
Sign up to save your podcasts
Or


Based on Podcast App listening data
- ၂၅ နှစ်အထက်တွေကို သင်္ဘောသား လက်မှတ်လျှောက်ခွင့် ပိတ်ပင်လိုက်
- အီရန်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ စျာပနကို နိုင်ငံတော်အခမ်းအနားနဲ့ ကျင်းပခဲ့
လူရာချီ သေဆုံးတဲ့ ပစ်ခတ်မှုတွေနဲ့ မဆက်စပ်ဘူး ဆိုပြီး ဂါဇာ ကူညီရေး ဖောင်ဒေးရှင်း ပယ်ချ
အဏုမြူစခန်းတွေကို တိုက်ခိုက်လို့ အမေရိကန် ဘာမှ ရမသွားကြောင်း အီရန် ခေါင်းဆောင်ကြီး ပြောကြား
အီရန် အဏုမြူ စီမံကိန်း နောက်ပြန်ဆုတ်အောင် တိုက်ခိုက်နိုင်ကြောင်း ထရမ့် ကြုံးဝါး
ထရမ့်က အစ္စရေးနဲ့ အီရန်ကို အပစ်ရပ် ချိုးဖောက်တယ် စွပ်စွဲ၊ ဘီဘီစီ ပိုလန် အစီအစဉ်ထုတ်လွှင့်
အစ္စရေးက အီရန်မြို့တော်ကို တိုက်ခိုက်မှုလှိုင်းသစ် အပြင်းအထန် စတင်
- စစ်ပွဲဖြစ်ရာ ဒေသတွေမှာ စက်သုံးဆီသယ်ယူခွင့်ပိတ်ပင်ထားမှုကြောင့် ဒေသခံတွေ အပေါ် ထိခိုက်သက်ရောက်မှုတွေ အကြီးအကျယ် ရှိနေ
- အီရန်မှာ အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူ အယောက် ငါးရာနီးပါး ရှိလာ
ဇွန်လ ၂၀ ရက်၊ သောကြာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်
- ရှမ်းမြောက်မှာ တရုတ်ဖိအားကြောင့် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ အပစ်ခတ် ရပ်စဲထားရပြီး ၊ သိမ်းပိုက်ထားတဲ့နယ်မြေ တချို့ကနေ ပြန်ဆုတ်ခွာပေးနေရအချိန် ၊ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက တရုတ်စီမံကိန်းတွေ ရှိနေတဲ့ ကျောက်ဖြူမြို့ မှာတော့ တိုက်ပွဲဟာ ပိုမို ပြင်းထန်လာနေပါတယ်။ အခုတိုက်ပွဲတွေမှာ အာရက္ခတပ်တော် အေအေ က ကျောက်ဖြူမြို့သိမ်းဖို့အထိ ဖြစ်လာနိုင်ပါသလား။ တရုတ်စီမံကိန်းတွေအပေါ် အေအေရဲ့ သဘာထား ဘယ်လိုရှိပါသလဲ .... ဘီဘီစီ သတင်းလွှာ
- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲ စစ်ကောင်စီ တပ်စွဲထားတဲ့ ကန့်ဒေါင့် ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် -PLA နဲ့ မဟာမိတ် တပ်ပေါင်းစုတွေ သိမ်းပိုက်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အဲဒီ စခန်းမကျရေး အတွက် စစ်ကောင်စီက လေကြောင်းကော မြေပြင်စစ်ကူတွေ နဲ့ပါ အပြင်းအထန် ခုခံ ခဲ့တဲ့ ကြားကပဲ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကန့်ဒေါင့်ရဲစခန်း တိုက်ပွဲ အကြောင်း ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက်
- အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ အဆင့်ဆင့် ဖွဲ့စည်းတဲ့အခါ နိုင်ငံ့ဝန်ထမ်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခွင့် ရှိတယ် ဆိုပြီး ရွေးကောက်ပွဲ ဥပဒေကို စစ်ကောင်စီက ပြင်ဆင် ပြဌာန်းလိုက်ပါတယ်။ ဘာလို့ အဲဒီလို ခြေလှမ်းမျိုး ပြုလုပ် လာရတာပါလဲ။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လေ့လာစောင့်ကြည့်သူတွေရဲ့ အမြင် စုစည်းမှု
- မြန်မာစစ်ကောင်စီကို စစ်လေယာဉ်တွေ … လက်နက်တွေ ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် (AVIC - အေ ဗွီ အိုင်စီ) ကုမ္ပဏီ ထံကနေ ဥရောပ လေယာဉ် ကုမ္ပဏီကြီး AirBus က သူတို့ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန် ထုတ်လိုက်ပါတယ်။ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲ ဥရောပမှာ AirBus ဟာ အကြီးဆုံး ကုမ္ပဏီပါ၊ ဒီကုမ္ပဏီက အခုလို တရုတ်ကုမ္ပဏီမှာ ရင်းနှီးထားတာတွေကို ထုတ်ပယ် လိုက်တဲ့အပေါ် …. အဲဒီလို လုပ်ဆောင်ပေးဖို့ ဆော်ဩနေကြတဲ့ မြန်မာ့အရေး ဆောင်ရွက် ကြသူတွေက ကြိုဆိုကြသလို ၊ သူတို့ လှုပ်ရှား ဆော်ဩနေခဲ့ကြတာတွေရဲ့ အောင်မြင်မှု တခုအနေနဲ့လည်း ဂုဏ်ယူကြပါတယ်။ ဒီကမ်ပိန်း လှုပ်ရှားမှုထဲ ပါဝင်ခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗြိတိန်အခြေစိုက် Stars of Myanmar Friendship အဖွဲ့နဲ့ ဘီဘီစီ မေးမြန်းခန်း
- နိုင်ငံတကာဘက်ကို ကြည့်ရင်တော့ ….. အစ္စရေးနဲ့ အီရန်တို့ အပြန်အလှန် တိုက်ခိုက်မှုတွေဟာ အခုဆိုရင် ဒုတိယမြောက် သီတင်းပတ်ထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်၊ အစ္စရေး စစ်တပ်က အီရန်ထဲက ဒါဇင်တချို့ထိအောင် ရှိတဲ့ ပစ်မှတ်နေရာတွေကို တိုက်ခိုက်ခဲ့တာမှာ .... မြို့တော် တီဟီရန် ပရိဝဏ်ထဲမှာ ပါတဲ့ ဒုံးကျည် ထုတ်လုပ်တဲ့ နေရာတွေလည်း ပါဝင်တယ် ဆိုပြီး ထုတ်ပြန်၊ ဒါ့အပြင် အီရန်ရဲ့ စစ်ဘက် သုတေသန ဌာနချုပ်ကိုပါ ဖျက်စီးနိုင်ခဲ့တယ်လို့လည်း ဆို
- အစ္စရေးထဲမှာလည်း အီရန်ရဲ့ ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲတဲ့ နေရာတွေ ရှိ၊ အစ္စရေး တောင်ဘက် ဘီးရ်ရှီးဘား မြို့က နည်းပညာ လုပ်ငန်းတွေ စုဝေး တည်ရှိတဲ့ နေရာကို အီရန် ဒုံးကျည် ထိမှန်ခဲ့ပြီး၊ အဆောက်အအုံ တချို့ ထိခိုက် ပျက်စီးသွား
- အစ္စရေးနဲ့ အီရန်ကြား ပေါ်ပေါက်နေတဲ့ ပဋိပက္ခကို လျှော့ချ နိုင်ဖို့ အတွက်၊ ဥရောပ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီး အက်ဘ်ဘတ်စ် အာရက်ခီ နဲ့ ဂျီနီဗာမြို့မှာ ဒီကနေ့ တွေ့ဆုံဖို့ ရှိနေ
- ကမ္ဘောဒီးယားရဲ့ ဩဇာကြီး ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်း ပြောဆိုထားတဲ့ အသံဖိုင် ပေါက်ကြားခဲ့ပြီးတဲ့နောက်၊ ထိုင်းနိုင်ငံထဲ ဖိအားတွေ ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် ပယ်ထုန်တန် ရှင်နာဝပ်ဟာ ကမ္ဘောဒီးယား နယ်စပ်မှာ နေရာချထားတဲ့ ထိုင်း တပ်ဖွဲ့တွေ ဆီ သွားရောက်၊ စတဲ့ ထိပ်တန်း မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။
From the publisher's feed
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
Ranked by our users in the last 21 days

10,921 Listeners

7,574 Listeners

1,041 Listeners

5,499 Listeners

1,871 Listeners

868 Listeners

605 Listeners

725 Listeners

1,827 Listeners

1,033 Listeners

22 Listeners

30 Listeners

17 Listeners

3,212 Listeners

163 Listeners

31 Listeners

53 Listeners

85 Listeners

6 Listeners

59 Listeners

2 Listeners

5 Listeners

0 Listeners

0 Listeners