ဩဂုတ်လ ၁၉ ရက် စနေညချမ်း အတွက် လန်ဒန်မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်မယ့် ဘီဘီစီမြန်မာပိုင်း အစီအစဉ်
- ပင်လည်ဘူးမှာ ကိုယ်ဝန် ၈ လလွယ်ထားတဲ့ အမျိုး သမီးငယ်အပါအဝင် ၄ ဦး သတ်ဖြတ်မီးရှို့ခံရ
- စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ဘက် ဧရာဝတီ မြစ်ကြောင်း အတိုင်း စစ်သင်္ဘောတွေနဲ့ ဆန်တက်လာတဲ့စစ်ကောင်စီတပ်တွေ ကြားဖြတ် တိုက်ခိုက် ခံရတဲ့နောက် မြစ်ရိုး တလျှောက် ရွာတွေက ဒေသခံတွေ အများအပြား ဖမ်းခံရ
- ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ သူ ကျောထောက်နောက်ခံပြုပေးထားတဲ့ ပါတီ အစိုးရဖွဲ့တဲ့နေ့နဲ့ တိုက်ဆိုင်ပြီး ထိုင်းကို ပြန် ဝင်လာဖွယ်ရှိ
- ကနေဒါမှာ တောမီး စံချိန်တင်ကြီးလို့ မြို့လုံးကျွတ်တွေ ထွက်ပြေးနေရ
- ထိုင်ဝမ်ဒုသမ္မတက သူ့ရဲ့ နိုင်ငံခြား ခရီးစဉ် တစ်ခုမှာ အမေရိကန်ကို အသွား အပြန် ခရီးတထောက် ဝင်နားတဲ့အတွက် လက်တုန့်ပြန်ပြီး ဘေဂျင်း အင်အားအပြည့်နဲ့ ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်
- မိုက်ကယ်ဂျက်ဆင် ကလေးသူငယ်တွေ အပေါ် မဖွယ်မရာပြုခဲ့တယ် ဆိုတဲ့ အမှု ပြန်ဖွင့်ခွင့်ရ
- ယူးစိန်ဗို့ရဲ့ မီတာ ၂၀၀ ကမ္ဘာ့စံချိန်ကို ဘူတာပက်စ်ပွဲမှာ ချိုးမယ်လို့ အမေရိကန် တာတိုအပြေးသမား နိုအာလိုင်းလ်စ် ကြုံးဝါး …… စတဲ့ ပြည်တွင်း ပြည်ပ ထိပ်တန်း သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio
-----
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
-----
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန်
- https://www.bbc.com/burmese/media-45625858
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို