ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

By BBC Burmese RadioNews
Download on the App Store
  • Favorites

    33

    Followers

  • Typical duration

    15 min

    per episode

  • If it hooks

    95%

    finish an episode

Based on Podcast App listening data

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် episodes

  • အီတလီမှာ သြဇာအကြီးဆုံး မာဖီးယားဂိုဏ်းကြီးကို နှိမ်နင်းဖို့ နိုင်ငံတဝန်း စစ်ဆင်ရေး လုပ်ခဲ့

    - လာမယ့်သီတင်းပတ်ထဲမှာ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း တစ်ခု ဖြစ်လာနိုင်ခြေရှိတာကြောင့် ငလျင်ဒဏ်သင့် ဒေသတွေမှာ မိုးများပြီး အဆောက်အဦးတွေ ထပ်ပြိုကျလာနိုင်တဲ့ အန္တရာယ် ရှိနိုင်ကြောင်း သတိပေးထား

    - ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စေတီပုထိုးတွေကို ဘယ်လို ပြုပြင် ထိန်းသိမ်းရေး လုပ်သင့်သလဲ ဆိုတဲ့အကြောင်း ရှေးဟောင်း အဆောက်အအုံ ထိန်းသိမ်းရေး ပညာရှင် ဦးဇေမျိုးလင်းနဲ့ ဆက်သွယ်မေးမြန်းချက်
    - စပိန်နိုင်ငံ မဒရစ်မြို့မှာ ယူကရိန်း အဆင့်မြင့် နိုင်ငံရေးသမားဟောင်း တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ စပိန်ရဲတွေက စုံစမ်းစစ်ဆေးနေ
    - ဂါဇာမှာ မနေ့ညက တစ်ညလုံး အစ္စရေးရဲ့ လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့
    - ရုရှားနဲ့ နှစ် ၂၀ ကြာ နည်းဗျူဟာပိုင်း မဟာမိတ်ပြုရေး သဘောတူချက်တစ်ရပ်ကို အီရန် ပါလီမန် အတည်ပြု
    - ထိုင်ဝမ် သမ္မတ လိုင် ချင်းဒါ သမ္မတတာဝန်ထမ်းဆောင်တာ တစ်နှစ်တင်းတင်း ပြည့်တဲ့နေ့မှာပဲ တရုတ်စစ်တပ်က ကုန်းမြေ၊ ရေပြင် ဆင်းသက်မှု စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့
    - ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အပူချိန် မြင့်မားနေမှုကို ခံနိုင်ရည်ရှိစေရေး အထောက်အကူပေးတဲ့ အနေနဲ့ အခုနှစ် နွေရာသီမှာ တိုကျိုမြို့ခံတွေကို ရေဘိုး သက်ညှာခွင့်ပေးဖို့ တိုကျို စည်ပင်အာဏာပိုင်တွေက ဆုံးဖြတ်

    38 min
  • ဂါဇာကို ကယ်ဆယ်ရေးအထောက်အပံ့တွေ ရောက်မလာဘူးဆိုရင် လာမယ့် နှစ်ရက်အတွင်း မွေးကင်းစကလေး ၁၄၀၀၀ အသက်ဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ သတိပေး

    - ရွေးကောက်ပွဲကို ကာလုံရဲ့ အဆုံးအဖြတ်နဲ့ ကျင်းပနိုင်တယ်လို့ စစ်ကောင်စီ အကြီးအကဲပြော

    - ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွက် အဓိက မှီခိုနေရတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အာဏာပိုင်တွေက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်
    - ငလျင်သင့်ဒေသတွေမှာ စစ်ကောင်စီရဲ့ ထောက်ပံ့ကူညီမှုနဲ့ ခွဲဝေသုံးစွဲမှုတွေ ဘယ်လိုရှိနေသလဲ
    - မန္တလေးမြို့ Sky Villa မှာ ငလျင်ကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်း ရှာဖွေမှုအခြေအနေ
    - ဂါဇာကို ကယ်ဆယ်ရေးအထောက်အပံ့တွေ ရောက်မလာဘူးဆိုရင် လာမယ့် နှစ်ရက်အတွင်း မွေးကင်းစ ကလေးငယ် တစ်သောင်း လေးထောင် အသက်ဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ သတိပေး
    - ဂါဇာမှာ စစ်ရေးတိုက်ခိုက်နေမှုတွေ လုပ်နေတဲ့ အစ္စရေးနဲ့ ဆက်ဆံရေး ပြန်လည်သုံးသပ်ဖို့ ဥရောပသမဂ္ဂ ဆွေးနွေးဖို့ရှိ
    - ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် ရုရှားအချိန်ဆွဲနေတယ်လို့ ယူကရိန်းစွပ်စွဲ
    - ဗီယက်နမ်မှာ မိုးမျှော်အထပ်မြင့်တိုက်ကြီး ဆောက်ဖို့ သမ္မတထရမ့်ရဲ့ အိမ်ခြံမြေ ရောင်းဝယ်ရေးကုမ္ပဏီ စဉ်းစားနေ
    - နောင်ဖြစ်လာမယ့် ကပ်ရောဂါဘေးကြီးတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောတူချက် ရရှိ

    31 min
  • အိန္ဒိယအစိုးရက တုံ့ပြန်ဖြေကြားတာမျိုးမလုပ်ပဲ အခုထိနှုတ်ဆိတ်နေတဲ့ အာသံရိုင်ဖယ်တပ်ပစ်ခတ်လို့ တမူး ပကဖ ၁၀ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်

    မေ လ ၁၉ ရက်၊ တနင်္လာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်

    - အိန္ဒိယ အစိုးရက အခုထိ တုံ့ပြန် ဖြေကြားတာမျိုး မလုပ်ပဲ အခုထိ နှုတ်ဆိတ်နေတဲ့ အာသံရိုင်ဖယ်တပ်ပစ်ခတ်လို့ တမူး ပကဖ ၁၀ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ် ဘာတွေ ဖြစ်ခဲ့တာလဲ၊ အမှုမှန် ပေါ်နိုင်ရေး ဘာတွေ လုပ်ဆောင်ထားလဲ ဘီဘီစီရဲ့ သတင်းလွှာ
    - ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ လုပ်ခ လစာတိုးမြှင့်ပေးဖို့အတွက် အလုပ်သမား ၆ထောင်ကျော် ဆန္ဒပြ ၊ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားမှာ ညှိနှိုင်းမှု အခြေအနေ ဘယ်လို ရှိနေသလဲ။ ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက်
    - တရုတ် စီမံကိန်း အများစု ရှိနေတဲ့ ကျောက်ဖြူမြို့နယ်ထဲ တိုက်ပွဲတွေ ဆက်လက် ပြင်း ထန်၊ တရုတ် လုံခြုံရေး အဖွဲ့တွေရှိနေတဲ့ Power China စက်ရုံ ဝန်းကျင် အထိ တိုက်ပွဲတွေ ဖြစ်လာနေ၊ ကျောက်ဖြူမြို့နဲ့ တရုတ် စက်ရုံတွေ သိမ်းတဲ့ အထိ ဖြစ်လာမလား
    - လန်ဒန်မြို့ မြန်မာ သံအမတ်ရဲ့ နေအိမ်မှာ နေထိုင်နေတဲ့ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိသျှ ရဲတပ်ဖွဲ့က ပိုင်နက် ကျူးကျော်မှုနဲ့ အမှုဖွင့် တရားစွဲ၊ အခုလာမယ့် မေ ၃၀ ရက်နေ့မှာ လန်ဒန်မြို့လယ် အောက် တရားရုံး တစ်ခု ဖြစ်တဲ့ ဝက်စ်မင်စတာ တရားရုံးကို လာရောက်ရမယ် ဆိုပြီး ရဲက ဆင့်ခေါ်ထား၊ အခုလို လုပ်ဆောင်လာတာဟာ ဗြိတိသျှ အစိုးရရဲ့ မြန်မာ့အရေး သဘောထားမူဝါဒတွေနဲ့ ဆန့်ကျင်ကွဲလွဲနေတယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ် လာ၊ ဦးကျော်စွာမင်း အနေနဲ့ ဘယ်လို အခြေခံ အချက်တွေနဲ့ အဲဒီ သံအမတ် နေအိမ်မှာ ဆက်ပြီး နေထိုင်နေတာလဲ ဆိုတဲ့ အသေးစိတ် သတင်းလွှာ
    - ကယ်ဆယ်ရေးအထောက်အပံ့တွေကို ဟားမတ်အဖွဲ့ လုယူတာကို ဟန့်တားနိုင်ဖို့အတွက် ဂါဇာကမ်းမြောင် တစ်ခုလုံးကို အစ္စရေးစစ်တပ်က ထိန်းချုပ်သွားမှာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု ပြော
    - ယူကရိန်းစစ်ပွဲအကြောင်းနဲ့ ယူကရိန်း ရုရှား အပစ်ရပ်ရေး ကိစ္စရပ်တွေ အဓိက ပြောကြဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်တို့ ဒီကနေ့ နှောင်းပိုင်းမှာ ဖုန်းနဲ့ စကားပြောကြဖို့ ရှိ
    - တရုတ်နိုင်ငံမှာ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ အသုံးစားရိတ်တွေကို သူတို့အတွက် သူတို့ မတန်တဆ သုံးစွဲနေတာကို ထိန်းချုပ်ဖို့ တရုတ်အစိုးရက စည်းမျဉ်းသစ်တွေ ထုတ်ပြန်။ ခရီးစရိတ်၊ နေထိုင်ရာ အဆောက်အအုံနဲ့ အစားအသောက်တွေမှာ ပြည်သူ့ဘဏ္ဍာငွေကို ဘယ်လို သုံးစွဲသင့်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြထားပြီး အလုပ်ချိန်အစားအသောက်တွေထဲမှာ စီးကရက်နဲ့ အရက်ကို တားမြစ်ထား …. စတဲ့ ထိပ်တန်း နိုင်ငံတကာ သတင်းတွေကိုလည်း တင်ဆက်ပေးထားပါတယ်။
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
    https://bbc.in/36H8bsY
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
    https://bbc.in/2TSNLYZ
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://bbc.in/36EzLXM
    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    31 min
  • ပုပ်ရဟန်းမင်းကြီးသစ်က တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ကို ရာထူးရယူတဲ့ အခမ်းအနားမှာ ထည့်သွင်း ပြောသွားခဲ့

    မန္တလေးမှာ မနေ့ကညက အင်အား အသင့်အတင့် ရှိတဲ့ ရစ်ချ်တာစကေး ၅.၂ ရှိတဲ့ ငလျင်တခု စက္ကန့် ၂၀ ကြာ ထပ်လှုပ်ခဲ့ပြီး ငလျင်ရှောင်ယာယီတဲရှိတဲ့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အဘယာရာမရွှေဂူ ဘုန်းကြီးကျောင်းထဲက သားအဖနှစ်ယောက်ပေါ် သစ်ပင်ပိလို့ သေဆုံးခဲ့ရတဲ့အတွက် အင်အားပြန်ကောင်းလာတဲ့ ငလျင်တွေ အပေါ် မြို့ခံတွေရဲ့ စိုးရိမ်မှု

    - ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲရက် သတ်မှတ်ထားပြီလို့ ထုတ်ပြန် ပြောဆိုလာပေမယ့် ပဋိပက္ခ‌ဒေသတွေဖြစ်တဲ့ ကချင်၊ ရခိုင်နဲ့ ကရင်နီတို့လို စစ်ကောင်စီ မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲအတွက် ပါတီတွေ ဘယ်လိုကျင်းပကြမလဲ။
    - ကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၇) အပိုင် ဖားအံခရိုင် ပိုင်ကျုံမြို့နယ် သောင်းရင်းမြစ်တလျှောက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KNU ဆက်တိုက် တိုက်ခိုက်သိမ်းယူနေ
    - တောင်ကိုရီးယား မှာ သမ္မတ သက်တမ်း ၄ နှစ် နှစ်ဆက် ထားရှိဖို့ အဆိုပြုကြတဲ့ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/liveradio
    -----
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
    -----
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

    30 min
  • ဂါဇာနဲ့ လဘနွန် ပြန်လည် ထူထောင်ရေး အီရတ်က သန်းလေးဆယ် ကူမယ်လို့ ပြော

    ပြီးခဲ့တဲ့ ရက်ပိုင်းက လေကြောင်းက တိုက်ခိုက်ခံရတဲ့ အိုးတိန်တွင်းရွာမှာ တိုက်ခိုက်မှုအတွင်း ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့သူတွေထဲက ကလေးနှစ်ယောက် ထပ်တိုးသေဆုံးခဲ့သလို ဒဏ်ရာရသူတွေကို အခုလို လေးရက်ကြာတဲ့အထိ ဆေးကုသမှုပေးဖို့ အခက်အခဲ ရှိနေ။

    - အညာဒေသအပါအဝင် စစ်တပ်လေကြောင်း တိုက်ခိုက်တာ ခံနေရတဲ့ ဒေသတွေမှာ လေကြောင်း ရန်ကာကွယ်ရေးကို ကုန်ကျစရိတ်လည်းမတတ်နိုင်သေးချိန်မှာဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်နေကြလဲ။
    - ထားဝယ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်တပ်က စားနပ်ရိက္ခာ သယ်ယူတာ ဆေးဝါးသယ်ယူတာ ကန့်သတ်လိုက်တဲ့ အပြင် ပြီးခဲ့တဲ့ရက်ပိုင်း စက်သုံးဆီ သယ်ဆောင်တာကို ကန့်သတ်လိုက်တာကြောင့် ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်း ဥယာဥ်ခြံမြေ လုပ်ငန်းနဲ့ တွေကို အကြီးအကျယ်ထိခိုက်မှုရှိပြီး လာမယ့်စိုက်ပျိုးရာသီမှာ စိုက်ပျိုးဖို့ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရ
    - တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ယိုး သူ့ပါတီကနေ နုတ်ထွက်မယ်လို့ ပြောလိုက်တဲ့ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/liveradio
    -----
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် -
    https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j
    -----
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

    30 min
  • ယူကရိန်း-ရုရှား အစ္စတန်ဘူလ် စကားပြောပွဲ အပစ်ရပ်သဘောတူမှု မထွက်ပဲ ပြီးဆုံး၊ စစ်သုံ့ပန်းတွေ အပြန်အလှန် လွှတ်မယ်လို့တော့ ပြော

    မေ လ ၁၆ ရက်၊သောကြာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်

    - လက်လွှတ် ဆုံးရှုံးထားရတဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တဲ့ နည်းနာကို စစ်ကောင်စီ ဆက်တိုက်ကျင့်သုံးနေ။ မင်းတပ်၊ သပိတ်ကျင်းနဲ့ ကျောက်တော်လို ချင်း၊ မန္တလေးနဲ့ ရခိုင်ထဲက မြို့ရွာတွေကို မနေ့က တစ်နေ့တည်း တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေ သေဆုံးခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်တွေက ပြော
    - ရခိုင်ထဲမှာ ဆိုရင် ဒီရက်ပိုင်း သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်ပြီး၊ တိုက်ခိုက်မှုတွေ အတွင်း ကလေးငယ်တွေအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ရ၊ ဗုံးကြဲခံနေရတဲ့ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက ဒေသခံတွေဟာ နေအိမ်တွေမှာ ဆက်မနေရဲတော့ဘဲ ထောင်နဲ့ချီလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရ။
    - ဒီ အချိန်မှာပဲ စစ်ကောင်စီရဲ့ နိုင်ငံရေး ထွက်ပေါက် ( အထူးသဖြင့် ရုရှားနဲ့ တရုတ်တို့လို ကျောထောက်နောက်ခံပြုပေးထားတဲ့ နိုင်ငံကြီးတွေအပေါ် အာဏာသိမ်း စစ်ခေါင်းဆောင် အာမခံချက်တွေ ပေးပြီး ကတိပြုထားတဲ့) ရွေးကောက်ပွဲ အတွက်ရော အခုလို လက်နက်ကိုင် ပဋိပက္ခ ပြင်းထန် ကျယ်ပြန့်နေချိန် မြေပြင်ပေါ် တကယ် ထူးခြား တိုးတက်မှုတွေ ရှိရဲ့လား။ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဝင်ကြမယ့် ပါတီတွေ ဘာတွေ လှုပ်ရှားနေကြလဲ …. ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးတာမျိုး အထိ လုပ်နေကြပြီလား … ဘီဘီစီသတင်းလွှာ
    - အင်အားပြင်း ငလျင်ကြီးကြောင့် စစ်ကိုင်းနဲ့ မန္တလေးတို့မှာ ရှေးဟောင်း ဘုရားစေတီပေါင်း ထောင်နဲ့ချီလို့ ပျက်စီးခဲ့ရတာကနေ ဌာပနာပစ္စည်းတွေ အများပြား ထွက်ပေါ်လာတာ တွေ့ရတယ် ဆိုပြီး ရှေးဟောင်းသုတေသန ဌာနနဲ့ အပျက်အစီးတွေ ရှင်းလင်းရေး လုပ်နေတဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ အဲဒီ ဌာပနာပစ္စည်းတွေ၊ ရှေးအမွေတွေ ပျောက်ပျက် သွားနိုင်တဲ့အန္တရာယ်၊ မှောင်ခို ရောင်းဝယ် ဖောက်ကားဖို့ ရည်ရွယ်ချက်မျိူးနဲ့ ခိုးယူ ခံရနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါသလား … ဘီဘီစီသတင်းထောက်ရဲ့ သတင်းပေးပို့ချက်
    - ငလျင်ဘေးဒဏ် ဆိုးဆိုးရွားရွားရွား ခံလိုက်ခံရတဲ့ နေပြည်တော်နားက ပျဉ်းမနားမှာတော့ ငလျင်ဒဏ်သင့် အိုးအိမ်တိုက်တာ အဆောက်အဦတွေ ဖြိုဖျက်မှု ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပြီလို့ သိရပါတယ်။ ပျဉ်းမနားမြို့ခံတစ်ယောက်နဲ့ မေးမြန်းခန်း နားဆင်ရဖို့ ရှိပါတယ်။
    - နိုင်ငံတကာ ဘက်မှာလည်း ဂါဇာမြောက်ပိုင်းမှာ ဝေဟင်၊ မြေပြင်၊ ရေပြင် ဘက်ပေါင်းစုံကနေ အစ္စရေး စစ်တပ် ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်နေတဲ့ အကြောင်း၊ စစ်ပွဲ ၃ နှစ်ကျော်နောက်ပိုင်း ယူကရိန်း-ရုရှား နှစ်ဘက် ကိုယ်စားလှယ်တွေ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင် စကားပြောလာတဲ့ အစ္စတန်ဘူလ် တွေ့ဆုံမှုကနေ ဘာတွေ မျှော်လင့်နိုင်လဲ ၊ အမေရိကန်ရဲ့ အပြင်ဘက် AI နည်းပညာ ရုံးပေါင်းစုံ ကုမ္ပဏီစုံ အကြီးဆုံး နေရာကြီး တစ်ခု ယူအေအီး မှာ ဆောက်မယ် ဆိုပြီး နှစ်နိုင်ငံ သဘောတူလိုက်တဲ့ သမ္မတထရမ့်ရဲ့ ပင်လယ်ကွေ့ ဒေသ ခရီးစဉ် နောက်ဆုံးနေ့ အကြောင်း …. စတဲ့ ထိပ်တန်း နိုင်ငံတကာ သတင်းတွေကိုလည်း တင်ဆက်ပေးထားပါတယ်။
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
    https://bbc.in/36H8bsY
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
    https://bbc.in/2TSNLYZ
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://bbc.in/36EzLXM
    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 min
  • တူရကီဆွေးနွေးပွဲကို ရုရှားသမ္မတပူတင် ကိုယ်တိုင်မလာပဲ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်၊ ယူကရိန်းသမ္မတတော့ ရောက်ရှိလာ

    မေ လ ၁၅ ရက်၊ ကြာသပတေး ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်

    - လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေနဲ့ ဒေသတွင်းမှာ မြန်မာစစ်တပ်ကို လေယာဉ်ဆီ ရောင်းချတာနဲ့ လွှဲပြောင်းတာတွေကို တားမြစ်နိုင်ရေး အတွက် အရေးပေါ် အစီအမံတွေ ဆောင်ရွက်သင့်ပြီလို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (Fortify Rights) က တိုက်တွန်း
    - မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ အများစု ပါဝင်တဲ့ လူပေါင်း ၂၀ ကျော် စစ်ကိုင်းတိုင်းထဲက စာသင်ကျောင်း တစ်ခုမှာ အစုလိုက် အပြုံလိုက် သေဆုံးရသလို၊ ရခိုင်မှာ ဆိုရင်လည်း ၂ ရက်အတွင်း လူတွေ အနည်းဆုံး ဒါဇင်ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာခဲ့ အပြီး အခုလို ဆော်ဩမှုမျိုး ထွက်ပေါ်လာတာ ဖြစ်
    - ငလျင်ဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ ဒေသတွေ အပါအဝင်၊ နိုင်ငံတဝန်းမှာ လာမယ့်ဇွန်လ ၂ ရက်နေ့ ကျရင် အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာတော့ စာသင်ကျောင်းတွေ အနည်းနဲ့အများ ဆိုသလို ထိခိုက် ပျက်စီးထားတာတွေဟာ ထောင်နဲ့ချီ ရှိနေပါတယ်။ အဲဒီစာသင်ကျောင်းတွေကို ကျောင်းဖွင့်ချိန်အမီ ပြန်လည် ပြင်ဆင် တည်ဆောက်နိုင်မှာပါလား။ ငလျင်ကြောင့် စိတ်ပိုင်း ရုပ်ပိုင်း မလုံမခြုံ ဖြစ်နေရတဲ့ မိဘတွေ အနေနဲ့ သားသမီးတွေကို ကျောင်းလွှတ်ဖို့ အသင့်ရှိရဲ့လား …
    - ရန်ကုန်မြို့၊ သီလဝါ ဘက်စုံသုံး နိုင်ငံတကာဆိပ်ကမ်း စီမံကိန်းကနေ ဂျပန် ကုမ္ပဏီကြီး သုံးခု ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံထဲက နိုင်ငံရပ်ခြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို စောင့်ကြည့်နေတဲ့ Justice For Myanmar အဖွဲ့ က ထုတ်ပြန်ပါတယ်။ ဘယ် လုပ်ငန်းတွေ လုပ်နေတဲ့ ဂျပန် ကုမ္ပဏီတွေ ဘာ့ကြောင့် ထွက်ခွာကြတာပါလဲ …
    - အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ငလျင်ဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ မန္တလေးမြို့မှာ ငလျင် လှုပ် ခတ်ပြီး တစ်လကျော်ကြာတဲ့ အချိန်ထိ အသေးစား အလတ်စား စက်မှု၊ လက်မှု လုပ်ငန်းတွေ အားလုံး ထဲက ထက်ဝက်ကျော် ရပ်ဆိုင်းနေပြီး ပြန်လည်ထူထောင်ဖို့အတွက် လိုအပ်ချက်တွေ များတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ အမရပူရမြို့နယ်ကို ကြည့်ရင်လည်း နာမည်ကျော် ရိုးရာ ယက်ကန်း လုပ်ငန်းတချို့ပါ ပြန်လည် မလည်ပတ်နိုင်သေးတဲ့ အခြေအနေမျိုး ရှိနေပါတယ် … စတဲ့ ဘီဘီစီ သတင်းလွှာတွေနဲ့
    - မြန်မာနိုင်ငံ သမိုင်းမှာ ပုဂံခေတ် နောက်ပိုင်း နန်းစိုက်ခဲ့ကြတဲ့ စစ်ကိုင်း-အင်း၀- မန္တလေး ဒေသမှာ သမိုင်း၀င် အုတ်အဆောက်အအုံတွေ နည်းပါးတာဟာ ငလျင်ဘေးကို စိုးရိမ်လို့ မဆောက်ကြတာလား၊ ငလျင်ကြောင့် သမိုင်းဆိုင်ရာမှာ ဘယ်လို ထိခိုက်ခဲ့သလဲ၊ စစ်ကိုင်း-မန္တလေး ငလျင်တကြောက သမိုင်း၀င် အပျက်အစီး နေရာတွေကို သွားရောက် ကြည့်ရှုခဲ့တဲ့ သမိုင်းပါမောက္ခ ဦးနီတွတ်နဲ့ ဘီဘီစီ မေးမြန်းခန်းကိုလည်း တင်ဆက် ပေးထားပါတယ်။
    - ထိပ်တန်း နိုင်ငံတကာ သတင်းတွေမှာတော့ …. ယူကရိန်း သမ္မတ ဇလန်းစကီး တူရကီ နိုင်ငံ မြို့တော် အန်ကာရာကို ရောက်လာပါတယ်။ ရုရှားသမ္မတ ပူတင်ကတော့ တူရကီကို သူကိုယ်တိုင် လိုက်မလာပဲ သူ့ရဲ့ ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်လိုက်ပါတယ်။ ဒါဟာ မစ္စတာ ဇလန်စကီးနဲ့ လူချင်း တိုက်ရိုက်တွေ့ပြီး စကားပြောတာမျိုး မလုပ်ဖို့ ရုရှားသမ္မတက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လူစားထိုး အဖွဲ့က ဘာတွေကို ဘယ်လောက် ဆုံးဖြတ်နိုင်မလဲ ဆိုတာ မသိတဲ့ အတွက်၊ ယူကရိန်း အနေနဲ့လည်း ဘာဆက်လုပ်မလဲ ဆိုတာကို အိမ်ရှင် တူရကီ သမ္မတ ရာဂျစ် တိုင်ရိ(ပ) အာဒိုအန်နဲ့ သူ စကားပြောပြီးမှ ဆုံးဖြတ်မယ်လို့ အန်ကာရာကို အရောက်မှာပဲ သမ္မတ ဇလန်စကီးက ပြောပါတယ်။
    - အမေရိကန် သမ္မတ ထရမ့်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အကြီးဆုံး အမေရိကန် စစ်အခြေစိုက် စခန်း ဖြစ်တဲ့ အယ်လာဒိ(ဒ) Al Udeid လေတပ် စခန်းကို သွားရောက် ခဲ့ပြီ ဖြစ်ပါတယ်။ အယ်လာဒိ(ဒ) လေတပ်စခန်းဟာ ကာတာနိုင်ငံမြို့တော် ဒိုဟာရဲ့ အနောက်တောင်ဘက် သဲကန္တရမှာ အခြေစိုက် တည်ရှိပါတယ်။ သူ ဦးစားပေး ဆောင်ရွက်နေတဲ့ အရာတွေဟာ စစ်ပွဲတွေကို ချုပ်ငြိမ်းစေရေး ဖြစ်ပြီး၊ အသစ် အသစ်တွေ စတင်ဖို့ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က အဲဒီမှာ ရှိနေတဲ့ အမေရိကန် စစ်သားတွေကို ပြောပါတယ်။ သမ္မတ ထရမ့်ဟာ ပင်လယ်ကွေ့ ဒေသ နိုင်ငံတွေဆီ ၄ ရက်တာ ခရီးစဉ် လှည့်လည်နေတာ ဖြစ်ပါတယ်။ ဆော်ဒီကနေ ကာတာကို ရောက်လာခဲ့ပြီးတဲ့နောက်၊ ယူအေအီး နိုင်ငံဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။
    - ဂါဇာမှာ ရှိတဲ့ ဆေးရုံ အသိုင်းအဝိုင်း သတင်းရင်းမြစ်တွေ ရဲ့ အဆိုအရ၊ ဂါဇာနေရာ အနှံ့ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၆၂ ယောက် ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။အိုးအိမ်စွန့်ခွာ ထွက်ပြေး သူတွေ ယာယီ ခိုလှုံ နေထိုင်ရာ ခန်းယူနစ်မြို့ ဝန်းကျင်က နေရာတွေမှာပါ တိုက်ခိုက်ခံရတဲ့ ဖြစ်ပြီး၊ အဲဒီ နေရာတွေမှာ လူအများစု သေဆုံးခဲ့ရတာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
    https://bbc.in/36H8bsY
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
    https://bbc.in/2TSNLYZ
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://bbc.in/36EzLXM
    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 min
  • ဒီပဲယင်း အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှု အတွင်း ဒဏ်ရာ ရထားတဲ့ ကလေးငယ် ၂ ယောက် ထပ်မံ သေဆုံးသွား

    စာသင်ကျောင်းတွေ ဆိုတာ ဗုံးကြဲရမယ့် နေရာ မဟုတ်ဘူး၊ ကလေးသူငယ်တွေ အန္တရာယ်ကင်းကင်းနဲ့ ပညာသင်ကြားနိုင်စေဖို့ရာ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ ကြားကပဲ ကာကွယ် စောင့်ရှောက်ပေးရမယ့် နေရာ ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပြော၊ မြန်မာ အာဏာသိမ်း စစ်တပ်ကတော့ အိုးတိန်တွင်း ကို လေကြောင်းတိုက်ခိုက်မှု မလုပ်ခဲ့ဘူး ဆိုပြီး ငြင်းဆန်နေဆဲ ဖြစ်

    - စစ်တပ်ရဲ့ အပစ်ရပ် ထပ်တိုးကာလ တစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ နေ့စဥ်ဆက်တိုက် ပြုလုပ်နေပြီး ဒီတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း နှစ်ပတ်အတွင်း လူအယောက် ၈၀ ကျော် သေဆုံး၊ ၁၉၅ ယောက် ဒဏ်ရာရ၊ သဘာဝဘေးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ စစ်ကိုင်း ၊မန္တလေး အပါအဝင် ဒေသ ၆ ခုမှာ ဗုံးကြဲတာက အကြိမ်ရေ ၃၀ ရှိ
    - ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့တဲ့ ဗလီဝတ်ကျောင်းတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို မူရင်းအတိုင်းသာ ပြန်လည် ပြုပြင်ရမယ်ဆိုတဲ့ ကြေညာချက် နောက်ဆက်တွဲ စုစည်းမှု
    - ငလျင်ဒဏ် ခံခဲ့ရပြီးနောက် တွင်းရေ ၊ ကန်ရေတွေ နောက်ကျိ ၊ အရောင်ပြောင်း ကုန်ပြီး သုံးမရ ဖြစ်လာတာကြောင့် ငလျင်သင့် ဒေသတွေမှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရ၊ ရေအရင်းမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးအောင်မျိုးခိုင်နဲ့ ဘီဘီစီမေးမြန်းခန်းကိုလည်း နားဆင်ရဖို့ ရှိနေပါတယ်။
    - ထိပ်တန်း နိုင်ငံတကာ သတင်းတွေ အနေနဲ့ .... အမေရိကန်ပြည်ထောင်စုနဲ့ ဆီးရီးယား နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နှစ်ပေါင်း ၂၅ နှစ် ကျော် အတွင်း ပထမဆုံး အကြိမ်အနေနဲ့ တွေ့ဆုံ၊ ဆော်ဒီအာရေဗျ နိုင်ငံမြို့တော် ရီယာ့ဒ်မှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ရှိ ဆီးရီးယားကို ဦးဆောင်နေတဲ့ အာမက်ဒ် အယ်လ်-ရှာရားနဲ့ ရီယာ့ဒ်မှာ လျှပ်တပြက် တွေ့ဆုံခဲ့
    - ဆီးရီးယား အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုရော၊ အာမက်ဒ် အယ်လ်-ရှာရား အပေါ် ဒေါ်လာ ၁၀ သန်း ဆုငွေ ထုတ်ထားတာကိုပါ ထရမ့် ဖယ်ရှားပေး
    - အာမက်ဒ် အယ်လ်-ရှာရား ဟာ အယ်လ်ကိုင်အေးဒါး အဖွဲ့နဲ့ အဆက်အစပ်ရှိတဲ့ ဂျီဟာ့ဒ်ဝါဒီ လက်နက်ကိုင် တစ်ယောက် ဖြစ်ခဲ့ပြီး ဦးဆောင်တဲ့ အစ္စလာမ်မစ် လက်နက်ကိုင်တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဘရှား အယ်လ် အာဆတ် အစိုးရကို ဖယ်ရှားလို့ ဆီးရီးယားကို အုပ်ချုပ်နေတာ ဖြစ်
    - ဂါဇားဒေသမှာတော့ အစ္စရေးစစ်တပ်တွေဟာ တိုက်ခိုက်တာတွေကို ပို အရှိန်မြှင့်ပြီး ပြင်းပြင်းထန်ထန် ပြုလုပ်နေ၊ ဂါဇာမြောက်ပိုင်း မှာ ပြီးခဲ့တဲ့ ညက လူ အယောက် ၅၀ ကျော် သေဆုံးသွားတယ်လို့ မြေပြင်မှာ ကုသပေးနေတဲ့ ဆရာဝန်တွေက ပြော
    - ဗီယက်နမ် နိုင်ငံမှာ နာမည်ကြီး ကုန်ပစ္စည်း အမှတ် တံဆိပ်တွေကို အတုအပ လုပ်ပြီး ရောင်းဝယ် ဖောက်ကားနေကြတာကို ပိုပြီး ထိထိရောက်ရောက် နှိမ်နှင်းဖို့ ဝန်ကြီးချုပ် ဖမ်မင်ချင်က အမိန့်ထုတ်၊ ပစ္စည်းတုတွေ အွန်လိုင်းပေါ် အကြီးအကျယ် ရောင်းနေတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ဘာဖြစ်လို့ အရေးမယူ ရတာလဲ ဆိုပြီး ဗီယက်နမ် ဝန်ကြီးချုပ် မေးခွန်းထုတ်
    - အိန္ဒိယနဲ့ ပါကစ္စတန်ကြား အပစ်ရပ် သဘောတူပြီးတဲ့နောက် ၄ ရက် အကြာမှာ၊ အကျဉ်းသားလှဲလှယ်တာတွေ ပြုလုပ်၊ အိန္ဒိယက သူတို့ ဒီလဆန်းတုန်းက ဖမ်းဆီးထားတဲ့ ပါကစ္စတန် နိုင်ငံသား သစ်တောအုပ် တစ်ယောက်ကို ပြန်လွှတ်ပေး၊ အပြန်အလှန် အနေနဲ့ ပါကစ္စတန်ဘက်ကလည်း အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ယောက် သူတို့ ဘက်ခြမ်းထဲကို လွန်ခဲ့တဲ့ သီတင်း ၃ ပတ်တုန်းက မတော်တဆ ကျော်ပြီး ဝင်လာခဲ့စဉ် ဖမ်းမိထားတာကို လွှတ်ပေး .... စတဲ့ ထိပ်တန်း မြန်မာ သတင်းတွေ၊ နိုင်ငံတကာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။

    30 min
  • ဒီပဲယင်း အိုးထိန်းတွင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရလို့ အနည်းဆုံး လူ ၂၀ ကျော် သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

    မေ လ ၁၂ ရက်၊ တနင်္လာ ညချမ်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်

    - ဒီပဲယင်းနယ်ထဲက စာသင်ကျောင်း လေကြောင်းတိုက်ခံရလို့ ကလေးသူငယ်တွေ အပါအဝင် အများအပြား သေဆုံး ဒဏ်ရာရ
    - ကျောင်းဖွင့်တော့မှာမို့ စာသင်ကျောင်းတွေထဲ ယာယီ ခိုလှုံနေကြတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေ သင့်တော်ရာ သွားနေကြဖို့ အာဏာပိုင်တွေက ပြောနေတဲ့ အကြောင်း
    - ချင်းညီနောင် အဖွဲ့ဝင်တွေ ဖွဲ့မယ့် ချင်းတပ်မတော် ဆိုတာ ဘယ်လို ပုံစံမျိုးလဲ
    - ဆွစ်ဇာလန်မှာ ဆွေးနွေးကြတာကနေ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်မှု ဆိုင်ရာ သဘောတူညီချက်တွေရလာ၊ ရက် ၉၀ လျှော့ပေးထားမယ့် အပြန်အလှန် သွင်းကုန် စည်းကြပ်ခွန် နှူန်းထားတွေက ဘာလဲ
    - လာမယ့် ကြာသပတေးနေ့ တူရကီမှာ ယူကိန်းသမ္မတ ဇလန်စကီးနဲ့ လူချင်းတွေ့မယ်လို့ ရုရှား သမ္မတ ပူတင် ပြောလာတဲ့ သတင်း
    - ဖိလစ်ပိုင်မှာ သမ္မတ မားကို့စ်အငယ် ဘွန်ဘွန်မားကို့စ် နဲ့ သမ္မတဟောင်း ဒူတာတေးရဲ့သမီး လက်ရှိ ဒုသမ္မတ ဆာရာတို့ကြား အငြိုးအာဃာတတွေ ပြင်းထန်နေချိန် ကျင်းပတဲ့ ရွေးကောက်ပွဲ အကြောင်း၊ ဒေသန္တရ နေရာတွေ အပါအဝင် ဆီးနိတ် ၁၂ နေရာ အတွက်လည်း ပါတာကြောင့် အဲဒီ ဆီးနိတ် လစ်လပ် နေရာတွေမှာ ဘယ်သူ တွေ ရသွားမလဲ ဆိုတာ အရေးကြီးနေ၊ အကြောင်းကတော့ ဘွန်ဘွန်မားကို့စ်ကို သတ်မယ် ဖြတ်မယ် ပြောခဲ့တဲ့ ဆာရာဒူတာတေးကို ဒုသမ္မတ နေရာကနေ ဖယ်ရှားဖို့ရာ တရားဝင် စွပ်စွဲပြစ်တင်တာတွေကို ဆီးနိတ်မှာ ပြုလုပ်ဖို့ ရှိနေ
    - အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ဗြိတိသျှ စစ်သားတွေဟာ ဒဏ်ရာရထားပြီး လက်နက်လည်း ကိုင်ဆောင် မထားတဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေကို လက်ကိုတုပ် သတ်ဖြတ်ခဲ့ကြတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ စစ်သားဟောင်းတွေက ဘီဘီစီကို ပြော၊ အဲဒီလို မျက်မြင် အချက်အလက်တွေကို စစ်သားတွေ ကိုယ်တိုင် ပြန်ပြောလာတာ ပထမဆုံးဖြစ်၊ အဲဒီပုံစံမျိုးကို ၁၀ စုနှစ်ကျော် ပြုမူနေခဲ့ကြတယ်လို့လည်း ဆို၊ ၂၀၁၀ ကနေ နောက်ပိုင်း ၃ နှစ် အတွင်း ဗြိတိသျှ စစ်သားတွေ စစ်ရာဇဝတ်မှု မြောက်တာတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ အချက်ကို ဗြိတိန်မှာ စုံစမ်းတာတွေ ပြုလုပ်နေ၊ ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ စုံစမ်းမှုတွေ အပေါ် သူတို့ အပြည့်အဝ ထောက်ခံမှု ကူညီမှုတွေ လုပ်နေပြီး သက်သေရှိသူတွေ အနေနဲ့ စုံစမ်းစစ်ဆေးနေမှုတွေထဲမှာ လာရောက် ဆက်သွယ် ပါဝင်ကြဖို့ ပြောဆို၊
    -
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    -----
    ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။
    ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန်
    https://bbc.in/36H8bsY
    ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန်
    https://bbc.in/2TSNLYZ
    အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -
    https://bbc.in/36EzLXM
    #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 min

About ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

From the publisher's feed

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

Best of ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Ranked by our users in the last 21 days

More shows like ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

TED Talks Daily by TED

TED Talks Daily

10,920 Listeners

Global News Podcast by BBC World Service

Global News Podcast

7,568 Listeners

Newshour by BBC World Service

Newshour

1,038 Listeners

In Our Time by BBC Radio 4

In Our Time

5,507 Listeners

In Our Time: History by BBC Radio 4

In Our Time: History

1,872 Listeners

In Our Time: Philosophy by BBC Radio 4

In Our Time: Philosophy

866 Listeners

In Our Time: Culture by BBC Radio 4

In Our Time: Culture

606 Listeners

In Our Time: Science by BBC Radio 4

In Our Time: Science

724 Listeners

6 Minute English by BBC Radio

6 Minute English

1,813 Listeners

Learning English Conversations by BBC Radio

Learning English Conversations

1,027 Listeners

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ် by SBS

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

22 Listeners

Burmese News - NHK WORLD RADIO JAPAN by NHK WORLD-JAPAN

Burmese News - NHK WORLD RADIO JAPAN

30 Listeners

Doh Athan - Our Voice by Doh Athan - Our Voice

Doh Athan - Our Voice

17 Listeners

You're Dead to Me by BBC Radio 4

You're Dead to Me

3,216 Listeners

The Mratt Podcast by Mratt Kyaw Thu

The Mratt Podcast

163 Listeners

myanmarstory by myanmar story

myanmarstory

31 Listeners

K Sharing Audiobook by K Sharing Audiobook

K Sharing Audiobook

53 Listeners

စာဖတ်ပြမယ် - Myanmar Audiobook by Win Ei

စာဖတ်ပြမယ် - Myanmar Audiobook

85 Listeners

The Institute for Strategy and Policy – Myanmar by ISP-Myanmar

The Institute for Strategy and Policy – Myanmar

6 Listeners

The Irrawaddy Newscast - Burmese Edition by The Irrawaddy

The Irrawaddy Newscast - Burmese Edition

59 Listeners

စိုပြေ မပြောချင်ဘူး by RFA

စိုပြေ မပြောချင်ဘူး

2 Listeners

DVB News by Democratic Voice of Burma

DVB News

5 Listeners

Nya Pone Pyin - ညပုံပြင် by Thet Paing

Nya Pone Pyin - ညပုံပြင်

0 Listeners

ရင်အေးရာ by Aye Say Original

ရင်အေးရာ

0 Listeners