
Sign up to save your podcasts
Or


မိတ်ဆွေတို့ရေ ဒီအပတ် တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက MCA Network ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ကို စိတ်ပါဝင်စားပြီး လျှောက်ထားဖို့ကြိုးစားနေကြသူ မသန်စွမ်းလူငယ်များနဲ့ မသန်စွမ်းအရေးကို လေ့လာဖန်တီးတင်ဆက်ဖို့ စိတ်ပါဝင်စားကြတဲ့ လူငယ်များအတွက် Sample Work နမူနာလက်ရာ ပြင်ဆင်ပေးပို့ရာမှာ အခက်အခဲရှိနေကြသူတွေကို အကြံပေးလမ်းညွှန်ထားတာ ဖြစ်ပါတယ်။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Inclusive Independent Podcast
https://www.podpage.com/13402697618739/
https://redcircle.com/.../2191f685-b2e2-477c-b7d4...
https://www.youtube.com/@mcanetwork
https://myanmarcinemabilitynetwork.wordpress.com/
https://t.me/mcanetwork
https://twitter.com/MCinemAbilityN
https://www.linkedin.com/company/mcanetwork/
https://www.instagram.com/myanmarcinemabilitynetwork/
https://www.clubhouse.com/club/myanmar-cinemability-network
09261256493, 09420819597, 099450067352
#GoodListener
#GoodPodcaster
#SampleWork
#ContentCreation
#KnowledgeAndSkill
#Talent
#Internship
#DisabilityAndCreation
#InclusiveIndependentPodcast
မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာတော့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ရဲ့ ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ ခံစားတင်ဆက်ပေးမှာကတော့ Unsound ဆိုတဲ့ ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Musical Drama အမျိုးအစား ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ LGBTQIA+ လောကမှာလည်း လူသိများတဲ့ ဆုရရုပ်ရှင်တစ်ကားဖြစ်ပြီး အဓိက အမျိုးသမီးသရုပ်ဆောင် Yiana Pandelis ဟာ သြစတြေးလျား အကြားအာရုံ မသန်စွမ်းသူ သရုပ်ဆောင်၊ စာရေးသူ၊ ဖန်တီးထုတ်လုပ်သူ နဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး အသက် ၂ နှစ်သမီး အရွယ်မှာကတည်းက အကြားအာရုံဆုံးရှုံးခဲ့ပေမယ့် မိသားစုနဲ့ ထိတွေ့ဆက်ဆံမှုမှာတော့ အခက်အခဲ မရှိခဲ့တဲ့သူ တစ်ယောက်ပါ။ ဒီအပတ် ကိုပြည့်ရဲ့ ခံစားတင်ဆက်မှုကို Intern အဖြစ်ပါဝင်နေတဲ့ အမြင်အာရုံမသန်စွမ်းသူ အသံတည်းဖြတ် ပညာရှင် Elijah က တာဝန်ယူဖန်တီးထားတာ ဖြစ်ပါတယ်။ Elijah ရဲ့ 👉 Facebook Page မှာလည်း သူ့ရဲ့ ဂီတဖန်တီးမှုတွေကို သွားရောက်အားပေး လေ့လာနိုင်ပါတယ်နော်။👏
📽️ Unsound Movie Trailer📽️ Unsound Movie with English subtitle🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"Inclusive Independent Podcast📲👉 https://www.podpage.com/13402697618739/
👉 https://www.facebook.com/MyanmarCinemAbilityNetwork/
👉 https://www.youtube.com/@mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://t.me/mcanetwork
👉 https://twitter.com/MCinemAbilityN
👉 https://www.linkedin.com/company/mcanetwork/
👉 https://www.instagram.com/myanmarcinemabilitynetwork/
👉 https://www.clubhouse.com/club/myanmar-cinemability-network
☎️ 09261256493, 09420819597, 099450067352
#Unsound
#MusicalDrama
#LGBTQIA
#CharacterWithHearingDisability
#PodcasterWithDisability
#DisabilityAndCreation
#InclusiveIndependentPodcast
မိတ်ဆွေတို့ရေ လာမယ့် မတ်လ ၃ ရက်နေ့ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ Spotify အသုံးပြုလို့ မရတဲ့နိုင်ငံထဲမှာ ပါနေတဲ့အတွက် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး podcast channel အဓိက အသုံးပြုနေတဲ့ anchor platform က သူတို့ရဲ့အခမဲ့ ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအဖြစ်ကနေ မြန်မာနိုင်ငံကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ ဒီတစ်နှစ်ကျော် ကာလအတွင်းမှာ Anchor မှာ ကျွန်မတို့ episode ပေါင်း ၁၀၅ ခု၊ စုစုပေါင်း တင်ဆက်မှု ကြာချိန် ၆၁ နာရီ ၄၀ မိနစ်စာ ထုတ်လွှင့်နိုင်ခဲ့ပြီးတော့ episode တစ်ပိုင်းချင်းစီရဲ့ ပျမ်းမျှကြာချိန်က နာရီဝက်ဝန်းကျင် ဖြစ်ပါတယ်။ Anchor မှာတော့ စုစုပေါင်း နားဆင်ထားတဲ့ အကြိမ်ရေ ၂၀၀၀ နီးပါးရှိပြီးတော့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံက ပရိတ်သတ်အများစု အနေနဲ့ Apple Podcasts ကို အသုံးပြု နားဆင်ကြတာ တွေ့ရပါတယ်။ ကျွန်မတို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast က Anchor နဲ့ ခဏတာ လက်တွဲခဲ့ရပေမယ့် တစ်ကယ်ပဲ မေ့မရစရာ အမှတ်တရကောင်းတွေ ပေးစွမ်းခဲ့တယ်လို့ ဆိုရမှာပါပဲ။ ပြောရရင်တော့ Anchor Channel လေးကို အပြီးအပိုင် နှုတ်ဆက်ရမှာတွေးပြီး ကျွန်မ တစ်ကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။
ဒီနေ့တော့ မိတ်ဆွေတို့ကို ခါတိုင်းလို အပတ်စဉ် ထုတ်လွှင့်တင်ဆက်နေတဲ့ Episode အပိုင်းအလိုက် ဆက်လက်နားဆင်နိုင်ဖို့ Podcast Platform အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ RedCircle အနီရောင်စက်ဝိုင်း လို့ခေါ်တဲ့ Podcast Platform ကနေ ကျွန်မတို့ ဆက်လက်ထုတ်လွှင့်မယ့် အပိုင်းသစ်တွေအပြင် အရင် Anchor မှာထုတ်လွှင့်ခဲ့တဲ့ အပိုင်းဟောင်းတွေကိုလည်း တစ်နေရာတည်းမှာ နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Podpage လို့ခေါ်တဲ့ Podcast စာမျက်နှာကိုပါ ဖွင့်လှစ်ထားပြီးတော့ ကျွန်မတို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast ခေါင်းစဉ်အောက်မှာ အပတ်စဉ် ထုတ်လွှင့်ပေးနေတဲ့ အစီအစဉ်တွေကိုလည်း စိတ်ကြိုက်ရွေးချယ် နားဆင်လို့ရပါတယ်။ ကျွန်မတို့ရဲ့ Podcast အစီအစဉ်တွေကို ဒီ Redcircle Channel နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတဲ့ Apple Podcasts, Google Podcasts, Spotify, Amazon Music, Radio Public နဲ့ Stitcher တို့မှာ နားဆင်နိုင်တဲ့အပြင် MCA Network ရဲ့ Youtube Channel မှာလည်း အရင်လို ပုံမှန်လွှင့်တင်ပေးနေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ Podpage ကနေတစ်ဆင့် ဝင်ရောက်နားထောင်နိုင်တဲ့ Castro, Podcast Casts, Overcast စတဲ့ Podcast Player Application တွေမှာလည်း အကောင့်ဖွင့်ပြီး နားဆင်နိုင်ပါတယ်။ နောက်ပြီး တခြားလူသုံးများတဲ့ Podcast လမ်းကြောင်းတွေဖြစ်တဲ့ Castbox, TuneIn Radio နဲ့ Samsung Galaxy လက်ကိုင်ဖုန်း အစုံမှာသာရနိုင်တဲ့ Samsung Free ရဲ့ Samsung Podcasts တို့နဲ့ WordPress Website တို့မှာလည်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်တွေ ရှိနေပြီဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ မိမိတို့နှစ်ခြိုက်ရာ လမ်းကြောင်းကနေ အလွယ်တကူ ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျွန်မတို့ Facebook Page အပြင် Instagram, Twitter, Linkedin စတဲ့ လူမှုမီဒီယာတွေမှာလည်း MCA Network ရဲ့ Profile တွေရှိတဲ့အတွက် အပိုင်းသစ် တင်ဆက်မှုအမြည်းလို့ခေါ်တဲ့ Teaser တွေကို လွတ်မသွားရအောင် အပတ်စဉ် မိတ်ဆက်ပေးနေပါတယ်။ ကဲဒီတော့ ကျွန်မတို့ဖက်က နေရာစုံအောင် ဖန်တီးပေးထားတာဖြစ်လို့ မိတ်ဆွေဖက်က အဆင်သင့် နားထောင်ဖို့ပဲ ကျန်တော့တယ် မဟုတ်လား။
ဒီ Podcast စတင်အသက်ဝင်ခါစက ကိုပြည့်နဲ့ကျွန်မ ဆွေးနွေးခဲ့သလိုပဲ ကျွန်မတို့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast နဲ့ နားဆင်သူ ပရိတ်သတ်တွေကြားမှာ အပြန်အလှန် အသက်ဝင်အောင် အကောင်အထည်ဖော်ပေးချင်တာ တစ်ခုကတော့ နားဆင်သူအဖြစ်မှ တင်ဆက်သူအဖြစ်သို့ ကူးပြောင်းပါဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဦးဆုံး မိတ်ဆက်ထုတ်လွှင့်ပြီး မိတ်ဆွေတို့ကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ တစ်ကယ်လို့ မိတ်ဆွက နားမထောင်ရသေးဘူးဆိုရင် တစ်ချက်လောက် ပြန်နားထောင်ကြည့်ပါနော်။ ကျွန်မ ဒီ Post နဲ့အတူ Link ကိုတွဲပြီး ချပေးထားပါ့မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ တင်ဆက်သူတွေ ယုံကြည်တာက မသန်စွမ်း အသိုက်အဝန်းမှာ ရှိနေကြတဲ့ အရွယ်စုံ၊ အလွှာစုံက မိတ်ဆွေတို့လို နားဆင်သူတွေအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်ပွင်းလင်းတဲ့ တွေးခေါ်ဆင်ခြင်နိုင်မှုတွေနဲ့ ဝေမျှပေးလာကြမယ့် ဘဝဇာတ်ကြောင်း အဖြစ်အပျက် အလုံးစုံဟာ ကျွန်မတို့ မြန်မာ့လူမှုနယ်ပယ်မှာ မသန်စွမ်းမှုအသိပညာတွေ ကြွယ်ဝလာစေဖို့ သာမကဘဲ မသန်စွမ်းအရေးကို အခြားသောသူတွေပါ မိမိတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်ရာ ကဏ္ဍစုံမှာ ထည့်သွင်းစဉ်းစား လုပ်ဆောင်လာနိုင်ဖို့ အသံဖော်ထုတ်မှု တစ်ခုအနေနဲ့ အထူးပဲ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ MCA Network က ဖန်တီးမှုဆိုင်ရာ နည်းပညာနဲ့ အကြံဉာဏ်တင်မကဘဲနဲ့ လက်တွေ့ကျွမ်းကျင်မှုကိုပါ လေ့ကျင့်ပျိုးထောင်ပေးဖို့ မသန်စွမ်းသူများ အကျုံးဝင် ဖန်တီးမှုနယ်ပယ်တစ်ခုကို မသန်စွမ်းလူငယ်များနဲ့အတူ မသန်စွမ်းအရေးကို စိတ်ပါဝင်စားကြသူများနဲ့ပါ လက်တွဲနိုင်ဖို့ ကျွန်မတို့ Intern လို့ခေါ်တဲ့ အလုပ်သင်အဖြစ်၊ ဒါမှမဟုတ် Talent လို့ခေါ်တဲ့ အသံ၊ အရေးအသားနဲ့ တည်းဖြတ် စွမ်းရည်ရှင်တွေအဖြစ် တစ်မျိုးမျိုးနဲ့ ပါဝင်နိုင်အောင် လမ်းဖွင့်ပေးထားပါတယ်။ ဒီနေ့ခေတ်မှာ အတော်များများသော အကျိုးအမြတ် မမျှော်ကိုးတဲ့ အသင်းအဖွဲ့တွေ၊ Page တွေကနေပြီးတော့ Volunteer အလုပ်တွေ ခေါင်းစဉ်အစုံနဲ့ ခေါ်ကြပေမယ့် ကျွန်မတို့ကတော့ အဲဒီလိုမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ဖန်တီးမှုနဲ့ မသန်စွမ်းအရေးကို အချိုးကျပေါင်းစပ်ပြီး မသန်စွမ်းမှုရှုမြင်ပုံ မှန်ကန်လာအောင် တတ်အားသ၍ လုပ်ရင်းသင်ယူဖို့ စိတ်တူကိုယ်တူ လက်တွဲဖော်တွေကို ခေါ်ယူနေတာဖြစ်ပါတယ်။ ဒီအတွက် အပြန်အလှန် အားစိုက်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သူ၊ လေ့လာသင်ယူလိုစိတ် ပြင်းပြသူ၊ ကာလရှည် လုပ်ဆောင်မှုကနေ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာဖို့ စိတ်အားထက်သန်သူတွေ၊ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်သူတွေကိုပဲ ရွေးချယ်လေ့ကျင့်ပေးတာ ဖြစ်တဲ့အတွက် ကျွန်မတို့က လူအရေအတွက်ထက် အရည်အသွေးနဲ့ အရည်အချင်းကို တစိုက်မတ်မတ် အာရုံပြုထားရပါတယ်။
ဒါမှသာ ရေရှည်မှာ မိမိစိတ်ကြိုက် ဖန်တီးမှုတွေကို ကိုယ်တိုင်ဦးဆောင် လုပ်နိုင်ဖို့အတွက်လည်း အခြေခံကောင်းတွေ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် MCA Network နဲ့ လက်တွဲမိပြီဆိုရင် လေ့လာမှုနယ်ပယ်သစ်ကို ကိုယ့်အားကိုယ်ကိုးပြီး အတတ်နိုင်ဆုံး ကျယ်ပြန့်အောင် ဖြန့်ကျက်ထားနိုင်ပါမှ အလုပ်သင်တို့၊ စွမ်းရည်ရှင်တို့ စတဲ့အနေအထားကနေ လုပ်ငန်းခွင်တစ်ခုခုမှာ ပါဝင်ဆောင်ရွက်လာနိုင်တဲ့အထိ ဖန်တီးမှုနယ်ပယ်မှာ ပြန်လည်ခြေချနိုင်ဖို့ အလားအလာကောင်းတွေ ရရှိစေမှာဖြစ်ပါတယ်။ နောက်ပြီး မသန်စွမ်းမှု အမြင်သစ် သဘောတရားတွေနဲ့ ရှုမြင်တတ်တဲ့ လူငယ်တွေ တိုးလာတာနဲ့အမျှ သူတို့ပါဝင်နေတဲ့ နယ်ပယ်၊ ကဏ္ဍ၊ လူမှုအသိုက်အဝန်း ပုံစံအသီးသီးမှာ အကျုံးဝင်ထည့်သွင်း စဉ်းစားမှုတွေနဲ့အတူ ပြန်လည်အသုံးချ လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ပြောရရင် ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ပူးပေါင်းပါဝင်မှုမျိုးဖြစ်လို့ ပါဝင်လိုသူတွေဟာ မသန်စွမ်းအရေးကို အထူးပဲ စိတ်ဝင်တစားနဲ့ မသန်စွမ်း အသိုက်အဝန်းအတွက် ကိုယ့်အစွမ်းအစနဲ့ ရသလောက် အလင်းပေးဖို့ ဆန္ဒရှိသူတွေ ဖြစ်သင့်ပါတယ်။ ဒါတင်မကပါဘူး ဖန်တီးမှုနယ်ပယ်မှာ မသန်စွမ်းမှုကို ဘယ်လိုအကျုံးဝင်အောင် လှလှပပ အစွမ်းပြနိုင်မလဲဆိုတာ ကြိုးစားလုပ်ဆောင်ချင်သူတွေနဲ့ နောင်တစ်ချိန်မှာ ဖန်တီးမှုနယ်ပယ်ထဲကို ခြေချဖို့ ကိုယ်တိုင်ဦးဆောင် ဖန်တီးဖို့ အစွမ်းပြလိုသူ လူငယ်တွေနဲ့ အထူးပဲ သင့်လျော်တာ ဖြစ်ပါတယ်။ ဒီတော့ ၂၀၂၃ ခုနှစ်မှာ ပရိတ်သတ်နဲ့ ပိုမိုထိတွေ့နိုင်မယ့် ဖန်တီးမှုအစုံကို ဆက်လက်လုပ်နိုင်ဖို့ အခုနားထောင်နေတဲ့ ပရိတ်သတ်တွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရမ်းကို အရေးပါလှပါတယ်။ ဒါကြောင့် Podcast အပိတ်နှုတ်ဆက်တွေမှာ ကျွန်မတို့ပြောလေ့ရှိတဲ့ စကားလေးနဲ့ပဲ ပြန်အသိပေးရမယ်ဆိုရင် အခုအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများနဲ့ မသန်စွမ်းအရေးကို မိမိတို့ရဲ့ ကျွမ်းကျင်ရာ နယ်ပယ်ကဏ္ဍအသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ပါဝင်စားသူ မည်သူ့ကိုမဆို ထပ်ဆင့်ဝေမျှပေးပြီး သတင်းကောင်းပေးဖို့ အထူးပဲ လိုပါတယ်။ သတင်းအချက်အလက်နဲ့ မေးမြန်းစုံစမ်းမှုတွေ အတွက်ဆိုရင် [email protected]ကိုလည်း ချိတ်ဆက်နိုင်သလို MCA Network ရဲ့ Telegram Channel နဲ့ Facebook Page Messenger တို့ကနေ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ သောတရှင်အားလုံး ၂၀၂၃ ခုနှစ်မှာ မသန်စွမ်းမှု အသိပညာတွေ ကြွယ်ဝပြီး အားလုံးအကျုံးဝင်တဲ့ လူမှုအသိုက်အဝန်း တစ်ခုကို အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့ ကျွန်မတို့ MCA Netowrk က ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဝိုင်းတော်သားတွေနဲ့အတူ ပါဝင်လက်တွဲဖန်တီးကြရအောင် နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ရပါတယ်။ နောက်အပတ် ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှာ ပြန်ဆုံကြရအောင်နော်။
နားထောင်သူအဖြစ်မှ တင်ဆက်သူအဖြစ်သို့
မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာတော့ စိုင်းလျှန်းခမ်းရဲ့ ဘဝတူ မသန်စွမ်းသူတွေအပေါ် အသိပညာ၊ အတတ်ပညာ ဆည်းပူးလေ့လာထားဖို့ လိုအပ်ကြောင်းကို ကိုယ်တွေ့နဲ့ယှဉ်ပြီး ဝေမျှပေးမှုကို နားဆင်ရမှာဖြစ်ပါတယ်။
စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့ Cerebral Palsy (CP) မသန်စွမ်းမှုရှိနေသူ တစ်ဦးပါ။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေပြီး များသောအားဖြင့် ကလေးဘဝမှာကတည်းက ခန္ဓာကိုယ်က ကြွက်သားတွေကို အသုံးပြုနိုင်ဖို့အတွက် ဦးနှောက်နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့ရာ အားနည်းစေပြီး သွားလာပြောဆိုရာမှာ အခက်အခဲရှိနေတဲ့ မသန်စွမ်းမှုလို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။
Cerebral palsy (CP) is a group of disorders that affect a person's ability to move and maintain balance and posture. CP is the most common motor disability in childhood. Cerebral means having to do with the brain. Palsy means weakness or problems with using the muscles.
Transcript (စာသား)
"နံပါတ် ၄ ခေါင်းစဉ်အရ အတတ်ပညာ အသိပညာတွေကို ကြိုးစားလေ့လာ သင်ယူဆည်းပူးနေပါ။ ကဲ ဟုတ်ပြီ။ ကျွန်တော်တို့ မိတ်ဆွေ သူငယ်ချင်းကောင်းတွေ ရှိပြီ။ ပတ်ဝန်းကျင်ကောင်းတွေနဲ့လည်း သဟဇာတ ဖြစ်အောင် ပြုမူနေထိုင်တတ်ပြီ။ စာပေဗဟုသုတလည်း ရှာဖွေလေ့လာ ဖတ်ရှုတတ်ပြီဆိုတော့ ဒါဆိုရင် ကျွန်တော်တို့ လူတစ်လုံးသူတစ်လုံး လူရာဝင်နေပြီပေါ့နော်။ ဒါတင် မပြည့်စုံသေးပါဘူး။ ကျွန်တော်တို့ စံထားတဲ့ စံပြပုဂ္ဂိုလ် လေးစားအားကျတဲ့ ပုဂ္ဂိုလ်အတိုင်း ကျွန်တော်တို့ဘဝမှာ သူတို့လိုဖြစ် အောင် သူတို့လို အောင်မြင်ကျော်ကြားအောင် ကျွန်တော်တို့ စဉ်ဆက်မပြတ် အတတ်ပညာတွေ အသိပညာတွေ ထပ်ပြီးလေ့လာ သင်ယူရမှာဖြစ်တယ်။
ဥပမာ ကျနော်ဆိုပါစို့။ ကျွန်တော်က ကိုယ်အင်္ဂါမသန်စွမ်းသူ သူငယ်နာအကြောတင်း ဖြစ်တယ်။ ကျွန်တော်က ဘာအထောက်အကူမှ မပါဘဲ သွားလာလို့ရတယ်။ ဒါပေမယ့် သူများလို မြန်မြန်ဆန်ဆန် လမ်းမလျှောက်နိုင်ဘူး။ မပြေးနိုင်ဘူး။ အဲဒီတော့ ကျွန်တော်က ကွန်ပျူတာ ရိုက်နိုင်တယ်၊ဂီတာတီးနိုင်တယ်၊ ပြီးတော့ ကျွန်တော် ကိုယ်ကာယ လေ့ကျင့်ဖို့ လက်သမားပညာနဲ့ ခုံရှည်၊ ထိုင်ခုံ၊ အားကစား ကိရိယာတွေ ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်။ ဒါသည် ကျွန်တော်လုပ်နိုင်တဲ့ တစ်စိတ်တစ်ပိုင်းပေါ့ဗျာ။
ကျွန်တော် ဆိုလိုချင်တာက ခြေမသန်ရင် လက်နဲ့ အလုပ်လုပ်မယ်၊ လက်မသန်ရင် ခြေနဲ့ အလုပ်လုပ်မယ်။ "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" တဲ့။ လက်မသန်လို့ ခြေနဲ့ အလုပ်လုပ်တာ ကမ္ဘာပေါ်မှာ အများကြီးရှိတယ်။ မွေးရာပါ လက်မပါလို့ လက်မသန်လို့ ဆိုပြီး ဘာမှ စိတ်ဓာတ်ကျစရာ မလိုဘူး၊ စိတ်အားငယ်စရာလည်း မလိုဘူး၊ ကိုယ်လုပ်တဲ့အရာ ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်မှု အပြည့်အဝရှိတဲ့ အရာကို မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လရှိရှိနဲ့ ဘယ်တော့မှ နောက်မဆုတ် အရှုံးမပေးနိုင်တဲ့စိတ်နဲ့ ကြိုးစားနေဖို့ပဲ လိုပါတယ်။
အခုခေတ်မှာ နည်းပညာခေတ် အွန်လိုင်းပေါ်မှာ အသိပညာတွေ အတတ်ပညာတွေ လေ့လာသင်ယူလို့ ရပါတယ်။ အဓိက လက်ကိုင်ဖုန်းကို ကောင်းကောင်း သုံးတတ်ဖို့ရယ်၊ အင်္ဂလိပ်စာဖြစ်စေ၊ တရုတ်စာဖြစ်စေ၊ ကိုယ် ကြိုက်တဲ့ ကိုယ်တတ်တဲ့ ဘာသာစကား Language မဆို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ရယ်၊ ဒါဆို ကိုယ့်ဖာသာကိုယ် လေ့လာသင်ယူလို့ ရပြီ။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ အသိပညာ အတတ်ပညာ သင်ယူဖို့ မတတ်နိုင်သည်ဖြစ်စေ၊ ဘာသာစာစကား Language မတတ်လို့ ကိုယ်ဖာသာကိုယ် မလေ့လာ မသင်ယူ နိုင်လို့ဖြစ်စေ၊ ဘာမှ စိတ်ဓာတ်ကျဖို့ မလိုဘူး၊ အရှုံးပေး စရာလည်း မလိုဘူး။ ရန်ကုန်မှာ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ကြီးသင်တန်းကျောင်းမှာ အခမဲ့ အတတ်ပညာတွေ သင်ကြားပေးနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကျွန်တော်ကိုယ်တိုင် ကွန်ပျူတာသင်တန်းကို ၃ လနဲ့ သွားရောက် သင်ယူခဲ့ပြီးပါပြီ။ နောက်ထပ် အခမဲ့ အတတ်ပညာတွေ တတ်ယူနိုင်ဖို့အတွက် ရန်ကုန်မှာ တစ်ခြားကျောင်းတွေလည်း ရှိသေးပါတယ်။
တကယ်လို့ ဖြစ်နိုင်ရင် တတ်နိုင်ရင် ကျွန်တော်တို့ မသန်စွမ်းသူတွေကို မည်သည့် ဘာသာစကား Language မဆို လေ့လာသင်ယူ ဆည်းပူးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်က IT Information Technology ခေတ်ဆိုတော့ ဘာသာစကား Language သာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်ဆိုရင် ကျွန်တော်တို့ မသန်စွမ်းသူတွေ မျှော်မှန်းထားတဲ့ ဘဝအဆင့်အတန်း၊ အဆင့်မြင့်တဲ့ အောင်မြင်ကျော်ကြားတဲ့ ဘဝပန်းတိုင်ကို ရရှိလာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ အခုနက အပေါ်မှာ ပြောခဲ့တဲ့ စံပြပုဂ္ဂိုလ် လေးစားအားကျတဲ့ ပုဂ္ဂိုလ်တွေလို ဖြစ်ချင်တယ်ဆို ဘာသာစကား Language ကျွမ်းကျွမ်းကျင်ကျင် တတ်ထားမှ သူတို့က ဘာတွေလုပ်နိုင်တယ်။ သူတို့က ဘယ်လိုစိတ်နေ သဘောထား ထားတာလဲ၊ သူတို့ရဲ့ နည်းလမ်းကျင့်စဉ် တွေက ဘာတွေလဲဆိုတာ လေ့လာသင်ယူ ဆည်းပူး အတုယူနိုင်မယ်လေ။
ဒါက ကျွန်တော်ရဲ့ Personal အမြင် ခံယူချက်ပါ။ ကျွန်တော် ဘာသာစကား Language ကို အစဉ်တစ်စိုက် အထူး နှစ်သက်လေ့လာ သင်ယူဆည်းပူးနေသူပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမြင်တွေခံယူချက်တွေ တူချင်တူမှ တူမယ်လေ။ လက်ခံချင်မှ လက်ခံမယ်လေ။ ကျွန်တော်ကတော့ ကျွန်တော့်အမြင် အယူအဆတွေကို လက်ခံပေးပါလို့၊ ကြိုက်နှစ်သက်ပေးပါလို့ မဆိုလိုပါဘူး။ မတောင်းဆိုပါဘူး ခင်ဗျာ။"
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast
https://anchor.fm/mcanetwork
https://myanmarcinemabilitynetwork.wordpress.com/
https://www.clubhouse.com/club/myanmar-cinemability-network
https://www.youtube.com/@mcanetwork
https://t.me/mcanetwork
https://twitter.com/MCinemAbilityN
https://www.instagram.com/myanmarcinemabilitynetwork/
https://www.linkedin.com/company/mcanetwork/
https://www.clubhouse.com/club/ရယရယမမ-ပပပပ
Gmail: [email protected]
09261256493, 09420819597, 099450067352
#SkillAndKnowledge
#ForeignLanguage
#InformationTechnology
#PeerToPeerMotivation
#PodcasterWithDisability
#DisabilityAndCreation
#InclusiveIndependentPodcast
ဒီအပတ် တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက MCA Sisters Network ညီအစ်မများ ကွန်ရက်ရဲ့ ခြေလှမ်းသစ်နဲ့ မိတ်ဆက်ပေးထားပါတယ်။ အထူးသဖြင့် မသန်စွမ်း အမျိုးသမီးငယ်များရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိမိတို့ တတ်နိုင်တဲ့ဘက်က လက်တွဲပူးပေါင်းဖို့ အလွှာအသီးသီးက ပညာရှင်များနဲ့ ကြိုးစားလိုစိတ်ရှိသူ မသန်စွမ်း အမျိုးသမီးများအပြင် အထူးသဖြင့် မသန်စွမ်းအရေးကို မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်စုံမှာ ပြန်လည်အသုံးချလိုသူ အမျိုးသမီးလေးများကိုပါ နွေးထွေးစွာ ဖိတ်ခေါ်ထားပါတယ်။
ဒီအပိုင်းသစ်ကို နားထောင်ပြီး လက်တွဲပါဝင်ဖို့ စိတ်အားထက်သန်သူများ အနေနဲ့ အောက်ပါလင့်ခ်ပါ ဖောင်ဖြည့်ပြီး တစ်ပတ်အတွင်း လိုအပ်တဲ့ အချက်အလက်များကို မေးလ်ဖြင့်ပေးပို့ လျှောက်ထားနိုင်ပါတယ်။
👉 သင့်ရဲ့ စစ်မှန်တဲ့ အရောင်တွေကို တောက်ပခွင့် ပေးလိုက်ပါ။
Google Form: https://forms.gle/oniJcY1RucenA2ip7
📸 ကိုယ်ရေးဓာတ်ပုံ ၁ ပုံနှင့် မှတ်ပုံတင် ရှေ့၊ နောက် ၂ ပုံ အပြင် အုပ်ထိမ်းသူ (သို့) ထောက်ခံသူ၏ စာတို့ကို ဖောင်တင်အပြီး တစ်ပတ်အတွင်း
📧 Gmail: [email protected] သို့ ပူးတွဲ ပေးပို့ရမှာဖြစ်ပါတယ်
☎️ 09450067352 ဖုန်းနံပါတ်ရဲ့ Viber, Telegram, Signal, WhatsApp တို့ကို တနင်္ဂနွေနေ့မှအပ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📱
မကြာခင် "MCA Sisters Network" မှာ ဆုံကြရအောင်နော်။ 🤝
******************************************************
📢(ကြော်ငြာကဏ္ဍ)
👉Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/videos/660962659083136
👉ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲
👉 https://www.facebook.com/MyanmarCinemAbilityNetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉 https://www.youtube.com/@mcanetwork
👉 https://t.me/mcanetwork
👉 https://twitter.com/MCinemAbilityN
👉 https://www.instagram.com/myanmarcinemabilitynetwork/
👉 https://www.linkedin.com/company/mcanetwork/
👉 https://www.clubhouse.com/club/ရယရယမမ-ပပပပ
📧 Gmail: [email protected]
☎️ 09261256493, 09420819597, 099450067352
#MCASistersNetwork
#SupportingMentor
#YouthParticipant
#PeerToPeerMotivation
#WomenWithDisabilities
#DisabilityAndCreation
#InclusiveIndependentPodcast
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အနေနဲ့ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတဲ့ ရုပ်ရှင်ကတော့ "Me Before You" ဖြစ်ပြီး ဒီရုပ်ရှင်ကားက မသန်စွမ်းသူတစ်ယောက်ရဲ့ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ချစ်ခြင်းမေတ္တာ ခံစားသက်ဝင်မှုတို့အပြင် လူသားဆန်မှုတွေကို မီးမောင်းထိုးပြသထားကြောင်း မတင်နီလာဝင်းနဲ့အတူ အမွှမ်းတင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို လေ့လာချဉ်းကပ်ရာမှာ အကောင်းမြင်မှုနဲ့ သုံးသပ်နိုင်သလို အဆိုးမြင်စေနိုင်တဲ့ ခွဲထွက်တင်ပြမှုတွေကိုလည်း ပရိတ်သတ်တွေအနေနဲ့ နားလည်လက်ခံပေးနိုင်ဖို့ လိုအပ်ကြောင်းကို တင်ဆက်သူများက မြန်မာနိုင်ငံရဲ့ မသန်စွမ်းမှုရှုထောင့်များနဲ့ပါ အကျယ်တဝင့် ဆွေးနွေးပေးထားကြပါတယ်။
နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့ နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို အထူးပဲကျေးဇူးတင်ပါသည်။
မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊ မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့် ဝေမျှပေးရင်း သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့ အခက်အခဲရှိသူများအတွက် Myanmar CinemAbility Network ရဲ့ Youtube Channel မှာလည်း သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့ ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ် စုံစမ်းမေးမြန်းမှုအတွက် [email protected] သို့မဟုတ် တင်ဆက်သူများရဲ့ Viber နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့ မနွေး - ၀၉၄၅၀၀၆၇၃၅၂ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ ခွဲခြားဆက်ဆံမှုကင်းတဲ့ အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို အမြန်ဆုံးထူထောင်နိုင်ပါစေလို့ ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။
ဒီအပတ်မှာတော့ ဦးအောင်ကိုမြင့်က အမြင်အာရုံ မသန်စွမ်းသူဘ၀ ငယ်စဉ်ပုံရိပ်များအဖြစ် အိမ်နဲ့ကျောင်းမှာ ဘယ်လိုမျိုး အမှတ်တရတွေနဲ့ ကျော်ဖြတ်ခဲ့သလဲဆိုတာ အပိုင်း (၁) အနေနဲ့ ခံစားဝေမျှပေးထားပါတယ်။ အမြင်အာရုံ မသန်စွမ်းသူများရဲ့ ယဉ်ကျေးမှု တစ်စိတ်တစ်ပိုင်းကိုလည်း ဗဟုသုတအဖြစ် ခံစားရရုံတင်မကဘဲ မသန်စွမ်း ကလေးငယ်တစ်ယောက်ကို လောကကြီးက ဘယ်လိုထိတွေ့ သင်ကြားခွင့်ပေးခဲ့သလဲဆိုတာ စိတ်ဝင်စားဖွယ် နားဆင်ရမှာဖြစ်ပါတယ်။ 👏
******************************************************
📢(ကြော်ငြာကဏ္ဍ)
👉Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/videos/660962659083136
👉ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲
👉 https://www.facebook.com/MyanmarCinemAbilityNetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉 https://www.youtube.com/@mcanetwork
👉 https://t.me/mcanetwork
👉 https://twitter.com/MCinemAbilityN
👉 https://www.instagram.com/myanmarcinemabilitynetwork/
👉 https://www.linkedin.com/company/mcanetwork/
👉 https://www.clubhouse.com/club/ရယရယမမ-ပပပပ
📧 Gmail: [email protected]
☎️ 09261256493, 09420819597, 099450067352
#DaysOfTheMemory
#AccessBlindEducation
#SchoolForTheBlind
#PodcasterWithDisability
#DisabilityAndCreation
#InclusiveIndependentPodcast
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ တက်သစ်စလူငယ် အစီအစဉ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးက Opposite Day အကြောင်းကို မသန်စွမ်းမှုအပေါ် ရှုမြင်ပုံနဲ့နှိုင်းယှဉ်ပြီး မိမိတို့ရဲ့ အတွေးအမြင်တွေ အပြုသဘောဆောင်တဲ့ အကောင်းဘက်ဆီကို ဘယ်လို ဆန့်ကျင်ဘက်နေ့အဖြစ် ပြောင်းလဲသွားမလဲဆိုတာ မိတ်ဆွေတို့ကိုယ်တိုင် လက်တွေ့လုပ်ပြီး မြည်းစမ်းကြည့်ဖို့ ပျော်ရွှင်စရာ ဗဟုသုတရဖွယ် ဝေမျှပေးထားပါတယ်။
******************************************************
📢(ကြော်ငြာကဏ္ဍ)
👉Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinem...
👉ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinem...
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wo...
👉 https://www.clubhouse.com/club/myanma...
👉 https://www.youtube.com/@mcanetwork
👉 https://t.me/mcanetwork
👉 https://twitter.com/MCinemAbilityN
👉 https://www.instagram.com/myanmarcine...
👉 https://www.linkedin.com/company/mcan...
👉 https://www.clubhouse.com/club/ရယရယမမ...
📧 Gmail: [email protected]
☎️ 09261256493, 09420819597, 099450067352
#Jan25
#OppositeDay
#ChangingBehavoiur
#ChangingConcept
#ChangingPOV
#MotivationForYouth
#DisabilityAndCreation
#InclusiveIndependentPodcast
🗣"Role Model စံပြပုဂ္ဂိုလ် လေးစားအားကျတဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ထားရှိဖို့ပါ။
ကျွန်တော်တို့ မသန်စွမ်းသူတွေ ဘဝမှာလည်း သူလိုကိုယ်လို လူတစ်လုံး သူတစ်လုံး အဆင့်အတန်းရှိရှိနဲ့ သူများနဲ့ ရင်ပေါင်းတန်းနေချင်ကြတဲ့ နေလိုကြတဲ့ စိတ်ဆန္ဒရှိတဲ့သူတွေပါ။ ကျနော်တို့ ဒီလိုစိတ်ဆန္ဒတွေရှိနေခြင်းဟာလည်း တကယ့်ကို မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေပါ၊ ဒီစိတ်ဆန္ဒေ တွက တကယ့်ကို ထားရှိသင့်တဲ့ ထားရှိရမယ့် စိတ်ဆန္ဒတွေပါ။ ဒါမှသာလျှင် မိမိရဲ့ စိတ်ဓာတ်က လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်က အမြဲတမ်းလိုလို ပြင်းပြနေမယ်လေ။"
🎤"မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ တောင်ပေါ်သားလေး စိုင်းလျှန်းခမ်းရဲ့ Role Model တွေထားရှိပြီး ခွဲခြားဆက်ဆံခံရမှုတွေကို ဘယ်လိုလက်တွေ့ကျကျ ရင်ဆိုင်မလဲဆိုတာကို သူ့အတွေ့အကြုံနဲ့ အားပေးထားတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားဆင်အားပေး ကြရအောင်နော်။
👨🦽 စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့ Cerebral Palsy (CP) မသန်စွမ်းမှုရှိနေသူ တစ်ဦးပါ။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေပြီး များသောအားဖြင့် ကလေးဘဝမှာကတည်းက ခန္ဓာကိုယ်က ကြွက်သားတွေကို အသုံးပြုနိုင်ဖို့အတွက် ဦးနှောက်နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့ရာ အားနည်းစေပြီး သွားလာပြောဆိုရာမှာ အခက်အခဲရှိနေတဲ့ မသန်စွမ်းမှုလို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။
👨🦽 Cerebral palsy (CP) is a group of disorders that affect a person's ability to move and maintain balance and posture. CP is the most common motor disability in childhood. Cerebral means having to do with the brain. Palsy means weakness or problems with using the muscles.
🎤 များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက မသန်စွမ်းသူများကို အပေါ်ယံကြည့်ရှုပြီး သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကို လှေနံဓါးထစ် အကဲဖြတ်တတ်ကြပါတယ်။ တစ်ကယ်တော့ သူတို့မှာ အများနည်းတူ ရည်မှန်းချက်တွေ၊ အိပ်မက်တွေနဲ့အတူ ဘဝကို ရှေ့ဆက်နိုင်ဖို့အတွက် ထိုက်သင့်တဲ့ အရည်အသွေးတွေ၊ လေ့လာဆည်းပူးမှုတွေ ကိုယ်စီရှိနေတတ်ပေမယ့် ဒါကို တစ်ချို့သော မိသားစုဝင်များ အပါအဝင် လူမှုအသိုက်အဝန်းက အလွယ်တကူ လက်ခံရှုမြင်ပေးနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီတော့ မိမိတို့ရဲ့ မသန်စွမ်းမှုနဲ့ပတ်သက်ပြီး ခေတ်မမှီတော့တဲ့ အတွေးအမြင်တွေကို ဖယ်ရှားပစ်ဖို့ အထူးပဲ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါမှသာ နေရာစုံ၊ လုပ်ငန်းခွင်စုံမှာ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားမှုတွေ၊ သူတို့ရဲ့ အရည်အချင်းအပေါ်မှာ အသိအမှတ်ပြု လက်ခံပူးပေါင်း ဆောင်ရွက်မှုတွေ ဒီထက်ပိုမိုတိုးတက်လာပြီး လူတိုင်းအကျုံးဝင်တဲ့ လူမှုအသိုက်အဝန်းတစ်ခုကို အတူတကွ လက်တွဲဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 👏
******************************************************
📢(ကြော်ငြာကဏ္ဍ)
👉Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/videos/660962659083136
👉ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉 https://www.youtube.com/@mcanetwork
👉 https://t.me/mcanetwork
👉 https://twitter.com/MCinemAbilityN
👉 https://www.instagram.com/myanmarcinemabilitynetwork/
👉 https://www.linkedin.com/company/mcanetwork/
👉 https://www.clubhouse.com/club/ရယရယမမ-ပပပပ
📧 Gmail: [email protected]
☎️ 09261256493, 09420819597, 099450067352
#RoleModel
#HirotadaOtotake
#NickVujicic
#KyleMaynard
#CerebralPalsy
#MotivationForYouth
#PodcasterWithDisability
#DisabilityAndCreation
#InclusiveIndependentPodcast
ဒီအပတ် တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မနွေးနဲ့ ညီမလေး ဖြူစင်တို့ရဲ့ အမေးအဖြေကဏ္ဍကနေ ကိုယ်ပိုင် Channel နဲ့ အသံတင်ဆက်ချင်သူ လူငယ်တွေအတွက် Podcast တစ်ခု အစပြုရာမှာ ရည်ရွယ်ချက်နဲ့ ဝမ်းစာအပြင် သိထားသင့်တဲ့ ဗဟုသုတတွေ၊ ဆည်းပူးလေ့လာစရာတွေနဲ့ အခွင့်အလမ်းတွေအကြောင်းကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ဝေမျှဆွေးနွေး ပေးထားပါတယ်။ မိတ်ဆွေတို့အနေနဲ့ လူမှုမီဒီယာမှာ မိမိတို့ရဲ့ Profile ကိုတည်ဆောက်ဖို့ Podcast ဖန်တီးတင်ဆက်ခြင်းကို အရွယ်စုံ ဦးတည်ပရိတ်သတ်တွေအတွက် ကိုယ်ကျွမ်းကျင်နှံ့စပ်တဲ့ အသိပညာ၊ အတတ်ပညာ၊ အနုပညာတွေနဲ့ ပေါင်းစပ်ပြီး MCA Network နဲ့ လက်တွဲကာ အစပြု အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တင်ဆက်ခြင်း ဖြစ်ပါတယ်။👏
******************************************************
📢(ကြော်ငြာကဏ္ဍ)
👉Voice/Writing/Editing Talents အဖြစ် မိမိအိမ်ကနေ လက်တွဲပူးပေါင်း လေ့လာဖန်တီးကြဖို့ စိတ်ပါဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/videos/660962659083136
👉ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါပြီ။ 👇
https://www.facebook.com/MyanmarCinemAbilityNetwork/photos/1304201730029805
🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" Podcast📲
👉 https://www.facebook.com/MyanmarCinemAbilityNetwork/
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉 https://www.youtube.com/@mcanetwork
👉 https://t.me/mcanetwork
👉 https://twitter.com/MCinemAbilityN
👉 https://www.instagram.com/myanmarcinemabilitynetwork/
👉 https://www.linkedin.com/company/mcanetwork/
👉 https://www.clubhouse.com/club/ရယရယမမ-ပပပပ
📧 Gmail: [email protected]
☎️ 09261256493, 09420819597, 09941559897
#MotivationForYouth
#OwnCreation
#SharingIsCaring
#HowToStartYourPodcast
#DisabilityAndCreation
#InclusiveIndependentPodcast
From the publisher's feed
This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.
ဤ…