ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

By BBC Burmese RadioNews
Download on the App Store
  • Favorites

    33

    Followers

  • Typical duration

    15 min

    per episode

  • If it hooks

    95%

    finish an episode

Based on Podcast App listening data

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် episodes

  • စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေ စစ်ကောင်စီ ထုတ်ပြန်

    ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ မြန်မာ အခွင့်အလမ်း ပေါ်နိုင်သလား၊ ပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်

    31 min
  • ပင်းတယ တောင်ကျရေကြောင့် ‌၁၀ ဦး ရေစီးနဲ့ မျော၊ လပတ်ရွာက ၁၃ ဦးကို KNU နဲ့ PDF ပစ်တယ်လို့ စစ်ကောင်စီ စွပ်စွဲ

    ထိုင်းနဲ့ ကမ္ဘောဒီးယား ခြွင်းချက်မရှိ အပစ်ရပ်ဖို့ သဘောတူ၊ ဂါဇာထဲ အကူအညီ ကားတန်း ထပ်ဝင်

    31 min
  • ငလျင်ကြောင့် ဆယ်တန်းစာမေးပွဲ စာဖြေလွှာတွေ ပျက်စီးကုန်လို့ဆိုပြီး ပြန်ဖြေခိုင်းရာမှာ ဖြေသူရဲ့တဝက်ဘဲ အောင်ခဲ့တဲ့အကြောင်း

    - သယံဇာတ ပေါကြွယ်ဝတဲ့ ကချင်ပြည်နယ် တနိုင်း တပ်စခန်းတခု ကေအိုင်အေ လက်ကနေ ပြည်သူ့စစ်က စစ်ကောင်စီ တပ်အကူအညီနဲ့ သိမ်းယူသွားတဲ့ အခြေအနေ။

    - နှစ်ဘက်ပစ်ခတ်မှု ၄ ရက်ကြာလာချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား မနက်ဖြန် မလေးရှားမှာ တွေ့ဆုံဆွေးနွေးမယ်လို့ ထုတ်ပြောလာ။
    - ဂါဇာမှာ စာနာမှု အကူအညီဝင်ပေးနိုင်ဖို့ တချို့နေရာတွေ အပစ်ရပ်ထားမယ်လို့ အစ္စရေးပြော
    - အိန္ဒိယက ဟိန္ဒူဘုရားကျောင်းတခုမှာ လူအုပ်ပိ သေဆုံး ထိခိုက်မှု
    - မြောက်ကိုရီးယားနဲ့ ရုရှားကြား တိုက်ရိုက်လေယာဉ်ပျံသန်းမှု ရှိလာ ။
    - စင်္ကာပူမှာ အရွယ်လွန်မှ နာမည်ကြီးလာတဲ့ ဓါတ်ပုံဆရာကြီးကွယ်လွန်သွားတဲ့အကြောင်းစတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/liveradio
    -----
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
    -----
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

    30 min
  • စားသောက်ကုန် လူသုံးကုန် ပစ္စည်း အဆမတန်စျေးမြင့်တက်နေတဲ့ ဖားကန့်မှာ မူးယစ်ဆေးဝါး တွေကတော့ စျေးချိုချိုနဲ့ ရနေဆဲ အခြေအနေ။

    - ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ ပစ်ခတ်မှု ၃ ရက် ရှိလာချိန်သေဆုံးသူလည်း အယောက် ၃၀ ကျော်သွားပေမယ့် အပြန်အလှန် စွပ်စွဲ နေကြတဲ့ အခြေအနေ။

    - တပတ်အတွင်း ထောင်တွင်း ဆေးဝါးကုသမှု အလုံအလောက်မရဘဲ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား လူသုံးဦးနဲ့ ဆရာတော်တစ်ပါးရှိလာတဲ့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အနေအထား။
    - သီရိလင်္ကာမှာ တပတ်အတွင်း ဆင်ရိုင်း ၂၁ ကောင် အသတ်ခံနေရလို့ စုံကော်ဖွဲ့ စစ်ဆေးဖို့ လုပ်နေပြီ ။
    - အိန္ဒိယမှာ ကျောင်းသားတွေ အမှတ်ကောင်းနဲ့ အောင်ပြီး တက္ကသိုလ်ကြီးတွေ ဝင်ခွင့်ရကာ လခကောင်း အလုပ်ရဖို့အတွက် စိတ်ဖိစီးမှု ရှိနေတဲ့အကြောင်းစတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/liveradio
    -----
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
    -----
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

    30 min
  • ကမ္ဘောဒီးယားနဲ့ ထိနေတဲ့ အရှေ့ပိုင်း ၈ ခရိုင်မှာ ထိုင်းအစိုးရ စစ်အုပ်ချုပ်ရေး ကြေညာ၊ နှစ်ဘက် ပစ်ခတ်မှုတွေ ဆက်လက်ရှိနေ

    မြန်မာစစ်တပ်နဲ့ ဆက်နွှယ်လို့ ပြစ်ဒဏ်ခတ်ထားသူ ၄ ဦးကို ပိတ်ဆို့စာရင်းကနေ အမေရိကန် ဖယ်ရှား

    30 min
  • ထိုင်း-ကမ္ဘောဒီးယားနယ်စပ် နှစ်ဘက်တပ်တွေ အပြန်အလှန် ဆက်ပြီးတိုက်ခိုက်နေ၊ ကနဦးသတင်းတွေအရ လူ ၁၂ ယောက်အထိ သေဆုံးထား

    ဝီဖာမုန်တိုင်းအရှိန်ကြောင့် နိုင်ငံအနှံ့ မိုးကြီးပြီးလေပြင်းတိုက်မယ်လို့မိုးဇလထုတ်ပြန်ထား

    30 min
  • သပိတ်ကျင်းကို စစ်ကောင်စီ ပြန်သိမ်း၊ တော်လှန်ရေး အင်အားစုတွေ ရွှေတောတွေကိုကာကွယ်ရမလား မိုးကုတ်မကျအောင်ကူရမလား ရွေးရဖို့ ရှိ

    ဇူလိုင်လ ၂၃ ရက်၊ ဗုဒ္ဓဟူး ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်

    - မန္တလေး MDY-PDF နဲ့ ပူးပေါင်းတပ်တွေ သပိတ်ကျင်းကို လက်လွှတ်လိုက်ရတယ် ဆိုတဲ့ မြေပြင် သတင်းထွက်လာချိန်၊ သပိတ်ကျင်းနယ် ဧရာဝတီ မြစ်ကြောင်းထဲ ဗန်းမော်ကို စစ်ကူပို့နေတဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး အုပ်စုတွေ ကြားဖြတ် မိုင်းခွဲ တိုက်ခိုက်
    - ပုဂံ ရှေးဟောင်း ယဥ်ကျေးမှု အမွေအနှစ်ဒေသ တဝိုက် ညောင်ဦးနယ်ထဲ စစ်ရှောင်တွေ သောင်းနဲ့ချီရှိလာ၊ စစ်ကောင်စီက ဘာကြောင့် အဲဒီ နယ်ထဲ စစ်ကြောင်းထိုး နေတာလဲ .. ဘီဘီစီ သတင်းလွှာ
    - မြန်မာစစ်တပ်၊ စစ်ကောင်စီတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အပါအဝင် လေယာဉ်ဆီရရှိရေးကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်း ၃ ခုကို အမေရိကန် ကွန်ဂရက်စ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု ကော်မတီ အတည်ပြု
    - ဂါဇာထဲ ငတ်မွတ် ခေါင်းပါးမှု အတိုင်းအတာ ပမာဏ အလွန်အမင်း ကြီးမားကျယ်ပြန့် လာနေပြီး၊ အရပ်သားတွေရော ထောက်ပံ့ ကူညီတာတွေ လုပ်နေကြတဲ့ ပရဟိတ အဖွဲ့သားတွေပါ ကိုယ်ခန္ဓာ ပိန်လှီ ချုံးကျလာတာက အစ ကျန်းမာရေး ချို့ယွင်းလာနေကြရတယ် ဆိုပြီး နိုင်ငံတကာ ပရဟိတ အဖွဲ့ ၁၀၀ ကျော်က သတိပေးချက် စုပေါင်း ထုတ်ပြန်
    - ရုရှား ကိုယ်စားလှယ် အဖွဲ့ဟာ ယူကရိန်းနဲ့ ညှိနှိုင်း ဆွေးနွေးတာတွေ လုပ်ဖို့ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့ကို သွားနေကြပြီလို့ ရုရှားအစိုးရ ပြောခွင့်ရသူ ထုတ်ဖော် ပြောကြား
    - အမေရိကန်နဲ့ ဂျပန်ကြား ကုန်သွယ်ရေး သဘောတူမှု အသစ် ရရှိလာ၊ ဂျပန် ကုန်ပစ္စည်းတွေကို အခွန် ၂၅ % ကောက်မယ် ဆိုပြီး သမ္မထရမ့် သတ်မှတ် ထားတာကနေ အခု ၁၅ % အထိ လျှော့ချပေး ... စတဲ့ စိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းတွေ တင်ဆက်ထားပါတယ်။
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
    https://bbc.in/36H8bsY
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
    https://bbc.in/2TSNLYZ
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://bbc.in/36EzLXM
    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 min
  • ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘဏ်မှာ ပင်စင်ထုတ်ဖို့ UID စမတ်ကတ် လဝက ရုံးမှာ သွားလုပ်ထားဖို့လိုကြောင်း ဘဏ်ဘက်က နှိုးဆော်နေ

    ဇူလိုင်လ ၂၂ ရက်၊ အင်္ဂါ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်

    - ပင်စင်စား သက်ကြီးရွယ်အိုတွေ ဘဏ်မှာ ပင်စင်ထုတ်ဖို့ UID စမတ်ကတ် လဝက ရုံးမှာ သွားလုပ်ထားဖို့လိုကြောင်း ဘဏ်ဘက်က နှိုးဆော်နေ၊ UID ဆိုတာ ဘာလဲ ... UID မရှိသေးရင်ရော ပင်စင်ထုတ်နိုင်မှာလား၊ UID လုပ်ဖို့ လက်တွေ့မှာရော သက်ကြီးရွယ်အိုတွေ အတွက် လွယ်ကူလား … ဘီဘီစီ သတင်းလွှာ
    - စစ်ကောင်စီက စစ်မှုထမ်းပြီးသူတွေကို အစိုးရ ဌာနတွေမှာရော ပုဂ္ဂလိက လုပ်ငန်းတွေမှာပါ ဦးစားပေး အလုပ်အကိုင်ရရှိရေးနဲ့ စစ်မှုမထမ်းခင်က အလုပ်၊နေရာတွေအတိုင်း ပြန်ရဖို့ ရည်ရွယ်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းထား၊ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီက ဘာတွေ လုပ်ဆောင်မလဲ ... အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းခွင်တွေ အပေါ် သက်ရောက် ရိုတ်ခတ် လာနိုင်လား .... ဘီဘီစီ သတင်းလွှာ
    - မန္တလေးမြို့မှာ ကာရာအိုကေ KTV ခန်းတွေကို တစ်လပိတ်သိမ်းဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတဲ့အတွက် ပိတ်သိမ်းထားကြရ၊ ပိတ်ထားရတဲ့ KTV ခန်းတွေဟာ ဟိုင်းခန်းလို့ခေါ်ကြတဲ့ မူးယစ်ဆေးသုံးစွဲလို့ရတဲ့ အခန်းတွေဖြစ်တယ်လို့ ဒေသခံတွေ ပြော၊ အဲဒီလို KTV ခန်းတွေရဲ့ ပြဿနာ ဘယ်လောက် ကျယ်ပြန့်နေလဲ ... ဘီဘီစီ သတင်းလွှာ
    - နိုင်ငံတကာဘက်မှာတော့ …. ဂါဇာကမ်းမြောင် အလယ်ပိုင်း မြို့ ဒယ်ရာအယ်လ် ဘာလာကို အစ္စရေး စစ်တပ်က ဝေဟင် မြေပြင် ထိုးစစ်တွေ ဆက်လက် ပြုလုပ်
    - ဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ် စာသင်ကျောင်းထဲ ပျက်ကျတဲ့ ဖြစ်ရပ် သေဆုံးစာရင်း အယောက် ၃၀ အထက် ရောက်ရှိလာ၊ ဒဏ်ရာရသူ ၁၆၀ ဝန်းကျင်ရှိ၊ စက်ချို့ယွင်းလို့ ပျက်ကျရတာလို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ပြော
    - အိန္ဒိယမှာ အာဏာရ ဘီဂျေပီ ပါတီ ခန့်ထားတဲ့ ဒုသမ္မတ ရုတ်တရက် နုတ်ထွက်သွားလို့ အစိုးရထဲ ဘာတွေ ဖြစ်နေလဲ ဆိုတာ အများသိအောင် ထုတ်ပြန်ပေးဖို့ အတိုက်အခံတွေ တောင်းဆို
    - ဂျပန်မှာ ၂၀၁၁ ငလျင်ကြီးနဲ့ ဆူနာမီ အပြီး ပထမဆုံး နျူဓာတ်ပေါင်းဖို ဆောက်နိုင်ဖို့ စိုင်းပြင်းနေ .... စတဲ့စိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းတွေ တင်ဆက်ထားပါတယ်။
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
    https://bbc.in/36H8bsY
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
    https://bbc.in/2TSNLYZ
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://bbc.in/36EzLXM
    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 min
  • ဂျပန်ဝန်ကြီးချုပ် ရှီဂေးရု အီရှီဘာ ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ ဆို

    - စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ ဒီ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ ရေး အကျဥ်းသား ၁၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ ဒီနှစ်ရက်အတွင်းမှာပဲ ဒဂုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂများအဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ မဝတ်ရည်အောင်နဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင် ဦးပြည့်စုံအောင်လည်း သေဆုံးခဲ့ပါတယ်။ သူတို့ အကြောင်းနဲ့ အတူ ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေ တွေ့ကြုံ ရင်ဆိုင် နေရတဲ့ အခြေအနေတွေ အကြောင်း ကိုယ်တွေ့ ပြောပြချက်တွေ ပါဝင်တဲ့ သတင်းလွှာ နားဆင်ရဖို့ ရှိသလို .....

    - ဂါဇာမှာ အလယ်ပိုင်း ဒယ်ရာလ် ဘာလာ မြို့ကို အစ္စရေး စစ်တပ်က မြေပြင်၊ ဝေဟင် တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်လာ၊ အဲဒီမြို့ ရဲ့ နေရာ တော်တော်များများမှာ ထွက်ခွာမိန့် သတိပေးချက်တွေ ထုတ်ပြန်ပြီး နာရီ အနည်းငယ် အကြာမှာပဲ စတင် တိုက်ခိုက်လာတာ ဖြစ်၊ ရာဖာမြို့ကို အစ္စရေးတွေ ပစ်မှတ် ထားလာခဲ့ပြီးတဲ့နောက် ဂါဇာ အတွက် စာနာမှု ဆိုင်ရာ လုပ်ငန်းတွေကို လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက ဒီမြို့မှာ ပြောင်းရွှေ့ အခြေစိုက်ထား၊ အဲဒီမှာ ကုလသမဂ္ဂက လည်ပတ်လှုပ်ရှားနေတဲ့ ဆေးခန်းတွေ၊ ရေသန့် စက်ရုံနဲ့ စားနပ် ရိက္ခာ သိုလှောင်ရုံတွေ ရှိနေပြီး အဲဒါတွေကို စောင့်ရှောက်နိုင်ဖို့ သူတို့ရဲ့ ဝန်ထမ်း တချို့ ဒယ်ရာလ် ဘာလာ မှာ ကျန်ရစ်နေခဲ့မယ် ဆိုပြီး ကုလသမဂ္ဂ က ပြောနေ
    - ယူကရိန်းကို အားပေး ထောက်ပံ့နေကြတဲ့ မဟာမိတ် နိုင်ငံတွေရဲ့ အစည်းအဝေးကို ယူကေနိုင်ငံ၊ လန်ဒန်မြို့တော်မှာ ပြုလုပ် နေ၊ ရက် ၅၀ အတွင်း ယူကရိန်းကို စစ်လက်နက် ပစ္စည်းတွေ အလျင်အမြန် တပ်ဆင် ထောက်ပံ့ရေး ဆော်ဩမှုမျိုးကို အိမ်ရှင် ယူကေ ကာကွယ်ရေး ဝန်ကြီး ဂျွန် ဟီလီ ပြုလုပ်လာဖွယ် ရှိ၊ ဒီလို ရက် ၅၀ အတွင်း အပြင်းအထန် ထောက်ပံ့ရေး ဆော်ဩမှုကို အမေရိကန် သမ္မတ ထရမ့် စတင် ခဲ့တာ ဖြစ်ပြီး၊ ယူကရိန်းကို လက်ဆင့်ကမ်း ပေးသွားနိုင်ဖို့ရာ အမေရိကန်ရဲ့ ထိပ်တိန်း စစ်လက်နက် ပစ္စည်းတွေကို နေးတိုး အဖွဲ့ဝင် နိုင်ငံတွေဆီ ရောင်းချပေးမယ်လို့ ထရမ့်က ပြောထား၊ ယူကရိန်း နိုင်ငံထဲမှာတော့ ပြီးခဲ့တဲ့ ည ကလည်း ရုရှားတို့ရဲ့ ဒုံးကျည်နဲ့ ဒရုံး တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ကြုံတွေ့ ခဲ့ရ .... စတဲ့စိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းတွေ တင်ဆက်ထားပါတယ်။
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
    https://bbc.in/36H8bsY
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
    https://bbc.in/2TSNLYZ
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://bbc.in/36EzLXM
    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 min
  • 31 min

About ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

From the publisher's feed

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

Best of ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Ranked by our users in the last 21 days

More shows like ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

TED Talks Daily by TED

TED Talks Daily

10,921 Listeners

Global News Podcast by BBC World Service

Global News Podcast

7,574 Listeners

Newshour by BBC World Service

Newshour

1,041 Listeners

In Our Time by BBC Radio 4

In Our Time

5,499 Listeners

In Our Time: History by BBC Radio 4

In Our Time: History

1,871 Listeners

In Our Time: Philosophy by BBC Radio 4

In Our Time: Philosophy

868 Listeners

In Our Time: Culture by BBC Radio 4

In Our Time: Culture

605 Listeners

In Our Time: Science by BBC Radio 4

In Our Time: Science

725 Listeners

6 Minute English by BBC Radio

6 Minute English

1,827 Listeners

Learning English Conversations by BBC Radio

Learning English Conversations

1,033 Listeners

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ် by SBS

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

22 Listeners

Burmese News - NHK WORLD RADIO JAPAN by NHK WORLD-JAPAN

Burmese News - NHK WORLD RADIO JAPAN

30 Listeners

Doh Athan - Our Voice by Doh Athan - Our Voice

Doh Athan - Our Voice

17 Listeners

You're Dead to Me by BBC Radio 4

You're Dead to Me

3,212 Listeners

The Mratt Podcast by Mratt Kyaw Thu

The Mratt Podcast

163 Listeners

myanmarstory by myanmar story

myanmarstory

31 Listeners

K Sharing Audiobook by K Sharing Audiobook

K Sharing Audiobook

53 Listeners

စာဖတ်ပြမယ် - Myanmar Audiobook by Win Ei

စာဖတ်ပြမယ် - Myanmar Audiobook

85 Listeners

The Institute for Strategy and Policy – Myanmar by ISP-Myanmar

The Institute for Strategy and Policy – Myanmar

6 Listeners

The Irrawaddy Newscast - Burmese Edition by The Irrawaddy

The Irrawaddy Newscast - Burmese Edition

59 Listeners

စိုပြေ မပြောချင်ဘူး by RFA

စိုပြေ မပြောချင်ဘူး

2 Listeners

DVB News by Democratic Voice of Burma

DVB News

5 Listeners

Nya Pone Pyin - ညပုံပြင် by Thet Paing

Nya Pone Pyin - ညပုံပြင်

0 Listeners

ရင်အေးရာ by Aye Say Original

ရင်အေးရာ

0 Listeners