
Sign up to save your podcasts
Or


ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ Season 2 Episode #3 မှာ ကိုယ်ရေးမိတ်ဆက် အစီအစဉ်ကို ထပ်မံတင်ဆက်မယ့် သူကတော့ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာရ (မခမမ)မှာ လက်ထောက် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုထွေးပိုင် ဖြစ်ပါတယ်။ ကိုထွေးပိုင်က "မြတ်ကြူအိမ်"ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေရေးသားသူ တစ်ဦးလည်းဖြစ်သလို လုံးချင်း၀တ္ထုလည်း ထွက်ရှိဖူးသူဖြစ်ပြီး အခြား ပြည်တွင်း၊ ပြည်ပ ပူးပေါင်းအကောင်အထည်ဖော်တဲ့ စာပေဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ပါဝင်လုပ်ဆောင်လျှက် ရှိပါတယ်။ အသံပိုင်းဆိုင်ရာ စီစဉ်တင်ဆက်သူအဖြစ် လေ့ကျင့်သင်ကြားမှုတွေ တစ်ဖက်မှာ လုပ်ဆောင်နေသလို လက်ရှိမှာ Host အဖြစ် တာဝန်ယူဖန်တီးမယ့် အစီအစဉ်များကို အခြား အလုပ်သင် မောင်နှမများနဲ့အတူ အမွှမ်းတင် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အခုလို အလုပ်သင် တင်ဆက်သူအဖြစ် ကြိုးစားနေပုံတွေကို ဝေမျှပေးမှာဖြစ်ပါတယ်။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
https://www.facebook.com/MyanmarCinemAbilityNetwork/
https://myanmarcinemabilitynetwork.wordpress.com/
https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
https://t.me/mcanetwork
#InclusiveCreation
#InclusivePodcasting
#DisabilityAndCreation
#podcasterwithdisability
ဒီအပတ်မှာ အသစ်ထပ်မံ တင်ဆက်ပေးသွားမယ့် အစီအစဉ် တစ်ခုကတော့ "မင်္ဂလာရှိအောင် မင်္ဂလာဆောင်" 💑ဆိုတဲ့ ခေါင်းစဉ်နဲ့ 🦽🚶♀️မသန်စွမ်း လူမှုအသိုက်အဝန်းက မင်္ဂလာဆောင် အသီးသီးရဲ့ နောက်ကွယ်က မင်္ဂလာမောင်နှံတွေရဲ့ အမှတ်တရ၊ ခံစားချက်နဲ့ အလွဲလေးတွေကို ပြန်လည်ဝေမျှကြမယ့် အစီအစဉ်ဖြစ်ပါတယ်။ ပထမဦးဆုံး အပိုင်းအနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက သူ့ဘ၀ သူ့အတွေ့အကြုံတွေကို ခင်ပွန်းဖြစ်သူ ဆရာ ဦးအောင်ကိုမြင့်နဲ့အတူ မိတ်ဆွေတို့ကို သူတို့ဖူးစာဆုံခဲ့ပုံ၊ မင်္ဂလာပွဲ စီစဉ်ခဲ့ပုံတွေနဲ့ ဒီကနေ့အထိ မင်္ဂလာရှိအောင် ဘယ်လိုရပ်တည်နေတယ်ဆိုတာတွေကို ဝေမျှပေးသွားမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီ။ 🎧 ဒီအစီအစဉ်မှာ အတူလက်တွဲ တင်ဆက်ဖို့အတွက်လည်း ဧည့်သည်တင်ဆက်သူ မသန်စွမ်း ဇနီးမောင်နှံ အရွယ်စုံကို ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သားတွေက ချစ်ခင်လေးစားစွာနဲ့ အထူးပဲ ဖိတ်ခေါ်အပ်ပါတယ်။ 🙏
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲
👉 https://anchor.fm/mcanetwork
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
📧 Gmail: [email protected]
☎️ 09261256493, 09941559897
#inclusivewedding
#memoriesinthewedding
#inclusivepodcasting
ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ Season 2 Episode #2 မှာကိုယ်ရေးမိတ်ဆက် အစီအစဉ်ကို ထပ်မံတင်ဆက်မယ့် သူကတော့ လှည်းကူးမြို့က မလွင်ဝါဝါအောင် ဖြစ်ပါတယ်။ မလွင်ဝါဝါအောင်က B.A(Myanmar) နဲ့ဘွဲ့ရထားသူဖြစ်ပြီးတော့ မသန်စွမ်းရေးရာ ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ စီစဉ်တင်ဆက်သူအဖြစ် လေ့ကျင့်သင်ကြားမှုတွေ တစ်ဖက်မှာ လုပ်ဆောင်နေသလို လက်ရှိမှာ Host အဖြစ် တာဝန်ယူဖန်တီးမယ့် အစီအစဉ်များကို အခြား အလုပ်သင်မောင်နှမများနဲ့အတူ အမွှမ်းတင်ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။ သူမရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အခုလို အလုပ်သင် တင်ဆက်သူအဖြစ် ကြိုးစားနေပုံတွေကို ဝေမျှပေးမှာဖြစ်ပါတယ်။ 👏
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၈)အတွက် ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၇ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Radiance ဂျပန်အချစ် ရုပ်ရှင်ကားဖြစ်ပြီး မသန်စွမ်းအရေးကို လုပ်ဆောင်နေသူ ညီမငယ် မေမြတ်ထူးစံနဲ့အတူ ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ မျက်စိအလင်း တစ်စတစ်စ ကွယ်ပျောက်လာတဲ့ ဓာတ်ပုံဆရာ တစ်ယောက်နဲ့ အမြင်အာရုံ မသန်စွမ်းသူတွေကို ရုပ်ရှင်တွေခံစားနိုင်ဖို့ အသံနဲ့ ဖွင့်ဆိုရှင်းပြပေးရတဲ့ လူမှုဝန်ထမ်း အမျိုးသမီးလေးတို့ကြားက ရုပ်ပုံခံစားမှု သဘောတရားတွေ မတူညီနေတဲ့အခါ ဓာတ်ပုံဆရာရဲ့ တည့်တိုးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အောင့်သက်သက် ခံစားသွားရတဲ့ အမျိုးသမီးလေးရဲ့ အဖြစ်နဲ့ သူတို့ရဲ့ ကသိကအောက်နိုင်တဲ့ ဆုံတွေ့မှုကို အစပြုထားတာ ဖြစ်ပါတယ်။ မသန်စွမ်းမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲတွေမှာဆိုရင် အမြင်အာရုံမသန်စွမ်းသူတွေလည်း ရုပ်ရှင်ကို အများနည်းတူ ခံစားနိုင်အောင် Audio Description လို့ခေါ်တဲ့ အသံနဲ့ သရုပ်ဖော် ဖွင့်ဆိုရှင်းပြပေးခြင်းတွေ ရုပ်ရှင်ထဲမှာ တစ်ပါတည်း ထည့်သွင်းတင်ဆက်ပေးရပါတယ်။ ဒါမှသာ အများနည်းတူ တစ်ပြိုင်နက် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ အမူအရာတွေ၊ လှုပ်ရှားမှုတွေ၊ အရောင်တွေ၊ သဘာဝတရားတွေ၊ ဖြစ်ရပ်တွေကို စကားပြောတွေတင်မကဘဲ အသေးစိတ် ပူးဝင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ဝန်ဆောင်မှုပေးတဲ့ နေရာကို အလွယ်ခေါ်ရရင် မျက်မမြင်ရုပ်ရှင်ရုံလို့ သုံးနှုန်းတတ်ကြပါတယ်။ ဒီထဲမှာတော့ အသံနဲ့ဖွင့်ဆိုရှင်းပြခြင်းရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံကို အထူးလေ့လာရမှာဖြစ်ပြီး ရုပ်ရှင်နဲ့ပတ်သက်တဲ့ အမြင်အာရုံမသန်စွမ်းသူ မောင်နှမများရဲ့ ပြည်သူ့အသံကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းတင်ဆက်ထားပါတယ်။ 📲 မူရင်း ဇာတ်ကားကို MCA Network ရဲ့ Telegram Channel မှာ ရှုစားနိုင်ပါတယ်။ ရုပ်ရှင်ပူးတွဲ တင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/spKJrGkFtRdJajri9 လျှောက်ထားနိုင်ပါတယ်။
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲
👉https://www.facebook.com/MyanmarCinemAbilityNetwork/
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
📧 Gmail: [email protected]
☎️ 09261256493, 09941559897
ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ ပထမဦးဆုံး ကိုယ်ရေးမိတ်ဆက်အစီအစဉ်ကို တင်ဆက်မယ့်သူကတော့ မိတ္ထီလာသူလေး မအေးစန္ဒာလှိုင် ဖြစ်ပါတယ်။ မအေးစန္ဒာလှိုင်က B.Sc(Math) နဲ့ဘွဲ့ရထားသူဖြစ်ပြီးတော့ မိသားစုစီးပွားရေးမှာ ကူညီလုပ်ကိုင်ရင်း တစ်ဖက်တစ်လမ်းကလည်း ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး တစ်ယောက်ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ စီစဉ်တင်ဆက်သူအဖြစ် လေ့ကျင့်သင်ကြားမှုတွေ တစ်ဖက်မှာ လုပ်ဆောင်နေသလို လက်ရှိမှာ Host အဖြစ် တာဝန်ယူဖန်တီးမယ့် အစီအစဉ်များကို အခြား အလုပ်သင်မောင်နှမများနဲ့အတူ အမွှမ်းတင်ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။ သူမရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အခုလို အလုပ်သင် တင်ဆက်သူအဖြစ် ကြိုးစားနေပုံတွေကို ဝေမျှပေးမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ မလွတ်တမ်း စောင့်မျှော် အားပေးနိုင်ကြပါပြီ။ 👏
အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။
https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉 https://www.facebook.com/MyanmarCinemAbilityNetwork/
👉 https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
#InclusiveCreation
#InclusivePodcasting
#DisabilityAndCreation
#podcasterwithdisability
မိခင်များရဲ့ စကားသံ စတုတ္ထပိုင်းမှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ရဲ့ တက်သစ်စ လူငယ်တင်ဆက်သူ တစ်ဦးလည်းဖြစ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ရဲ့ ဂီတမေဂျာမှာ အထူးပြု တူရိယာအဖြစ် စောင်းပညာကို လေ့လာသင်ယူနေသူ၊ တေးသံရှင် တစ်ဦးလည်းဖြစ်တဲ့ မသဇင်သီရိခေတ်ရဲ့ မိခင် ဒေါ်မဉ္ဇူမော်က အငယ်ဆုံး သမီးလေးအပေါ် မိခင်တစ်ယောက်ရဲ့ ခံစားချက်၊ ဘ၀ အမှတ်တရတွေအပြင် သမီးရဲ့ ပါရမီနဲ့ ထူးချွန်မှုအပေါ် မိခင်တစ်ယောက်ရဲ့ နောက်ကွယ်က ပံ့ပိုးရပ်တည်ခဲ့ရပုံတွေအကြောင်း မိတ်ဆွေများကို ဝေမျှပေးမှာဖြစ်လို့ လာမယ့် မေလ ၂၈ ရက်နေ့ စနေနေ့ည ၇ နာရီမှာ ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါး Podcast အစီအစဉ်ကနေ စောင့်မျှော် နားဆင်နိုင်ပါပြီ။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉https://anchor.fm/mcanetwork
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.facebook.com/MyanmarCinemAbilityNetwork/
👉https://t.me/mcanetwork
“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” အပိုင်း (၁)မှာတော့ ခေါင်းစဉ်လေး အတိုင်းပါပဲ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခွင့်ရခဲ့တဲ့ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် UNCRPD ရဲ့ အပိုဒ် (၂၄) မှာပါဝင်တဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးကို ဇာတ်လမ်းတို အဖြစ်ပုံဖော်ရာမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းဖြစ်သူ ကိုပြည့်ဖြိုးဝေနဲ့အတူ တင်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဇာတ်လမ်းကို ဆရာ ဦးအောင်ကိုမြင့်က ရေးသားခဲ့ပြီး ကျွန်တော်နဲ့အတူ ၂၀၁၉ ခုနှစ် MCA Network ဇာတ်ညွှန်း သင်တန်းသားများနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ပရောဂျက် ဝန်ထမ်းတွေ သာမကဘဲ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က Filmmaker တွေနဲ့ ရန်ကုန်ရုပ်ရှင်ကျောင်းက Filmmaker တွေကလည်း မေတ္တာနဲ့ ပူးပေါင်းပံ့ပိုး ကူညီပေးခဲ့ကြပါတယ်။ အခု “ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်မှာတော့ ဒီဇာတ်လမ်း ဖြစ်ပေါ်လာပုံ၊ ရုပ်ရှင် ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံတွေ၊ မသန်စွမ်းသူနဲ့ ဝန်ထမ်းတွေ၊ Independent Filmmaker တွေက ကင်မရာရှေ့နောက်မှာ ဝန်းရံပေးခဲ့ကြတဲ့ ရိုက်ကူးရေး အတွေ့အကြုံ အမှတ်တရတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဪ ဒါနဲ့ ကျွန်တော့်ရဲ့ ထုံးစံအတိုင်း အလွဲလေးတွေကလည်း ပါသေးတာပေါ့ဗျာ။ ဒါကြောင့် ရှည်ရှည်ဝေးဝေးတွေ မပြောနေတော့ပါဘူး ကျွန်တော်တို့အစီအစဉ်ကိုသာ မလွတ်တမ်း စောင့်မျှော် နားဆင်ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။ အခုဆွေးနွေးထားတဲ့ “ခွင့်တူညီမျှ” ဇာတ်လမ်းကို ဒီနေရာမှာ ကြိုတင်ခံစား ကြည့်ရှု့နိုင်ပါပြီနော်။
👉 https://youtu.be/P__9bjUBXwo
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ" ခေါင်းစဉ် အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက "ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀" အနေနဲ့ ရွေးချယ်ထားတာကတော့ ၂၀၁၉ ခုနှစ်မှာ အာရှ၊ ဥရောပ၊ အာဖရိကတိုက်တို့ရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကျောင်းသားအယောက် ၈၀ ပါဝင်ခဲ့တဲ့ Cine Nomad School က ထုတ်လုပ်ခဲ့သည့် မှတ်တမ်းနှင့် ဇာတ်လမ်းရုပ်ရှင်တို ၁၃ ကားထဲမှာ ၁ ကားအပါအဝင်ဖြစ်တဲ့ "Jo & Kessy" (၁၆ မိနစ် ၃၀ စက္ကန့်ကြာ) မှတ်တမ်းရုပ်ရှင်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းထဲမှာ အသက် ၅၀ ကျော်မှ Jo ဆိုသူဟာ မျိုးရိုးဗီဇ ပြဿနာ တစ်ခုကြောင့် အမြင်အာရုံ မသန်စွမ်းသူ ဘ၀ကို ရောက်ရှိခဲ့ရတဲ့ အကော်ဒီယံ ပညာရှင် တစ်ယောက်ပါ။ Kessy ဆိုသူကတော့ ငယ်စဉ်ကတည်းက ခွဲစိတ်မှုမအောင်မြင်ခဲ့ဘဲ အမြင်အာရုံ မသန်စွမ်းသူဘ၀ကို ရောက်ရှိခဲ့ရတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရင်း ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတွေ မရှိတဲ့မြို့ကြီးတွေမှာ အသီးသီး ကျင်လည်နေကြရပေမယ့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ကိုယ်စီ ရုန်းကန်ကျော်ဖြတ်နေကြတဲ့ ပြင်သစ်နိုင်ငံသား နှစ်ဦးဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို တင်ဆက်သူကိုယ်တိုင် ရိုက်ကူး၊ တည်းဖြတ်ခွင့်ရခဲ့ပြီး ရုပ်ရှင်ကားနောက်ကွယ်က ဒါရိုက်တာတစ်ယောက်ရဲ့ အမှတ်တရတွေကို ဝေမျှပေးမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီ။ ဒါ့အပြင် ကျွန်ပ်တို့ရဲ့ "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast အစီအစဉ်ကနေ ရုပ်သံဖြင့် ယှဉ်တွဲခံစားနိုင်ဖို့ ရိုက်ကွင်း နောက်ကွယ်များကို အပိုင်း (၅)ပိုင်းခွဲပြီး Facebook Page နဲ့ Telegram Channel တွေမှာ လွှင့်တင်ပေးထားပါတယ်။ မူရင်း ရုပ်ရှင်စာမျက်နှာမှာတော့ ရုပ်ရှင်အမြည်း (Trailer) ၊ ရိုက်ကူးရေး အဖွဲ့သားများ (Film Crew)နဲ့ ပြသခဲ့ဖူးတဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (International Film Festival) တွေအကြောင်းကို ဝင်ရောက် လေ့လာနိုင်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေကတော့ USA မှာ ၆ ပွဲ၊ UK နဲ့ Romania မှာ ၃ ပွဲစီ၊ India နဲ့ Canada မှာ ၂ ပွဲစီပြသခဲ့ပြီး အခြား Denmark, Ecuador, Kosovo, Serbia, Paraguay, Italy, The Dominican Republic နဲ့ Croatia တို့မှာ ၁ပွဲစီ ပါဝင်ခဲ့ပါတယ်။ Canada ၂ ပွဲ၊ USA ၁ပွဲနဲ့ Denmark ၁ ပွဲမှာတော့ Finalist (စကာတင်) ၄ ကြိမ်၊ UK က ၁ ပွဲမှာ Honorable Mention (ဂုဏ်ပြုမှတ်တမ်း) ၁ ကြိမ်၊ Ecuador မှာ International Documentary Short Film Award၊ Serbia မှာ Best Short Music Documentary 3rd Place၊ USA က ၁ပွဲမှာ Best Short Competition အတွက် Winner ဆုနဲ့ India က ၁ပွဲမှာ Student Film အတွက် Winner ဆုများ အသီးသီး ဆွတ်ခူးရရှိခဲ့ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဇာတ်ကောင်များဖြစ်ကြတဲ့ Kessy Mac Queen နဲ့ Double Swing Jazz Music Band တို့ရဲ့ Official Page နဲ့ Youtube Channel များမှာလည်း တေးသီချင်း သီဆိုဖျော်ဖြေမှုတွေကို ရှုစားနိုင်မှာဖြစ်သလို Cine Nomad School ကို စိတ်ပါဝင်စားသူများ အနေဖြင့်လည်း မူရင်းစာမျက်နှာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်"
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲
👉https://anchor.fm/mcanetwork
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
📧 Gmail: [email protected]
☎️ 09261256493, 09941559897
"မဟေသီတို့ရဲ့ စကားသံ" ပထမဦးဆုံး အပိုင်းမှာတော့ ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်မှာ နေထိုင်တဲ့ SKY ဆပ်ပြာကုန်ကြမ်း လက်လီ/လက်ကား ဖြန့်ချီရေးလုပ်ငန်းမှ ကိုဝေဖြိုးအောင်ရဲ့ မဟေသီဖြစ်ပြီး အသက် ၅ နှစ်ကျော် သမီးလေး မဖြိုးဖြိုးရဲ့ မိခင်လည်းဖြစ်သူ မခိုင်သဇင်မြင့်နဲ့အတူ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိဿဟာယ (မခမမ) ခဝဲခြံ၊ ရန်ကုန်က လက်ထောက် စာကြည့်တိုက်မှူး ကိုထွေးပိုင်ရဲ့ ဇနီးဖြစ်သူ၊ ၄ နှစ်အရွယ် သားလေး မောင်ကောင်းဝဿန်ပိုင်ရဲ့ မိခင်လည်းဖြစ်သူ၊ ဘ၀တူ အမြင်အာရုံ မသန်စွမ်းသူတွေ အတွက် Home School Teacher အဖြစ်နဲ့ရော Trainer အဖြစ်နဲ့ပါ Freelance လုပ်ဆောင်နေတဲ့ မနန်းပိုင်ပိုင်တို့က မဟေသီတို့ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အမှတ်တရတွေကို ဝေမျှတင်ဆက် ပေးသွားမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast အစီအစဉ်ကနေ အသစ်ထပ်မံ တင်ဆက်လိုက်တဲ့ "မဟေသီတို့ရဲ့ စကားသံ" ဒီအစီအစဉ်မှာ အလှည့်ကျ မဟေသီ နှစ်ဦးဆီကနေ သူတို့ရဲ့ ရင်ဖွင့်မျှဝေမှုတွေကို ခံစားနိုင်ဖို့အတွက် မသန်စွမ်း လူမှုအသိုက်အဝန်းက သန်စွမ်းသူ အမျိုးသားနဲ့ လက်ထပ်ထားတဲ့ မသန်စွမ်းသူ ဇနီးသည်တွေဖြစ်စေ၊ မသန်စွမ်း အမျိုးသားနဲ့ လက်ထပ်ထားတဲ့ သန်စွမ်းသူ ဇနီးသည်တွေဖြစ်စေ၊ ဇနီး ခင်ပွန်း နှစ်ဦးစလုံး မသန်စွမ်း အိမ်ထောင်ရှင်တွေပဲဖြစ်စေ အတူတကွ ပါဝင်တင်ဆက်နိုင်ဖို့အတွက် မဟေသီတို့ကို ပင်တိုင်တင်ဆက်သူများက နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လျှက်ရှိပါတယ်။
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲
👉https://anchor.fm/mcanetwork
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
📧 Gmail: [email protected]
☎️ 09261256493, 09941559897
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ 37 Seconds ရုပ်ရှင်ကားဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ မတင်နီလာဝင်းနဲ့အတူ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က အားဖြည့်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက ဇာတ်ကောင်ဖြစ်သူ အမျိုးသမီးငယ်လေးဟာ မွေးပြီးပြီးချင်း ၃၇ စက္ကန့်အတွင်းမှာ အသက်မရှုခဲ့တဲ့အတွက် Cerebral Palsy လို့ခေါ်တဲ့ သူငယ်နာအကြောတင်း မသန်စွမ်းသူဘ၀ကို ရောက်ရှိခဲ့ပြီး အိမ်ထောင်ကွဲမိသားစုမှာ အမေဖြစ်သူနဲ့ ကြီးပြင်းလာရသူလေးပါ။ ပန်းချီဆွဲခြင်းမှာ အထူးတော်ပေမယ့် သူမရဲ့ မသန်စွမ်းမှုကြောင့် အသိအမှတ်ပြုမခံခဲ့ရပါဘူး။ တစ်နေ့တော့ ကိုယ့်ထူးကိုယ်ချွန် ရပ်တည်ဖို့ လူကြီးကာတွန်းတွေဆွဲတဲ့ နေရာတစ်ခုမှာ အလုပ်လျှောက်ရာကနေ သူမဘ၀ရဲ့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံသစ်တွေဆီကို ခြေဆန့်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီကားထဲမှာ သူစိမ်းအမျိုးသား တစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ ပြောလိုက်တဲ့ "ငါတို့ကလည်း တခြားလူတွေလိုပါပဲ" ဆိုတာရယ်၊ မိခင်တစ်ယောက်ရဲ့ နိစ္စဓူ၀ ကလေးတစ်ယောက်လို အစိုးရိမ်လွန်ပြီး စောင့်ရှောက်မှုကို မခံချင်တော့တဲ့အဆုံး ရေချိုးခန်းထဲမှာ ပြောထွက်လာတဲ့ "ကလေးတစ်ယောက်လို မဆက်ဆံပါနဲ့" ဆိုတဲ့ စကား နှစ်ခွန်းက ကျွန်မတို့ရင်ကို ထိခတ်လှုပ်ရှားစေပါတယ်။ နောက်ပြီး ဒီရုပ်ရှင်ကို ဖန်တီးခဲ့သူ ဒါရိုက်တာ ဟီကာရီအနေနဲ့ ဘယ်လောက်အထိ အခက်အခဲတွေကြားက ကြိုးစားအကောင်အထည်ဖော်ခဲ့ရသလဲ၊ ဘယ်လိုရည်ရွယ်ပြီး ဒီဇာတ်ကောင်ကို တင်ဆက်ထားတာလဲဆိုတာကိုပါ မိတ်ဆွေတို့ကို ပြောပြပေးဦးမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီ။ 📲မူရင်းရုပ်ရှင်ကို လေ့လာကြည့်ရှုလိုသူများ MCA Network ရဲ့ Telegram Channel မှာ ▶️ တင်ပေးထားပြီး ဖြစ်ပါတယ်။ 👇 ရုပ်ရှင်ပူးတွဲတင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/spKJrGkFtRdJajri9 လျှောက်ထားနိုင်ပါတယ်။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉https://www.facebook.com/MyanmarCinemAbilityNetwork/
👉https://myanmarcinemabilitynetwork.wordpress.com/
👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://t.me/mcanetwork
From the publisher's feed
This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.
ဤ…