Sign up to save your podcasts
Or

ဒီအပတ် ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ ခေါင်းစဉ်အောက်မှာ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတဲ့ ၂၀၁၉ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ ဘောလိ၀ုဒ်ရုပ်ရှင် "One Little Finger" ကို လာမယ့် မတ်လ ၂၆ ရက်နေ့ည စနေနေ့ည ၇ နာရီမှာ မသဇင်သီရိခေတ်က တွဲဖက်ဆွေးနွေး တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ မသဇင်သီရိခတ်ဟာ ကိုယ်တိုင်လည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဂီတပညာကို စောင်းပညာအထူးပြုနဲ့ လေ့လာဆည်းပူးနေသူဖြစ်သလို ဂီတကုထုံးပညာရှင် တစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေနဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဒါတင်မက ပရိတ်သတ်ရဲ့ အသိအမှတ်ပြုခံရတဲ့ တေးရေး/တေးဆို အနုပညာရှင်တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ သူမတင်ဆက်ပေးမယ့် ဒီရုပ်ရှင်ထဲမှာတော့ အမေရိကန်နိုင်ငံသူ ဦးနှောက် နှင့် အာရုံကြောဆရာ၀န် ဒေါက်တာ ရေနာ က ဂီတကုထုံး နှင့် ပတ်သတ်တဲ့ထိရောက်မှုတွေကို သုတေသနပြုဖို့ အိန္ဒိယနိုင်ငံက မသန်စွမ်း ကျောင်းတစ်ကျောင်းကို ရောက်လာရာကနေ ဇာတ်လမ်းကို စဖွင့်ထားပါတယ်။ ဒီထဲမှာ ဘီးတပ်ကုလားထိုင် အသုံးပြုသူ ဒန်ဆိုတဲ့ ကျောင်းသားလေးနဲ့ မွေးရာပါ အကြားအာရုံ မသန်စွမ်းသူ အိန်ဂျယ်ဆိုတဲ့ ကျောင်းသူလေးတို့ရဲ့ ဘ၀ဖြတ်သန်းမှု အသီးသီးကိုလည်း တစ်ပြိုင်နက် ခံစားရမှာဖြစ်ပြီး ဒေါက်တာရေနာရဲ့ သုတေသနက အောင်မြင်နိုင်ပါ့မလား၊ ပြီးတော့ ဂီတကုထုံးဟာ မသန်စွမ်းသူတွေရဲ့ စိတ်ခံစားမှုနဲ့ စွမ်းဆောင်နိုင်ရည်တွေကို ဘယ်လောက် အကျိုးပြုသလဲဆိုတာကို ညီမငယ် သဇင်သီရိခေတ်က ရုပ်ရှင် ဇာတ်ဝင်ခန်းများနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာ သုံးသပ်တင်ပြပေးမှာပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ မူရင်းရုပ်ရှင်ကို ဒီနေရာကနေ သွားရောက် လေ့လာနိုင်ပါတယ်။
"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်မှာ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Inseparable Bros ဒရာမာဇာတ်မြူး ဇာတ်လမ်းရုပ်ရှင်ကို အသက် ၂၄နှစ်အရွယ် အော်တစ်ဇင် ရေကူးအားကစားသမားလေး မောင်မြတ်မင်းသူရဲ့မိခင် ဒေါ်ဇင်မျိုးသန်းက ဆွေးနွေးပေးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဆယ်ကျော်သက်အရွယ် ရေကူးကျွမ်းကျင်သူ Dong-Goo ဟာ Autism ဖြစ်တဲ့အတွက် ငယ်စဉ်က မိခင်ဖြစ်သူရဲ့ ရေကူးကန်မှာ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် မိဘမဲ့ဂေဟာမှာ ညီအစ်ကိုလို စောင့်ရှောက်ပေးတဲ့ ဘီးတပ်ကုလားထိုင်သုံးသူ Se-Ha နဲ့တွေ့ဆုံရာက အပြန်အလှန် ဖေးမကူညီရင်း တစ်ယောက်ကို တစ်ယောက် ညီအစ်ကိုရင်းနဲ့မခြား ချစ်ခင်ကြပြီး Se-Haရဲ့ကြိုးပမ်းမှုနဲ့ Dong-Goo ဟာ ရေကူးပြိုင်ပွဲဝင်ဖို့ အခွင့်အလမ်းတွေ ရလာပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲရောက်တိုင်း Dong-Goo ရဲ့ ၅ နှစ်သားအရွယ် အသိဉာဏ်ထဲမှာ အတိတ်က အိပ်မက်ဆိုးတွေက ဘယ်လို ခြောက်လှန့်နေသလဲဆိုတာ အစ်မ ဒေါ်ဇင်မျိုးသန်းက မိခင်တစ်ဦးရဲ့ ကိုယ်တွေ့တွေနဲ့အတူ သုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်။
မူရင်း ရုပ်ရှင် Unseparable Bros ကို ဒီနေရာမှာ 👉 https://channelmyanmar.org/inseparable-bros2019/ ရှုစားနိုင်ပါတယ်။
ရုပ်ရှင်ပူးတွဲတင်ဆက်သူအဖြစ် လေ့လာလိုသူများ ဒီနေရာမှာ 👉 https://forms.gle/v5igL1LfBzPDMXvW6 လျှောက်ထားနိုင်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။
Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း စနေနေ့ည (၇)နာရီမှာ Premiere Show အဖြစ် သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” Podcast အစီအစဉ်ရဲ့ နားဆင်သူ သောတရှင်တို့ရေ အပတ်စဉ်တင်ဆက်ပေး နေတဲ့ အစီအစဉ်ကောင်းများထဲက တစ်ခုဖြစ်တဲ့ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ ခေါင်းစဉ်လေး အတိုင်းပါပဲ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင် ပါဝင်ရိုက်ကူး သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းရုပ်ရှင်တွေရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်အတွက် ရွေးချယ်ထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကတော့ ကျွန်တော် ကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦးလည်း ဖြစ်သလို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ ဒါရိုက်တာ သမီးမြတ်ကျော်ကနေ မေတ္တာနဲ့ ရိုက်ကူးပေးခဲ့တဲ့ “အမြဲတမ်းပြုံးမယ့်သူ” ဆိုတဲ့ ဇာတ်လမ်းရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် ကျွန်တော်နဲ့အတူ ဝါရင့်အနုပညာရှင်များစွာကလည်း မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ အခု “ဇာတ်လမ်းရုပ်ရှင်ထဲက ကျွန်တော်” ဆိုတဲ့ podcast အစီအစဉ်မှာတော့ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာပုံနဲ့ ရုပ်ရှင် ဇာတ်လမ်းတိုအဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံတွေ မသန်စွမ်းသူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတဲ့အခါမှာ ကြုံတွေ့ရတဲ့ ရိုက်ကူးရေးအတွေ့အကြုံတွေ အမှတ်တရတွေ ကို နားဆင်ရမှာဖြစ်ပါတယ် ဪ ပြီးတော့ အလွဲလေးတွေကလည်း ပါသေးတာပေါ့ဗျာ ပြီးတော့ မသန်စွမ်းသူ တစ်ယောက်အနေနဲ့ မသန်စွမ်းဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ရတဲ့အခါမှာ ကျွန်တော်ဘာကို ခံစားမိလဲဆိုတော့ မသန်စွမ်းသူတွေလည်း ဒီလိုသရုပ်ဆောင်နိုင်ပါလား ဆိုတာကို ဒီရုပ်ရှင်က သတ်သေပြနိုင်တယ်လို့ ကျနော်ခံစားမိပါတယ် ယုံလည်း ယုံကြည်ပါတယ် နောက်တစ်ခုက မသန်စွမ်းဇာတ်ကောင်ဆိုရင် ကျွန်တော်တို့ အရင်က ကြည့်ဖူးနေကြ ဇာတ်ကောင်ပုံစံတွေကနေ ခွဲထွက်လာတဲ့ ဇာတ်ကောင်ပုံစံတွေကိုလည်း ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်မှာ တင်ဆက်သူ ဆယ်ကျော်သက်အရွယ် Down Syndrome သမီးကလေး မခွန်းနေခြည်ခင်ရဲ့မိခင် ဒေါ်မျိုးပပက၂၀၁၄ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Touched By Grace မိသားစုဒရာမာ ဇာတ်လမ်းရုပ်ရှင်ကို ဆွေးနွေးပေးဖို့ ရွေးချယ်ထားပါတယ်။ ဒီကားက အထက်တန်းကျောင်းတွေမှာ ဆက်ကျော်သက် ဉာဏ်ရည်မသန်စွမ်း ကျောင်းသား၊ သူတွေ အမှန်တကယ် အနိုင်ကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်စေတဲ့ ရုပ်ရှင်ကားဖြစ်ပြီး လူတိုင်းအကျုံးဝင် ပညာရေးကဏ္ဍမှာ မသန်စွမ်းလူငယ်တွေဟာ အများနဲ့တန်းတူ ပညာသင်ယူခွင့် ရရှိရုံနဲ့မလုံလောက်ဘဲ အရွယ်နဲ့အမျှပြောင်းလဲလာတဲ့ စိတ်ခံစားချက်တွေကို သူတို့ရဲ့ အတန်းဖော်တွေသာမက ကျောင်းသားမိဘတွေရဲ့ ကိုယ်ချင်းစာတရား၊ ချစ်ခြင်းမေတ္တာနဲ့ လူမှုအသိုက်အဝန်းရဲ့ လက်ခံနားလည်ပေးနိုင်မှုတွေ အထူးလိုအပ်ကြောင်း၊ အဲဒီအချက်တွေ အားနည်းသွားတဲ့အခါ မရည်ရွယ်ဘဲ ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုခြင်းတွေအထိ ဉာဏ်ရည်မသန်စွမ်း လူငယ်များအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ ရရှိစေကြောင်းကို မိခင်တစ်ဦးရဲ့ ကိုယ်တွေ့တွေနဲ့အတူ သုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်။ မူရင်း ရုပ်ရှင်ကို ဒီနေရာမှာ Touched by Grace ဝင်ရောက်ရှုစားနိုင်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
"မိခင်များရဲ့ စကားသံ" အစီအစဉ်သစ်မှာတော့ မသန်စွမ်းမိခင်များ ကိုယ်တိုင်သာမက မသန်စွမ်းသူများကို မွေးထုတ်ပေးခဲ့တဲ့ မိခင်များရဲ့ စကားသံများအဖြစ် သူတို့တွေရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ ရင်တွင်းဖြစ်ခံစားချက်တွေနဲ့ ရှုထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြချက် ကဏ္ဍစုံကို MCA Network နဲ့အတူ မသန်စွမ်းအသိုက်အဝန်းက မိခင်များက လက်တွဲတင်ဆက် သွားမှာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်မှာ ဖြစ်ပါတယ်။
ယခုအပတ် အပိုင်း (၂)မှာတော့ သက် ၂၄ နှစ်အရွယ် အော်တစ်ဇင်သားကြီး မောင်မြတ်မင်းသူ (ခ) မျိုးလေးရဲ့ မိခင်ဖြစ်သူ ဒေါ်ဇင်မျိုးသန်းက မိခင်တစ်ယောက်၊ ဇနီးသည်တစ်ယောက်ရဲ့ အိပ်မက်တွေ ပျက်သုန်းသွားသလို ခံစားခဲ့ရပြီး ဒီစိတ်သောကတွေထဲကနေ ဘယ်လို ကြိုးစားရုန်းကန်ခဲ့ရကြောင်း၊ သားလေးအတွက် အကောင်းဆုံး ပံ့ပိုးရပ်တည်ခဲ့ရင်း သမီးကလေး ရလာတဲ့အခါ တည်ငြိမ်စပြုလာတဲ့ ဘ၀အချိုးအကွေ့တွေ၊ စိတ်ခံစားမှု အနိမ့်အမြင်တွေအကြောင်းကို ပြောပြပေးမှာဖြစ်ပြီး အသက် ၄၆ နှစ်အရွယ်ရှိ အမြင်အာရုံမသန်စွမ်းသူ သားကြီး ဦးအောင်ကိုမြင့်ရဲ့ မိခင်ဖြစ်သူ ဒေါ်စီစီလွင်က မကြာမီ နိုင်ငံရပ်ခြားသို့ ကာလရှည် ခရီးမထွက်ခင် မိခင်တစ်ယောက်ရဲ့ ဘ၀တစ်လျှောက်လုံး သားအပေါ် မေတ္တာအပြည့်ဖြင့် စောင့်ရှောက်ပံ့ပိုးရင်း ကြုံတွေ့လာရတဲ့ လောကဓံတွေအပေါ် ဘာသာတရားရဲ့ အရိပ်အောက်ကနေ ဘယ်လိုရင်ဆိုင်နေသလဲဆိုတာတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
ဒီအပတ်ကစတင်ပြီး"မိခင်များရဲ့ စကားသံ" အစီအစဉ်သစ်ကို ရေရှည်ထုတ်လွှင့်သွားဖို့ ခြေလှမ်းစတင်လိုက်ပါပြီ။ ဒီအစီအစဉ်မှာတော့ မသန်စွမ်းမိခင်များ ကိုယ်တိုင်သာမက မသန်စွမ်းသူများကို မွေးထုတ်ပေးခဲ့တဲ့ မိခင်များရဲ့ စကားသံများအဖြစ် သူတို့တွေရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ ရင်တွင်းဖြစ်ခံစားချက်တွေနဲ့ ရှုထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြချက် ကဏ္ဍစုံကို MCA Network နဲ့အတူ မသန်စွမ်းအသိုက်အဝန်းက မိခင်များက လက်တွဲတင်ဆက်သွားမှာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်မှာ ဖြစ်ပါတယ်။
ယခု ပွဲဦးထွက် အစီအစဉ်မှာတော့ အသက် ၁၈ နှစ်အရွယ် Down Syndrome သမီးကလေး ခွန်းနေခြည်ခင်ရဲ့မိခင် ဒေါ်မျိုးပပက ကိုယ်တွေ့ဖြတ်သန်းမှုကနေ အရွယ်ရောက်လာတဲ့ ဉာဏ်ရည်မသန်စွမ်း လူငယ်များအနေနဲ့ ကြုံတွေ့လာရမယ့် လိင်မှုရေးရာနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်း သိကောင်းစရာများအပြင် ဉာဏ်ရည်မသန်စွမ်းသူများကို ဒီလိုကဏ္ဍတွေမှာ နားလည်လက်ခံပေးနိုင်ဖို့ အပြုသဘောဆောင်တဲ့ ဖန်တီးမှုများလည်း လိုအပ်ကြောင်းကို ဝေမျှပေးမှာဖြစ်ပြီး အသက် ၉ နှစ်အရွယ် သားကြီး ဟန်သွင်သန့်နဲ့ အသက် ၇ နှစ်အရွယ် သားငယ် ကြည်လင်းသန့်တို့ရဲ့မိခင် ကိုယ်အင်္ဂါမသန်စွမ်းသူ ဒေါ်တင်နီလာဝင်းကတော့ ရှေးရိုးစွဲအယူအဆ၊ ဘာသာရေးခံယူချက်နဲ့ ရိုးရာယုံကြည်မှုတွေကြောင့် အမျိုးသမီးတွေ အထူးသဖြင့် မသန်စွမ်းမိခင်တွေရဲ့ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးများ မဆုံးရှုံးသင့်ကြောင်း ကိုယ်တွေ့တွေနဲ့အတူ ယှဉ်တွဲသုံးသပ်ပေးမှာ ဖြစ်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့်ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ တစ်ယောက်အနေနဲ့ ကိုယ်တိုင်ရိုက်ကူးခွင့်ရခဲ့တဲ့ မသန်စွမ်းဇာတ်ကောင်တွေထဲက ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ခရီးဆက်သူ Traveller ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ မစိုးမိုးဦးကနေ ရုပ်ရှင်ဖန်တီးစဉ်က အမှတ်တရများ၊ ပထမဦးဆုံးအကြိမ် ပိတ်ကားပေါ်မှာ ပရိတ်သတ်နဲ့အတူ စတင်ကြည့်ရှုခွင့်ရစဉ်က ခံစားချက်၊ မိမိလို ကျောင်းဆရာမ ဖြစ်ခွင့်မရခဲ့ကြတဲ့ မသန်စွမ်းသူများဘ၀ကို သုံးသပ်ချက်၊ ဇာတ်ကောင်အဖြစ် ခံစားချက် အမှတ်တရတွေအပြင် မသန်စွမ်းမှုနဲ့ပတ်သက်တဲ ရှုထောင့်မိတ်ဆက်၊ တက်ရောက်ခဲ့ဖူးတဲ့ ရုပ်ရှင်ပွဲတော်တွေရဲ့ အမေးအဖြေကဏ္ဍတွေမှာ မေးကြလေ့ရှိတဲ့ မေးခွန်းများ၊ ရုပ်ရှင်ပွဲတော် အမှတ်တရများနဲ့အတူ မိသားစုအတွင်းက အမှတ်တရတွေကိုပါ အားပါးတရ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ တစ်ယောက်အနေနဲ့ တင်ပြပေးချင်တာကတော့ အရင်က လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံတကာက မသန်စွမ်းဇာတ်ကောင်တွေအပြင် ကိုယ်တိုင်ရိုက်ကူးပုံဖော်ခွင့်ရခဲ့တဲ့ မြန်မာ့မသန်စွမ်းမှုနယ်ပယ်က မှတ်တမ်းရုပ်ရှင်များနဲ့ ဇာတ်ကောင်များအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် မသန်စွမ်းရုပ်ရှင်တွေ ဖန်တီးကြတဲ့အခါ အခွင့်အရေးကို အခြေခံတဲ့ မသန်စွမ်းမှု အမြင်သစ်သဘောတရားအရ ဇာတ်ကောင်စရိုက်ထူးခြားမှုတွေ၊ သူတို့ကျော်ဖြတ်ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုမျိုးစုံနဲ့ သူတို့ရဲ့ ဇွဲရှိရှိကြိုးစားအောင်မြင်ခဲ့ပုံတွေအပြင် သူတို့ရဲ့ လူသားဆန်မှုတွေကို သိသာစေတဲ့ ကိုယ်ရေးအတ္ထုပတ္တိတစ်ပုဒ်လို ဖန်တီးခြင်းဟာ အသိပညာပေးရာမှာ ပိုပြီးထိရောက်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပုံတွေကိုပါ ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
ဆောင်းရာသီချစ်သူများရဲ့ အမှတ်တရ စကားသံများနဲ့အတူ ၂၀၂၁ ကနေ ၂၀၂၂ ကာလ အကူအပြောင်းမှာရှိနေတဲ့ ခံစားချက်တွေကိုပါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နားဆင်စေချင်တဲ့အတွက် ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က“ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း” ဒုတိယပိုင်းမှာ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်အပြင် ဟန်လီတို့ရဲ့ ဆောင်းရာသီအမှတ်တရများကို မေးမြန်းထားပြီး မောင်ကောင်းထွန်းရဲ့ မင်္ဂလာဆုတောင်း စောင်းလက်သံကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။ စကားဝိုင်းအဆုံးမသတ်ခင် ဆောင်းရာသီချစ်သူများဖြစ်တဲ့ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်၊ ကိုဇေမင်းလွင်နဲ့ မတင်နီလာဝင်း၊ ကိုထွေးပိုင်နဲ့ Wheel-chair Dancer ဟန်လီတို့ကို ကျဘန်းမေးခွန်းတစ်ခုစီနဲ့ ဂိမ်းအစီအစဉ်ကိုလည်း ထည့်သွင်းတင်ဆက်ပေးထားပါတယ်။ ဒါ့အပြင် ကိုချမ်းမြေ့အောင်ရဲ့ နှင်းဆိုတဲ့ ကိုယ်ပိုင်တေးသီချင်းသစ်လေးကိုလည်း တပါတည်း ခံစားကြရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဆောင်းညလေးတစ်ညမှာ စကားဝိုင်းထဲမှာ ကိုယ်တိုင်ပါဝင်နေရသလိုမျိုး တင်ဆက်သူများနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်စွာ ရယ်မောပေါ့ပါးလျှက် နားဆင်နိုင်စေဖို့ အပတ်စဉ် စနေနေ့ည ၇ နာရီတိုင်းမှာ စောင့်မျှော်နားဆင်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
လူအတော်များများက ဆောင်းရာသီနဲ့ ပတ်သက်လာရင် အမှတ်တရလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်၊ အခုလို ဆောင်းရာသီမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကြီးတွေ ရှိနေခြင်းကလည်း အမှတ်တရပေါင်းများစွာကို ကျန်ရစ်စေပါတယ်၊ ဒါတင်မကသေးပါဘူး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တိုင်း အမျိုးမျိုးသော လှုပ်ရှားမှုတွေနဲ့ ကျင်းပလေ့ရှိကြတာဖြစ်လို့ မသန်စွမ်းသူတွေအတွက်လည်း ဆောင်းရာသီမှာ အမှတ်တရတွေပိုပြီး ရှိနေတတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီချစ်သူများရဲ့ အမှတ်တရ စကားသံများနဲ့အတူ ၂၀၂၁ ကနေ ၂၀၂၂ ကာလ အကူအပြောင်းမှာရှိနေတဲ့ ခံစားချက်တွေကိုပါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နားဆင်စေချင်တဲ့အတွက် ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က“ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း” အတွက် ဖိတ်ခေါ်ထားတဲ့ တင်ဆက်သူများကတော့ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်၊ ကိုဇေမင်းလွင်နဲ့ မတင်နီလာဝင်းတို့ မိသားစု၊ ကိုထွေးပိုင်နဲ့ Wheel-chair Dancer ဟန်လီတို့နဲ့အတူ ခံစားချက်ဖလှယ်ရုံသာမက ကျဘန်းမေးခွန်းတစ်ခုစီနဲ့ ဂိမ်းအစီအစဉ်အပြင် မသန်စွမ်းအသိုက်အဝန်းက ဦးစိုင်းမြတ်မိုး၊ ဒေါ်စိုးမိုးဦး၊ ကိုထင်လင်းအောင်၊ မသင်းထက်စံနဲ့ မလွင်ဝါဝါအောင်တို့ရဲ့ ဆောင်းရာသီအမှတ်တရများကိုလည်း ပြည်သူ့အသံများအဖြစ် ထည့်သွင်းတင်ဆက်ပေးထားပါတယ်။ အပိုင်း(၁)မှာတော့ မတင်နီလာဝင်း၊ ကိုဇေမင်းလွင်နဲ့ ကိုထွေးပိုင်တို့ရဲ့ ရင်ခုန်သံများကို နားဆင်ရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဒုတိယပိုင်းအနေနဲ့ မောင်ကောင်းထွန်းနဲ့ မိခင်ဖြစ်သူ ဒေါ်မိမိခိုင်အပြင် ဟန်လီတို့ရဲ့ ရင်ခုန်သံများနဲ့ ဂိမ်းအစီအစဉ်များကို အသီးသီးထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် မေတ္တာဖြင့် တေးသီချင်းများကို ပါဝင်တင်ဆက်ပေးခဲ့ကြတဲ့ တေးသံရှင် မနှင်းယုခင်နဲ့ ကိုချမ်းမြေ့အောင်တို့နဲ့ သက်ဆိုင်ရာ တေးရေးဆရာများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဆောင်းညလေးတစ်ညမှာ တင်ဆက်သူများနဲ့ထပ်တူ ရင်ခုန်ပျော်ရွှင်စွာ ရယ်မောပေါ့ပါးလျှက် နားဆင်နိုင်စေဖို့ အပတ်စဉ် စနေနေ့ည ၇ နာရီတိုင်းမှာ စောင့်မျှော်နားဆင်အားပေးကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
From the publisher's feed
This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.
ဤ…