ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

By MCA NetworkBusinessArtsNon-Profit
Download on the App Store

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး episodes

  • မိခင်များရဲ့ စကားသံ အပိုင်း (၃)

    မိခင်များရဲ့ စကားသံ တတိယပိုင်းမှာတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ တစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ရဲ့ မိခင် ဒေါ်စိန်ချိုက ကိုယ်အင်္ဂါမသန်စွမ်းသူ သားငယ်အတွက် မိခင်တစ်ယောက်ရဲ့ မေတ္တာအပြည့်နဲ့ နည်းလမ်းရှာပံ့ပိုးပေးခဲ့ပုံ၊ မသန်စွမ်းမှု အသိပညာ မရှိကြတဲ့ ပတ်ဝန်းကျင်ရဲ့ အကြံပေးမှုတွေကို လက်မခံခဲ့ဘဲ သားရှေ့ရေးအတွက် ပညာရေးကို တတ်နိုင်သလောက် လမ်းပွင့်အောင် ကြိုးစားချိတ်ဆက်ပေးခဲ့ပုံ၊ သားရဲ့ အနုပညာစွမ်းရည်တွေကို မြင်လာခဲ့ရပြီး တက္ကသိုလ်တက်တဲ့ အရွယ် ရောက်လာပြန်တော့လည်း သားအတွက် ခွန်အားတွေပေးခဲ့ရင်း မိခင်တစ်ယောက်ရဲ့ နောက်ကွယ်က ထောက်ပံ့ပေးခဲ့ပုံတွေ၊ ကြိတ်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရပုံတွေအပြင် မှန်ကန်တဲ့ လိုက်လျောမှုတွေနဲ့ အားပေးပျိုးထောင်ခဲ့တဲ့အကြောင်း မိတ်ဆွေတို့ကို ဝေမျှပေးမှာဖြစ်ပါတယ်။ 

    နောက်ထပ် တင်ဆက်ပေးမယ့် မိခင်တစ်ဦးကတော့ အော်တစ်ဇင်သားလေး မောင်မြတ်မင်းသူ (ခ) မျိုးလေးရဲ့ မိခင် ဒေါ်ဇင်မျိုးသန်းဖြစ်ပြီး သားကြီးရဲ့ သင်ကြားမှု၊ သင်ယူမှုအပိုင်းမှာ ကြိုးစားပံ့ပိုးပေးခဲ့ရပုံ၊ သားအမိကြား ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ဖို့ စိတ်ကိုပြင်ဆင်ခဲ့ရပုံနဲ့ ရှေးရိုးစွဲ အယူသီးမှုတွေရှိတဲ့ ပတ်ဝန်းကျင်မှာ ဒီကနေ့အထိ သားကြီးအတွက် ကြံ့ကြံ့ခံရင်ဆိုင် ကျော်ဖြတ်နေတဲ့ ဘ၀အတွေ့အကြုံတွေ အကြောင်း မိတ်ဆွေတို့ကို ဝေမျှပေးကြမှာဖြစ်ပါတယ်။

    🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲

    👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉https://myanmarcinemabilitynetwork.wordpress.com/

    👉https://www.facebook.com/MyanmarCinemAbilityNetwork

    👉https://t.me/mcanetwork

    📧 Gmail: [email protected]

    ☎️ 09261256493, 09941559897

    35 min
  • ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၇)

    "ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၇)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက သင်္ကြန်ကာလ အမှတ်တရတွေနဲ့ အခုလို ရဿစုံလင် သင်္ကြန်ရင်ခွင် စီစဉ်တင်ဆက်ဖြစ်ခဲ့ပုံ အကြောင်းကို အပိတ်နှုတ်ဆက်အဖြစ် ဝေမျှပေးသွားမှာ  ဖြစ်ပါတယ်။

    မိတ်ဆွေတို့ကိုလည်း အခုလို မဟာသင်္ကြန်ကာလအတွင်းမှာ ဘ၀အမောတွေ ကင်းဝေးပြီး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနဲ့ နှစ်သစ်ကို စိတ်သစ်၊ လူသစ်၊ အတွေးအခေါ် သစ်တွေနဲ့ ဖြတ်သန်းပြီး မသန်စွမ်းအရေးတွေမှာ ဆထက်တံပိုး ပါဝင်နိုင်ကြပါစေကြောင်း MCA Network အနေနဲ့ အထူးပဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ နောက်အပတ် စနေနေ့ည ၇ နာရီမှာ ပြန်လည်ဆုံတွေ့ရအောင်နော်။

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉https://myanmarcinemabilitynetwork.wordpress.com

    👉https://www.facebook.com/MyanmarCinemAbilityNetwork

    👉https://t.me/mcanetwork

    ☎️: 09261256493, 09941559897

    23 min
  • ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၆)

    "ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၆)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ရိုးရာသင်္ကြန်ရဲ့ သဘောတရားတွေကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မမေ့နိုင်တဲ့ ရဿစုံကို ဝေမျှပေးသွားမှာ  ဖြစ်ပါတယ်။

    လာမယ့် မဟာသင်္ကြန် အတက်နေ့ ည ၆ နာရီမှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက သင်္ကြန်ကာလ အမှတ်တရတွေနဲ့ အခုလို ရဿစုံလင် သင်္ကြန်ရင်ခွင် စီစဉ်တင်ဆက်ဖြစ်ခဲ့ပုံ အကြောင်းကို အပိတ်နှုတ်ဆက်အဖြစ် ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် နားဆင်နိုင်ပါပြီ။

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    https://www.facebook.com/MyanmarCinemAbilityNetwork/

    https://myanmarcinemabilitynetwork.wordpress.com

    https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    https://t.me/mcanetwork

    : 09261256493, 0994a1559897

    22 min
  • ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၅)

    "ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၅)မှာတော့ ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ မိတ္ထီလာမြို့မှ မအေးစန္ဒာလှိုင်က ငယ်စဉ်ကတည်းက အမှတ်တရရှိနေတဲ့ ရိုးရာဓလေ့တွေ၊ မထင်မှတ်ထားတဲ့ ဘ၀တစ်ဆစ်ချိုး အပြောင်းအလဲနဲ့အတူ  မမေ့နိုင်တဲ့ သင်္ကြန်ရဲ့ ရဿစုံကို ဝေမျှပေးသွားမှာ  ဖြစ်ပါတယ်။

    လာမယ့် မဟာသင်္ကြန် အတက်နေ့ နံနက် ၁၀ နာရီမှာလည်း ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ရိုးရာသင်္ကြန်ရဲ့ သဘောတရားတွေကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မမေ့နိုင်တဲ့ ရဿစုံကို ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် နားဆင်နိုင်ပါပြီ။

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    https://www.facebook.com/MyanmarCinemAbilityNetwork

    https://myanmarcinemabilitynetwork.wordpress.com

    https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    https://t.me/mcanetwork

    : 09261256493, 09941559897

    20 min
  • ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၄)


    "ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အပိုင်း (၄)မှာတော့  အပိုင်း (၄)မှာတော့  ဦးအောင်ကိုမြင့်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မြက်ခင်းပြင် မဟာသင်္ကြန်ပွဲ တစ်ခုမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရပေါင်းစုံ ရဿစုံကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

    လာမယ့် မဟာသင်္ကြန် အကြတ်နေ့ ည ၆ နာရီမှာလည်း ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ မိတ္ထီလာမြို့သူ မအေးစန္ဒာလှိုင်က ငယ်စဉ်ကတည်းက အမှတ်တရရှိနေတဲ့ ရိုးရာဓလေ့တွေ၊ မထင်မှတ်ထားတဲ့ ဘ၀တစ်ဆစ်ချိုး အပြောင်းအလဲနဲ့အတူ  မမေ့နိုင်တဲ့ သင်္ကြန်ရဲ့ ရဿစုံကို ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် နားဆင်နိုင်ပါပြီ။

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉https://myanmarcinemabilitynetwork.wordpress.com/

    👉https://www.facebook.com/MyanmarCinemAbilityNetwork/

    👉https://t.me/mcanetwork

    ☎️: 09261256493, 09941559897


    22 min
  • ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၃)

    "ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ  ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ မသဇင်သီရိခေတ်က ငယ်စဉ်ကတည်းက မိသားစုနဲ့အတူ ရေဆော့ကစား ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ၊ အရွယ်ရောက်လာတဲ့အခါ သူငယ်ချင်းတွေနဲ့အတူ ဂီတနဲ့ဖြတ်သန်းခဲ့ပုံတွေအပြင် မမေ့နိုင်တဲ့ သင်္ကြန်ရဲ့ အဓိပ္ပါယ်ပြည့်၀တဲ့ ရဿစုံကို ဧပြီလ ၁၅ ရက်၊ သောကြာနေ့ မဟာသင်္ကြန် အကြတ်နေ့ နံနက် ၁၀ နာရီမှာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

    လာမယ့် မဟာသင်္ကြန် အတက်နေ့မှာလည်း ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်က ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ရိုးရာသင်္ကြန်ရဲ့ သဘောတရားတွေကြားမှာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မမေ့နိုင်တဲ့ ရဿစုံကို ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် နားဆင်နိုင်ပါပြီ။

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    👉https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    👉https://myanmarcinemabilitynetwork.wordpress.com

    👉https://www.facebook.com/MyanmarCinemAbilityNetwork

    👉https://t.me/mcanetwork

    ☎️: 09261256493, 09941559897

    12 min
  • ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၂)

    "ရဿစုံလင်  သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့  မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ  အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက  တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ  အသက် ၉ နှစ်အရွယ် သားကြီး  ဟန်သွင်သန့်နဲ့ အသက် ၇ နှစ်အရွယ် သားငယ် ကြည်လင်းသန့်တို့ရဲ့ မိခင်ဖြစ်သူ  ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သား တစ်ဦးလည်းဖြစ်တဲ့ မတင်နီလာဝင်းက  မိမိဘ၀တစ်လျှောက် ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ကာလပေါင်း များစွာထဲက  ယနေ့အထိ မမေ့နိုင်တဲ့ အတွေ့အကြုံ ရဿစုံကို မနက်ဖြန် ဧပြီလ ၁၄ ရက်၊  ကြာသပတေးနေ့ မဟာသင်္ကြန် အကျနေ့ နံနက် ၁၀ နာရီမှာ ပါဝင်ဝေမျှပေးသွားမှာ  ဖြစ်ပါတယ်။

    လာမယ့် မဟာသင်္ကြန် အကြတ်နေ့မှာလည်း ကျွန်ုပ်တို့  ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့ ဝိုင်းတော်သားတစ်ဦးဖြစ်တဲ့  မသဇင်သီရိခေတ်က ငယ်စဉ်ကတည်းက မိသားစုနဲ့အတူ ရေဆော့ကစား ဖြတ်သန်းခဲ့တဲ့  အတွေ့အကြုံတွေ၊ အရွယ်ရောက်လာတဲ့အခါ သူငယ်ချင်းတွေနဲ့အတူ  ဂီတနဲ့ဖြတ်သန်းခဲ့ပုံတွေအပြင် မမေ့နိုင်တဲ့ သင်္ကြန်ရဲ့ အဓိပ္ပါယ်ပြည့်၀တဲ့  ရဿစုံကို ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့  ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော် နားဆင်နိုင်ပါပြီ။
    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
    https://anchor.fm/mcanetwork/
    https://myanmarcinemabilitynetwork.wordpress.com
    https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
    https://t.me/mcanetwork
    : 09261256493, 09941559897

    23 min
  • ရဿစုံလင် သင်္ကြန်ရင်ခွင် အပိုင်း (၁)

     "ရဿစုံလင် သင်္ကြန်ရင်ခွင်" အထူးအစီအစဉ်ကတော့ မြန်မာသက္ကရာဇ် ၁၃၈၃-၈၄ ခုနှစ်ရဲ့ မဟာသင်္ကြန်ကာလ အထိမ်းအမှတ်အနေနဲ့ မိမိတို့ဘ၀မှာရှိနေတဲ့ အမှတ်တရ အဖြစ်အပျက်တွေကို မသန်စွမ်းသူများနဲ့  မသန်စွမ်း မိသားစုဝင်များက တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သားတွေနဲ့အတူ အသက် ၂၄ နှစ်အရွယ် အော်တစ်ဇင်သားကြီး မောင်မြတ်မင်းသူ (ခ) မောင်မျိုးလေးရဲ့ မိခင်ဖြစ်သူ ဒေါ်ဇင်မျိုးသန်းက သားကြီးနဲ့အတူ ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ကာလပေါင်း များစွာထဲက ဘ၀အတွေ့အကြုံ ရဿစုံကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

    မဟာသင်္ကြန်  အကျနေ့မှာလည်း ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်ရဲ့  ဝိုင်းတော်သားတစ်ဦးဖြစ်တဲ့ မတင်နီလာဝင်းက မိမိဘ၀တစ်လျှောက်  ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ကာလပေါင်း များစွာထဲက ယနေ့အထိ  မမေ့နိုင်တဲ့ အတွေ့အကြုံ ရဿစုံကို ဆက်လက် ဝေမျှပေးသွားမှာဖြစ်လို့  မိတ်ဆွေတို့အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နားဆင်နိုင်ပါပြီ။

    "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"

    https://myanmarcinemabilitynetwork.wordpress.com

    https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA

    https://www.facebook.com/MyanmarCinemAbilityNetwork 

    https://t.me/mcanetwork

    : 09261256493, 09941559897

    16 min
  • ဇာတ်လမ်းရုပ်ရှင်ထဲက သူမ

    ခွဲထွက်လာသော  ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ  ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ မြန်မာနိုင်ငံ  မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကနေ ၂၀၁၂ ခုနှစ်က ရိုက်ကူးထုတ်လုပ်ပြီး  ဒါရိုက်တာ သမီးမြတ်ကျော် ခံစားတင်ပြတဲ့ "ဘေးဖယ်မထားပါနဲ့" ဇာတ်လမ်းတို (၁)  နဲ့ ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ နွေးဇာခြည်စိုး ရိုက်ကူးခွင့်ရခဲ့တဲ့  "အဖိုးမဖြတ် မဲတစ်ကတ်" ဇာတ်လမ်းတိုများမှာ အဓိက ဇာတ်ကောင် တစ်ယောက်အနေနဲ့  ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ မစိုးမိုးဦးက သူမရဲ့ ရိုက်ကွင်း နောက်ကွယ်က  အမှတ်တရမျိုးစုံနဲ့ ဇာတ်ကောင်တွေ အကြောင်းအပြင် လေ့လာမှတ်သားမိခဲ့တဲ့  အတွေ့အကြုံတွေကို "ဇာတ်လမ်းရုပ်ရှင်ထဲက သူမ" ခေါင်းစဉ်နဲ့ ဝေမျှတင်ဆက်ထားတာ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ မူရင်း ဇာတ်လမ်းတိုများကို  ဒီနေရာကနေလည်း ဘေးဖယ်မထားပါနဲ့   အဖိုးမဖြတ် မဲတစ်ကတ် ကြိုတင်ဝင်ရောက် ခံစားနိုင်ပါတယ်။

    နောက်အပတ်မှာ  ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊  အကြံဉာဏ်များပေးကြသူများနဲ့  နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို    အထူးပဲကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့  လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ  မည်သူကိုမဆို  ထပ်ဆင့်  ဝေမျှပေးရင်း  သတင်းကောင်းပေးနိုင်ပါတယ်။

    Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility   Network  ရဲ့ Youtube Channel မှာလည်း စနေနေ့ည (၇)နာရီမှာ Premiere Show   အဖြစ်  သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့  မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ    ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက်   ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected]သို့မဟုတ် တင်ဆက်သူများရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃   နဲ့   မနွေး  - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။   မြန်မာပြည်သူပြည်သားအားလုံး  မသန်စွမ်းမှုအသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင်   လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့   ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

    48 min
  • ဘာသာပြန်လက်ရာ အပိုင်း (၁)

    ဒီအပတ်မှာတော့ "ဘာသာပြန်လက်ရာ" ဆိုတဲ့ ကဏ္ဍသစ်ကို စတင်မိတ်ဆက်ပေးချင်တာ ဖြစ်ပါတယ်။ ဘာသာပြန်ကဏ္ဍရဲ့ ရည်ရွယ်ချက်ကတော့ မသန်စွမ်းမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ အသိအမြင်တွေပါ ကြွယ်၀စေဖို့အတွက် ကျွန်ုပ်တို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အဖွဲ့သားတွေရဲ့ အနုပညာဖန်တီးမှုနဲ့ ပြန်လည်ပေါင်းစပ်ပြီးတော့ တင်ဆက်ပေးမယ့် အစီအစဉ်ကောင်းလေးပဲ ဖြစ်ပါတယ်။ မသန်စွမ်းလူငယ်တွေရဲ့ အင်္ဂလိပ်စာ စွမ်းရည်တွေကိုလည်း တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးရာရောက်သလို သူတို့ကိုယ်တိုင် ဖန်တီးရေးသားမှုမှာ တစ်စိတ်တစ်ပိုင်း အကျိုးပြုနိုင်ဖို့အတွက် ရည်ရွယ်တင်ဆက်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားဘာသာ တစ်မျိုးမျိုးကနေ မြန်မာမှုပြုထားတဲ့ မိမိတို့ရဲ့ ထူးခြားတဲ့ဘာသာပြန် လက်ရာတွေကို Podcast အစီအစဉ်မှာ အတူပူးပေါင်း တင်ဆက်ချင်တယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ မိမိကိုယ်တိုင် ရေးသားထားကြောင်း ဝန်ခံချက်နဲ့အတူ မှတ်ပုံတင်ရှေ့၊ နောက် ဓာတ်ပုံ ၂ ပုံ၊ ကိုယ်ရေးဓာတ်ပုံ ၁ ပုံတို့နဲ့အတူ [email protected] ကနေ ပေးပို့ရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ဘာသာပြန်လက်ရာများနဲ့ နိုင်ငံတကာက မသန်စွမ်းသူတွေရဲ့ဘ၀ကို နားလည် ခံစားနိုင်ဖို့အတွက် ကျွန်ုပ်တို့နဲ့အတူ လက်တွဲပူးပေါင်းတင်ဆက်ဖို့ အထူးပဲ ဖိတ်ခေါ်အပ်ပါတယ်။  ဒီအစီအစဉ်မှာ ပွဲဦးထွက်အနေနဲ့ ညီမငယ် Olivia Ma က သူမနဲ့ မသန်စွမ်းမှုချင်း တူညီတဲ့ အမျိုးသမီးငယ်လေး တစ်ယောက်ရဲ့ ခံစားချက်ကို ၂၀၁၄ ခုနှစ်က BuzzFeed News မှာ ကလောင်ရှင် Amanda Bast က ယဉ်ကျေးမှုနှင့် ဝေဖန်ရေး ခေါင်းစဉ်အောက်ကနေ ကိုယ်စားပြုရေးဖွဲ့ခဲ့တဲ့ "I have Spina Bifida and I am Beautiful" "ကျွန်မမှာ ခါးဆစ်အမြှေးအိတ်ကျွံရောဂါရှိပါတယ်။ ကျွန်မက လှပပါတယ်။" အမည်ရ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပြီး ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက ခံစားဖော်ကျူးပေးမှာ ဖြစ်ပါတယ်။

    နောက်အပတ်မှာ  ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက    ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ   ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast    အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊   အကြံဉာဏ်များပေးကြသူများနဲ့  နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို   အထူးပဲကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊  သိဖို့လိုအပ်နေသူများ၊   မသန်စွမ်းအရေးကို မိမိတို့ရဲ့  လုပ်ငန်းခွင်အသီးသီးမှာ  ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို  ထပ်ဆင့်  ဝေမျှပေးရင်း  သတင်းကောင်းပေးနိုင်ပါတယ်။

    Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility  Network  ရဲ့ Youtube Channel မှာလည်း စနေနေ့ည (၇)နာရီမှာ Premiere Show  အဖြစ်  သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့   မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ   ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက်  ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected]  သို့မဟုတ် တင်ဆက်သူများရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃  နဲ့   မနွေး  - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။  မြန်မာပြည်သူပြည်သားအားလုံး  မသန်စွမ်းမှု  အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင်  လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့   ကျွန်ုပ်တို့က  ဆန္ဒပြုလိုက်ရပါတယ်။


    30 min

About ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

From the publisher's feed

This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.

ဤ…