၊ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ဘယ်လို ခရီးဆက်နေသလဲဆိုတာ Elijah ရဲ့  လက်စွမ်းပြ ဂီတသံနဲ့အတူ ခံစားရမှာဖြစ်ပါတယ်။ ဒီအပတ် တက်သစ်စ လူငယ် အစီအစဉ်ကို အမြင်အာရုံ မသန်စွမ်းသူ အယ်ဒီတာ သွန်းနေစိုးက ပင်တိုင်တင်ဆက်သူ သဇင်သီရိခေတ်နဲ့အတူ လူငယ်ဆန်ဆန် အပေးအယူမျှမျှ တည်းဖြတ် လက်စွမ်းပြထားတာဖြစ်လို့ မလွတ်တမ်း နားဆင်ခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉 https://www.facebook.com/MyanmarCinemAbilityNetwork/

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://t.me/mcanetwork

    ☎️ 09941559897, 09261256493

    #LetsFindOutAWD

    #inclusivepodcasting

    #disabilityandcreation

    #artistwithdisability

    #podcasterwithdisability

    #soundeditorwithdisability

    #singerwithdisability

    22 min
  • မိခင်များရဲ့ စကားသံ အပိုင်း (၆)

    ဒီအပတ်မှာတော့ လှည်းကူးမြိုနယ် မသန်စွမ်းသူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်နေတဲ့ သူငယ်နာအကြောတင်းနဲ့ ဉာဏ်ရည်မသန်စွမ်းသူ မအေးမြတ်မြတ်နှင်းရဲ့ မိခင်ဖြစ်သူ အစ်မ ဒေါ်သန်းသန်းအေးက သမီးလေးအတွက် ကျောင်းပညာရေးကို လက်လှမ်းမီအောင် ကြိုးစားချိတ်ဆက်ပေးရုံသာမက မိမိကိုယ်တိုင်က သမီးလေးကို လောကကြီးထဲမှာ ကောင်းမွန်စွာ ရပ်တည်နိုင်ဖိုအတွက် အစစအရာရာ လက်ဦးဆရာပီသစွာ ကြိုးစားသင်ကြားပေးဖြစ်ပုံကို ခွန်အားရဖွယ် မိတ်ဆွေတိုကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉 https://www.facebook.com/MyanmarCinemAbilityNetwork

    👉 https://myanmarcinemabilitynetwork.wordpress.com/ 

    👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://t.me/mcanetwork 

    ☎️ 09941559897, 09261256493

    32 min
  • တက်သစ်စ လူငယ် အပိုင်း (၈)

    ဒီအပတ်မှာတော့ ညီမငယ် သွန်းသီရိမိုးက သူမရဲ့ ဘဝဖြတ်သန်းမှုနဲ့အတူ အသံဇာတ်လမ်းတွေ ဖန်တီးရာမှာ ကိုယ်တိုင် ရေးသား၊ သရုပ်ဆောင်ဖို့ စိတ်အားထက်သန်စွာ အလုပ်သင်အဖြစ် ပါဝင်လာပုံတွေကို မိတ်ဆွေတို့ကို လူငယ်ဆန်ဆန် တက်ကြွသွက်လက်စွာ ဝေမျှပေးမှာ ဖြစ်ပါတယ်။ 👏

    ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

    https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805 👏

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉 https://www.facebook.com/MyanmarCinemAbilityNetwork

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://t.me/mcanetwork

    ☎️ 09941559897, 09261256493

    #MCAIntern2022

    #InclusiveCreation

    #InclusivePodcasting

    #DisabilityAndCreation

    #Podcasterwithdisability

    #Storytellerwithdisability

    12 min
  • ဖန်တီးမှုမှာ ပျော်မွေ့စေပါ

    ဒီအပတ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက MCA Network နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast ကို မသန်စွမ်း လူငယ်တွေနဲ့အတူ ပါဝင်နိုင်အောင်လို့ ဦးဆောင်နေရတဲ့အခါ နေ့စဉ်ဘ၀မှာ အလုပ်သင်များဖိတ်ခေါ်ပြီး လေ့ကျင့်ဖန်တီးမှုနဲ့ စီမံခန့်ခွဲမှု နောက်ကွယ်က သူမရဲ့ ရူးသွပ်မှုနဲ့ အတွေ့အကြုံတွေကို  ဝေမျှပေးမှာဖြစ်ပါတယ်။ 🤝

    🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲

    👉 https://www.facebook.com/MyanmarCinemAbilityNetwork/

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://t.me/mcanetwork

    📧 Gmail: [email protected]

    ☎️ 09261256493, 09941559897

    #behindthecreations

    #inclusivepodcasting

    #disabilityandcreation

    #youthempowerment

    #mcanetwork

    42 min
  • တက်သစ်စ လူငယ် အပိုင်း (၇)

    ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ ထပ်မံမိတ်ဆက်ပေးချင်တဲ့ တင်ဆက်သူကတော့ ဂန့်ဂေါသူလေး မခင်နီလာဝင်း ဖြစ်ပါတယ်။ မခင်နီလာဝင်းက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ရန်ကုန်ကို ရောက်ရှိခဲ့ကာ အလုပ်အကိုင် အခွင့်အလမ်းမျိုးစုံမှာ ကျင်လည်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အနာဂတ် ကိုယ်ပိုင်စီးပွားရေးအတွက် ခြေလှမ်း အစပြုတဲ့အနေနဲ့ အွန်လိုင်းကနေ တစ်နှစ်ကြာ လေ့လာရမယ့် Business Startup Development Program ကို MBAPF ရဲ့ အစီအစဉ်နဲ့ လေ့လာဆည်းပူးနေသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အခုလို အလုပ်သင် တင်ဆက်သူအဖြစ် ကြိုးစားနေပုံတွေကို မိတ်ဆွေတို့ကို ဝေမျှပေးမှာဖြစ်ပါတယ်။ 👏

    ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇

    Post: https://www.facebook.com/.../a.20297266.../1304201730029805/

    Form: https://forms.gle/MuYYfYMTrmGhy5d78 👏

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉 https://myanmarcinemabilitynetwork.wordpress.com/

    👉 https://www.facebook.com/MyanmarCinemAbilityNetwork

    👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉 https://t.me/mcanetwork

    ☎️ 09941559897, 09261256493

    #MCAIntern2022

    #InclusiveCreation

    #InclusivePodcasting

    #DisabilityAndCreation

    #Podcasterwithdisability

    22 min
  • ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၉)

    ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ တင်ဆက်ဖို့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ၄ မိနစ်ကြာ "PIP" ကာတွန်းရုပ်ရှင် Animation ကားပဲ ဖြစ်ပါတယ်။ ဒီကာတွန်းကားလေးမှာ  အဓိကတင်ပြထားတဲ့ အကြောင်းအရာကတော့ အမြင်အာရုံ မသန်စွမ်းသူများအတွက် လမ်းပြနိုင်ဖို့ အားနည်းချက် ရှိပေမယ့်လည်း အိပ်မက်ကို လက်မလွှတ်ချင်တဲ့ ခွေးငယ်လေးတစ်ကောင် အကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMBD Rating 7.0 အထိ ရရှိထားပြီး Youtube မှာ ကြည့်ရှုသူ ၄၀၃ သန်းကျော်၊ ကြိုက်နှစ်သက်သူ ၁.၇ သန်းရှိပြီး မှတ်ချက်ပေါင်း ၄ သောင်းကျော် ရရှိထားတဲ့ ကာတွန်းရုပ်ရှင် ဖြစ်ပါတယ်။ တင်ဆက်သူအနေနဲ့ ကာတွန်းရုပ်ရှင်ကို အသံနဲ့သရုပ်ဖော်ပေးထားပြီး ကာတွန်းရုပ်ရှင် ဖန်တီးမှုအကြောင်း သိကောင်းစရာနဲ့ အတွေ့အကြုံများကိုလည်း ဝေမျှပေးမှာဖြစ်ပါတယ်။

    👍PIP ကာတွန်းရုပ်ရှင်ကို လှုပ်ရှားမှုအသားပေး ဂီတပုံဖော်မှုဖြင့် သို့မဟုတ် အမြင်အာရုံ မသန်စွမ်း သူများအတွက် English ဘာသာစကား အသံသရုပ်ဖော် Audio Description နဲ့တွဲပြီး ခံစားနိုင်ရန် အောက်ပါ လင့်ခ်များတွင် ဝင်ရောက်လေ့လာနိုင်ပါပြီ။ 👇

    🎥 https://youtu.be/07d2dXHYb94 💻 လှုပ်ရှားမှုအသားပေး အသံသရုပ်ဖော်

    🎥 https://youtu.be/KqANNQDgkAc💻 အင်္ဂလိပ် အသံထွက် အသံသရုပ်ဖော်

    🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲

    👉https://myanmarcinemabilitynetwork.wordpress.com/

    👉https://www.facebook.com/MyanmarCinemAbilityNetwork

    👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉https://t.me/mcanetwork

    📧 Gmail: [email protected]

    ☎️ 09261256493, 09941559897

    #GuideDog

    #TrainingForGuideDog

    #InclusivePodcasting

    #DisabilityAndCreation

    #AnimationAdvocacyFilm

    47 min

About ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

From the publisher's feed

This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.

ဤ…