ဧပြီလ ၁၀ ရက်၊ ကြာသပတေး ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်
- မြန်မာနိုင်ငံတွေ့ကြုံ ခံစားရတဲ့ ငလျင်ကြီး အတွက် နိုင်ငံတကာ စာနာမှု အကူအညီတွေ အများအပြား လိုနေတယ် ဆိုပြီး မြေပြင်က ငလျင်ဒဏ်သင့် ပြည်သူတွေနဲ့ တွေ့ဆုံ အပြီးမှာ ကုလ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ နိုင်ငံတကာကို ပန်ကြား
- ဆေးဝါးတွေ၊ သန့်ရှင်းတဲ့ရေတွေနဲ့ ယာယီ ခိုလှုံနေထိုင်ဖို့ နေရာတွေ ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ မစ္စ ဘိရှော့ မီးမောင်းထိုး ပြောရင်းမှာပဲ၊ အပစ်ရပ် ကတိကဝတ်တွေ ဆက်ထိန်းထားကြဖို့နဲ့ ရေရှည် ငြိမ်းချမ်းရေး အတွက် ရည်မှန်းကြဖို့လည်း တိုက်တွန်း
- မြေပြင်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရော၊ တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး ဆောင်ရွက်ချက်တွေရော ဆက်လက်ရှိနေ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ဆိုင်းဇန်ရွာကို ဒီကနေ့ ဧပြီ ၁၀ ရက် မနက်အစောပိုင်းမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ဦးသေဆုံး။ သေဆုံးတဲ့အထဲ ကလေးငယ်တွေလည်း ပါဝင်ပြီး မိသားစုဝင် ၆ ဦး နေရာမှာတင် သေဆုံးခဲ့တာလို့ CNDF ပြော
- မနေ့ ဧပြီ ၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာထဲကို စစ်တပ်က လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၅ယောက် သေဆုံးခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တချို့ အတည်ပြု
- မန္တလေး၊ စစ်ကိုင်း တို့လို ငလျင်ဒဏ်သင့် နေရာတွေမှာ ထိခိုက် ပျက်စီးခဲ့တဲ့ လူနေ အိုးအိမ်တွေ ဖြိုချ ရှင်းလင်းရေးမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ၊ တခါ .... ကူညီရေးတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ ဆိုပြီး ပြည်တွင်း အရပ်ဖက် အဖွဲ့တွေကြား ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့တစ်ခု ဖွဲ့နိုင်ဖို့ရာ ရန်ကုန်မှာ ဒီကနေ့ ဆွေးနွေး၊ အမရပူရဘက်က ရွာပေါင်း ၁၀ ရွာလောက်ကို သွားပြီး လိုအပ်ချက်တွေ ဆန်းစစ်ကြည့်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ တဖွဲ့က ဦးဆောင်သူ တယောက်နဲ့ ဘီဘီစီမေးမြန်းခန်းနဲ့ အပစ်ရပ်ကြေညာပြီးတဲ့နောက် ဆက်ဖြစ်နေတဲ့ စစ်ရေး အခြေအနေတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်း အသေးစိတ် သတင်းပေးပို့ချက်တို့လို သတင်းလွှာတွေ၊ မေးမြန်းခန်းတွေ နားဆင်ရဖို့ ရှိနေသလို .....
- တရုတ် တစ်နိုင်ငံတည်းကို ကွက်ချန်ပြီး ထပ်တိုး သွင်းကုန် အခွန် စည်းကြပ်မှုတွေကို ထရမ့်က ဆိုင်းငံ့လိုက်တဲ့နောက် ကမ္ဘာ့ စတော့ စျေးကွက်တွေမှာ ရှယ်ယာတန်ဖိုးတွေ ပြန်တက်လာတဲ့ အကြောင်း၊ တရုတ်ကတော့ ထရမ့်ကို မျက်နှာ အောက်ချ ခယမှာ မဟုတ်ဘူး .... သူတို့ တန်ပြန် ချမှတ်တဲ့ အခွန် နှုန်းထားတွေကိုလည်း ဖယ်ရှယ်ပေးမှာ မဟုတ်ဘူး ဆိုပြီး ဆက်လက်ရပ်တည် နေတဲ့ အကြောင်း အပါအဝင် ထိပ်တန်း နိုင်ငံတကာ သတင်းတွေကိုလည်း တင်ဆက် ပေးထားပါတယ်။
- အင်တာနက်နှင့် ဆက်သွယ်ရေး လမ်းကြောင်းတွေ နေရာအနှံ့ ပြတ်တောက်နေချိန်၊ ရေဒီယို ထုတ်လွှင့်မှု အပေါ် အများပြည်သူ အားကိုးနေကြရတဲ့ အတွက် အဲဒီ လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ရာ ဘီဘီစီမြန်မာပိုင်းရဲ့ ညပိုင်း ရေဒီယို ထုတ်လွှင့်မှု အစီအစဥ်ကို ဧပြီ ၁ ရက် က စလို့ ညစဥ် မိနစ် ၃၀ အထိ တိုးချဲ့ ထုတ်လွှင့် ပေးနေပါတယ်။
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
-----
ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
https://bbc.in/36H8bsY
ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
https://bbc.in/2TSNLYZ
အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
https://bbc.in/36EzLXM
#ဘီဘီစီမြန်မာပိုင်း #ရေဒီယို