ဖရန်တီးယား မြန်မာက တင်ဆက်ပေးမယ့် ပြည်တွင်းရဲ့ ပထမဆုံးအပတ်စဉ် အွန်လိုင်း အသံလွှင့် အစီအစဉ် ဖြစ်တဲ့ ဒို့အသံ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မကတော့ ဇာနည်ပါ။
ဒီအစီအစဉ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး အကြောင်းအရာ တွေကို သိသာထင်ရှားအောင် တင်ဆက်ပေးနေတာပါ။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေက ဆိုးရွားတဲ့ နေရာတွေပါ။ ဒီနေရာတွေဟာ ယိုယွင်းနေပြီး လူအင်မတန်များပြားတဲ့အပြင် တစ်ခါတစ်ရံမှာလည်း အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။
အကျဉ်းထောင်တွေဟာ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ကျဉ်းကျပ်တဲ့ အနေအထား၊ ချို့တဲ့သော အစားအစာကျွေးမွေးပုံတွေက အကျဉ်းသားတွေအတွက် နာတာရှည်ကျန်းမာရေး ပြသာနာတွေ ရရှိလာပြီး ထောင်ကထွက်လာတဲ့ အချိန်မှာတောင် ပါသွားတတ်ပါတယ်။
ဒီတစ်ပတ်မှာတော့ အရင်က အကျဉ်းသားတွေအနေနဲ့သူတို့ရဲ့ ကျန်းမာရေးပြသာနာတွေအပေါ် ဘယ်လို ကုသမှုတွေ ရရှိခဲ့သလဲ ဆိုတာနဲ့ အခုလက်ရှိ အကျဉ်းထောင်မှာ ဘယ်လို အဆင့်မြှင့်တင်ပေးထားလဲ ဆိုတာကို ဒို့အသံက တင်ဆက်ပေးသွားမှာပါ။
Myanmar’s prisons are hostile places. They’re crumbling, overcrowded and prisoners sometime face violence and threats.
They’re also not very good for your health. Cramped conditions and poor diets leave many inmates suffering chronic health problems which continue long after they are released.
This week Doh Athan takes a look at how former prisoners with health problems are being cared for and what is being done to improve prison standards.