
Sign up to save your podcasts
Or


ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတဲ့ ရုပ်ရှင်ကတော့ "Come As You Are" ဖြစ်ပြီး ဒီရုပ်ရှင်ကားရဲ့ ဆိုလိုရင်းကတော့ မသန်စွမ်းသူတွေရဲ့ ဘ၀မှာ ကျန်းမာသင့်လျှော်သော ရင်းနှီးမှုတည်ဆောက်ခြင်းနဲ့အတူ လိင်ပိုင်းဆိုင်ရာ အခန်းကဏ္ဍများမှာ တန်းတူအခွင့်အရေးရရှိနိုင်ဖို့ လိုအပ်ကြောင်းကို မီးမောင်းထိုးပြသထားပြီး မြန်မာပြည်မှာရှိနေတဲ့ ရှေးရိုးစွဲအယူအဆတွေကြောင့် မသန်စွမ်းသူတွေရဲ့ ချစ်ခြင်းမေတ္တာတည်ဆောက်မှုနဲ့ လိင်မှုရေးရာကဏ္ဍတွေအပြင် အိမ်ယာထူထောင်မှုအရေးကိစ္စတွေမှာ အဟန့်အတား၊ အနှောင့်အယှက်ဖြစ်နေစေတဲ့ အတားအဆီးများအကြောင်းကို ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုတွေနဲ့အတူ ပါဝင်ဆွေးနွေးပေးကြဖို့ အမြင်အာရုံမသန်စွမ်းသူ မနန်းပိုင်ပိုင်၊ အကြားအာရုံမသန်စွမ်းသူ မောင်ဆုတ်ယင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူ မတင်နီလာဝင်းတို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒီအပိုင်းအတွက် ဉာဏ်ရည်မသန်စွမ်း မိဘများကို ကြိုးစားချိတ်ဆက်ခဲ့ပေမယ့် အချိန်မှီပေးပို့နိုင်ခြင်းမရှိတဲ့အတွက် မသန်စွမ်းမှု (၃)မျိုးကိုပဲ ကိုယ်စားပြုဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ တစ်ကယ်တော့ ရုပ်ရှင်တွေထဲက ဇာတ်ကောင်များထက် ပြင်ပလူမှုပတ်ဝန်းကျင်မှာ ကျင်လည်ရှင်သန်ရင်း ရုန်းကန်နေကြရတဲ့ မသန်စွမ်းသူ အရွယ်စုံရဲ့ဘ၀ဟာ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ် မိတ်ဆွေ။ ဒီဆွေးနွေးမှုတွေအပြီးမှာတော့ ပင်တိုင်တင်ဆက်သူက "Come As You Are" ရုပ်ရှင်ကားကို အမွှမ်းတင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။လှပါတယ် မိတ်ဆွေ။ ဒီဆွေးနွေးမှုတွေအပြီးမှာတော့ ပင်တိုင်တင်ဆက်သူက "Come As You Are" ရုပ်ရှင်ကားကို အမွှမ်းတင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" အကြောင်းကို ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ကနေ ရှေရှည်ဖော်ထုတ်ပေးသွားဖို့ အစပြုတဲ့အနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးနဲ့အတူ ပူးတွဲတင်ဆက်မည့်သူများကတော့ ရုပ်ရှင်ဒါရိုက်တာ သမီးမြတ်ကျော်နဲ့ Filmmaker စိုင်းနော်ခမ်းတို့ပဲ ဖြစ်ပါတယ်။ ခွဲထွက်လာသော ရုပ်ရှင်ဆိုတာကတော့ ပင်မရုပ်ရှင် ရေစီးကြောင်းမှာ တင်ပြလေ့ရှိတတ်တဲ့ မသန်စွမ်း ဇာတ်ကောင်စရိုက် ပုံသဏ္ဍာန်မျိုးတွေနဲ့မတူဘဲ လက်တွေ့ဘ၀တွေနဲ့ ပိုမိုနီးစပ်ပြီး အရှိတရားနဲ့ ခံစားမှုတွေကို ဖုံးကွယ်မထားဘဲ လူသားဆန်စွာ တင်ပြလေ့ရှိတတ်တဲ့ ရုပ်ရှင်အမျိုးအစားတွေပဲဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ သမီးမြတ်ကျော်ကတော့ Bollywood ရုပ်ရှင်တစ်ကားဖြစ်တဲ့ "Black" ကို ရုပ်ရှင်ဖန်တီးသူ တစ်ယောက်ရဲ့အမြင်နဲ့ရော မသန်စွမ်းသူတစ်ယောက်ရဲ့ ခံစားချက်များနဲ့ပါ ရှုထောင့်ပေါင်းစုံကနေ သုံးသပ်တင်ပြပေးမှာဖြစ်သလို Filmmaker စိုင်းနော်ခမ်းကတော့ သူကိုယ်တိုင်လေးစားခဲ့ရတဲ့ မသန်စွမ်းဇာတ်ကောင်ဖြစ်တဲ့ "Forrest Gump" ရုပ်ရှင်ကားကနေ စိတ်ဓာတ်ခွန်အားတွေရခဲ့တဲ့အတွက် ထူးခြားတဲ့ဇာတ်ကောင်စရိုက်ဖြစ်ကြောင်း ရုပ်ရှင်ဖန်တီးသူတစ်ယောက်ရဲ့ အမြင်နဲ့ဆွေးနွေးသုံးသပ်ပေးမှာပဲ ဖြစ်ပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
လမ်းပေါ်က သီချင်းသည် နောက်ဆုံးပိုင်း အနှစ်ချုပ်မှာတော့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများဖြစ်တဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့က မသန်စွမ်းသီချင်းသည်များနဲ့ အများပြည်သူတို့ရဲ့ နှစ်ဖက်ရှုထောင့်၊ နှစ်ဖက်အမြင်များနဲ့သုံးသပ်ပြီး အသေးစိတ်အကြံပြုချက်များ ဆွေးနွေးပေးထားတဲ့အပြင် ဗဟုသုတရဖွယ် ကျောထောက်နောက်ခံ ဇာတ်လမ်းများကိုပါ မိတ်ဆက်ပေးထားပါတယ်။ ယခုခေါင်းစဉ်နှင့် တင်ဆက်မှုအလုံးစုံသည် အပြုသဘောဆောင်ပြီး မသန်စွမ်း သီချင်းသည်များ၏ မဝေးတော့သော အနာဂတ်အတွက် ကဏ္ဍပေါင်းစုံကနေ ပြည်သူလူထု၊ မသန်စွမ်းသူများ ကိုယ်တိုင်နဲ့ အသင်းအဖွဲ့ပေါင်းစုံတို့က အတူလက်တွဲ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အလားအလာရှိသော အထောက်အပံ့ကောင်းများနှင့် အပြန်အလှန်အကျိုးကျေးဇူးများ ရရှိနိုင်စေရန် ကြိုးစားတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ အပိုင်း (၄)အထိဖြစ်မြောက်အောင် ပါဝင်တင်ဆက်ခဲ့ကြသည့် ပူးတွဲတင်ဆက်သူ အယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောရင်း ဒီ လမ်းပေါ်က သီချင်းသည် ခေါင်းစဉ်နှင့် ဆွေးနွေးချက်များသည် မည်သူ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့၏ အာဘော်ကိုမျှမဆောင်ဘဲ မသန်စွမ်းအသိုက်အဝန်းတွင် နောက်ပြန်မဆွဲသော အတွေးအခေါ်များနှင့် မတူကွဲပြားသော အမြင်များကို တန်ဖိုးထားတတ်စေရန် ဖော်ထုတ်ပြုစုပျိုးထောင်ခြင်းသာ ဖြစ်ပါသည်။ နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network က ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြတဲ့သူ၊ အကြံဉာဏ်များပေးကြသူ၊ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
လမ်းပေါ်က သီချင်းသည် အပိုင်း (၃)မှာတော့ မသန်စွမ်းမှုနယ်ပယ်စုံက အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များရဲ့ ဆွေးနွေးချက်များကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လမ်းပေါ်မှ သီချင်းသည်များကို စတိတ်စင်ပေါ်အထိ ရောက်ရှိလာပြီး ဂုဏ်သိက္ခာရှိရှိ အနုပညာကြေးနဲ့ ပြည်သူကိုဖျော်ဖြေနိုင်လာဖို့အတွက် သူတို့ကို ဘယ်လိုမြှင့်တင်သင့်တယ်၊ ဖေးမသင့်တယ်၊ နားလည်ပေးသင့်တယ်ဆိုတာတွေအပြင် ရေရှည်အတွက် ဘယ်လိုစံမံပေးသင့်သလဲ၊ ဘာတွေပြင်ဆင်ဖို့သင့်သလဲဆိုတာတွေကိုလည်း ရှုထောင့်ပေါင်းစုံကနေ ဝေဖန်ထောက်ပြပေးထားကြပါတယ်။ ဒီဆွေးနွေးချက်တွေကနေ အပြုသဘောဆောင်တဲ့ အရွေ့တစ်ခုဆီကိုဦးတည်နေကြပြီး မသန်စွမ်းမှုအသိပညာများအတွက် ဗဟုသုတရဖွယ်သာမက ပြည်သူနဲ့ မသန်စွမ်းသူများ အတူလက်တွဲပြီး လက်တွေ့ကျင့်သုံး လိုက်နာဖို့လည်း အရေးကြီးတယ်ဆိုတာကို တင်ဆက်သူများက မီးမောင်းထိုးပြထားပါတယ်။ ဒါတင်မကဘဲ အရင်းစစ်တော့ အမြစ်မြေကဆိုသကဲ့သို့ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်က လက်မည်းကြီးလိုရှိနေတဲ့ မသန်စွမ်းမှုနှင့် ဆင်းရဲနွမ်းပါးမှု သံသရာဖြစ်တည်ခြင်းကိုလည်း အမေ့အပ်ဘဲ ထပ်ဆောင်းလေ့လာနိုင်ဖို့ ထည့်သွင်းတင်ပြပေးထားပါတယ်။ နောင်လာမယ့် စတုတ္ထပိုင်းမှာတော့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများဖြစ်တဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့က ဒီအကြောင်းအရာ အနှစ်ချုပ်အပြင် ကျောထောက်နောက်ခံ ဇာတ်လမ်းဖြစ်တည်မှုအကြောင်းကိုပါ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် မလွတ်တမ်း နားဆင်ကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
လမ်းပေါ်က သီချင်းသည် အပိုင်း (၂)မှာတော့ မသန်စွမ်းအသိုက်အဝန်းက အနုပညာရှင် လူငယ်များရဲ့ အားတက်သရော ပါဝင်ဆွေးနွေးမှုများနဲ့အတူ "ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်"ဆိုတဲ့ သီချင်းနဲ့ လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အမြင်အာရုံ မသန်စွမ်းအဆိုရှင် အစ်မတစ်ဦးနဲ့အတူ လမ်းပေါ်မှာပူးတွဲဖျော်ဖြေပေးခဲ့တဲ့ မူရင်းအဆိုရှင် ချယ်ရီသင်းနဲ့လည်း အစီအစဉ်တင်ဆက်သူ မနွေးဇာခြည်စိုးက မေးမြန်းဆွေးနွေးထားပါတယ်။ တစ်ကယ်တော့ မသန်စွမ်းအသိုက်အဝန်းမှာ မပြောသင့်၊ မလုပ်သင့်လို့ ထင်နေတဲ့ မထိရဲ၊ မတို့ရဲကြတဲ့ Taboo တစ်ခုလိုမျိုး ခေါင်းစဉ်ဖြစ်နေတဲ့ ဒီ "လမ်းပေါ်က သီချင်းသည်" တွေအကြောင်းဆွေးနွေးထားတဲ့ အလွှာစုံက လူငယ်တွေရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အမြင်တွေကို မိတ်ဆွေတို့အနေနဲ့ ကြားသိရမှာဖြစ်ပါတယ်။ နောင်လာမယ့် တတိယပိုင်း မှာတော့ မသန်စွမ်း အသိုက်အဝန်းက အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များရဲ့ ရှုမြင်သုံးသပ်ပုံတွေနဲ့အတူ ကိုယ်တွေ့ဝေမျှမှုတွေကိုလည်း ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် မလွတ်တမ်း နားဆင်ကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
လမ်းပေါ်က သီချင်းသည်ဆိုတာ မိမိတို့ဂီတပညာနဲ့ လမ်းပေါ်မှာ အသက်မွေးဝမ်းကြောင်းပြုနေသူများကို ဆိုလိုပါတယ်။ မိတ်ဆွေတို့အနေနဲ့ လမ်းပေါ်က သီချင်းသည်များနဲ့ ပတ်သက်ပြီး မြင်ဖူး၊ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို အစီအစဉ်တင်ဆက်သူ မနွေးဇာခြည်စိုးက သီချင်းသည်များကို လူတွေ့မေးမြန်းထားပါတယ်။ သူတို့တွေ ဘာကြောင့် လမ်းပေါ်ကို ရောက်လာရသလဲဆိုတော့ အခုလိုခက်ခဲကြပ်တည်းတဲ့ ကာလမှာ စားဝတ်နေရေးအတွက် ကိုယ်တတ်သိနားလည်တဲ့ အဆိုပညာ၊ ဂီတပညာများနဲ့ ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။ တင်ဆက်သူက ဒီလို သီချင်းသည် အမျိုးမျိုးကို ကြုံခဲ့ဖူးကြတဲ့ အလွှာပေါင်းစုံမှ ပြည်သူများရဲ့ အသံများကိုလည်း တစ်ပါတည်း ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် မသန်စွမ်းအသိုက်အဝန်းက မိသားစုဝင် တစ်ဦးရဲ့ ရင်ဖွင့်သံများနဲ့ ဒီခေါင်းစဉ်နဲ့လိုက်ဖက်တဲ့ ဂန္တဝင်ရုပ်ရှင်တစ်ကား အကြောင်းကိုပါ ရုပ်ရှင်ပညာရှင်တစ်ဦးက ချိတ်ဆက်ဆွေးနွေးပေးထားပါသေးတယ်။ လာမယ့် အပိုင်းများမှာတော့ မသန်စွမ်းအသိုက်အဝန်းက ဂီတနယ်ပယ်ရှိ လူငယ်များနဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များရဲ့ ရှုမြင်သုံးသပ်ပုံတွေရယ် အဆိုတော် ချယ်ရီသင်းရဲ့ ကိုယ်တွေ့ဝေမျှမှုတွေကိုလည်း ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် မလွတ်တမ်း နားဆင်ကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင်လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
ကျွန်ုပ်တို့ Myanmar CinemAbility Network ရဲ့ "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" အစီအစဉ် တင်ဆက်မှုအကြောင်း မိတ်ဆက်နဲ့ ပရိတ်သတ်များကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ကြောင်းအပြင် အတွေ့အကြုံလိုအပ်မယ့်သူတွေအတွက်လည်း နည်းပညာပိုင်းဆိုင်ရာ ဝေမျှပေးခြင်း၊ တင်ဆက်ပုံကောင်းမွန်စေရန် အကြံဉာဏ်များပေးခြင်းနဲ့အတူ ကျင့်ဝတ်နဲ့ညီညွတ်တဲ့ တင်ဆက်သူကောင်းတွေဖြစ်လာစေဖို့ အလေ့အကျင့်ကောင်းများနဲ့အတူ မိမိရဲ့ဝေမျှလိုရာများကို အစီအစဉ်ကောင်းများအဖြစ် လက်တွဲခေါ်ယူဖို့ ပင်တိုင်တင်ဆက်သူများဖြစ်ကြတဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့က ဖိတ်ခေါ်ထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected]သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် စနေနေ့ည ၇ နာရီမှာ စတင်လွှင့်တင်မယ့် ကျွန်ုပ်တို့ Myanmar CinemAbility Network ရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" အသံလွှင့်အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ပရိတ်သတ်များအနေနဲ့ ဒီအစီအစဉ်က အပတ်စဉ်ထုတ်လွှင့်မယ့် အကြောင်းအရာစုံကို နားထောင်လိုပါက Facebook Page ကို Like ဒါမှမဟုတ် Follow လုပ်ထားဖို့လိုသလို Anchor မှာလည်း Subscribe လုပ်ထားနိုင်ကြောင်း အသိပေးအပ်ပါတယ်။ ဒါ့အပြင် MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများဖြစ်တဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့နဲ့အတူ ပါဝင်လိုပါက Page ရဲ့ Message Box မှဖြစ်စေ Viber (ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂) များမှဖြစ်စေ ဆက်သွယ်နိုင်ကြောင်း အသိပေးလိုပါတယ်။
From the publisher's feed
This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.
ဤ…